RangonNewsDaily:: November . 6 .2013
ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mak ဇာတ်ကားနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီး ဒါဗီကာ ဟော်နီနဲ့ မြန်မာနိုင်
ထိုင်းနိုင်ငံမှ နာမည်ကြီး Pee Mak ဇာတ်ကားနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသမီး ဒါဗီကာ ဟော်နီနဲ့ မြန်မာနိုင်
ငံမှ
အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်တို့ တွဲဖက်ပြီး
ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်ကူးဖို့ စီ
စဉ်ထားတဲ့အကြောင်း ADMA Media
Grop မှ ဒုတိယ ဥက္ကဌ ကိုဝေမင်းမောင်က နိုဝင်ဘာလ 4ရက်မှာ sunday journal
ကိုပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကြီးဟာ ADMA ရဲ့
ပထမဆုံး စီစဉ်ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးဖြစ်ပြီး၊အာရှရုပ်ရှင်လော
ကမှာ
ထိုးဖောက်ဖို့ ရည်ရွယ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Pee Mak မင်းသမီးနဲ့တွဲရိုက်ဖို့ စိုင်းစိုင်းခမ်းလှိုင်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းကိုလည်း `` ဒီမှာ ရှိတဲ့ မင်းသား
Pee Mak မင်းသမီးနဲ့တွဲရိုက်ဖို့ စိုင်းစိုင်းခမ်းလှိုင်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းကိုလည်း `` ဒီမှာ ရှိတဲ့ မင်းသား
တွေအားလုံးက
သူ့အရည်အချင်းနဲ့သူအားလုံး ရှိကြတယ်။
ကိုစိုင်းကိုရွေးဖြစ်တာကတော့ မြန်မာနိုင်ငံအနေအထားနဲ့ကြည့်ရင် အဆိုပိုင်းရော၊ သရုပ်ဆောင်ပိုင်းရော ပရိသတ်စိတ်ဝင်စားတဲ့သူ၊ အားပေးမှုများတဲ့သူဖြစ်သည်။ လူကြီးလူငယ်မရွေးလက်ခံကြတယ်။ မျက်နှာနဲ့ ခန္ဒာကိုယ်သွင်ပြင်အနေအထားအရလည်းPee Makမင်းသမီးနဲ့လိုက်ဖက်ညီနိုင်မယ် ထင်လို့ ရွေးချယ်ရိုက်

ကူးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်´´ လို့ ပြောပြပါတယ်။
အဲဒီဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှ နောက်ထပ်နာမည်ကျော်မင်းသားတစ်ဦးနဲ့ မြန်
အဲဒီဇာတ်ကားကြီးမှာ သရုပ်ဆောင်ဖို့အတွက် ထိုင်းနိုင်ငံမှ နောက်ထပ်နာမည်ကျော်မင်းသားတစ်ဦးနဲ့ မြန်
မာနိုင်ငံမှ မင်းသမီးလေးဦးကိုလည်း ထပ်မံရွေးချယ်သွားမယ်လို့သိရပါတယ်။
ရာဇ၀င်ဇာတ်လမ်းကိုနောက်ခံထားပြီး မင်းသမီးဖြစ်သူဟာအလောင်းမင်းဘုရားလက်ထက် မြန်မာနိုင်ငံကိုေ
ခေါ်ဆောင်ခြင်းခံရတဲ့ အဘွားရဲ့ အုတ်ဂူကို ကန်တော့ဖို့လာရောက်ရင်း ဧည့်လမ်းညွှန်ဖြစ်သူ စိုင်းစိုင်းခမ်း
လှိုင်နဲ့ တွေ့ဆုံခြင်းကို ဇာတ်အိမ်ဖွဲ့ရိုက်ကူးမယ့် ဒရမ်မာ အမျိုးအစား ဖြစ်တယ်လို့လည်း သိရပါတယ်။
သတင်း - သိမ်မွေ့
Sunday Journal , kolatt(PBDN)
RangonNewsDaily
သတင်း - သိမ်မွေ့
Sunday Journal , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment