Pages

Wednesday, November 6, 2013

ကမ္ဘာအေးစေတီတော်တွင် လုံခြုံရေးကင်မရာရှစ်လုံးတပ်ဆင်ထား

RangonNewsDaily:: November . 6 .2013
သီရိမင်္ဂလာကမ္ဘာအေးစေတီတော်ပေါ်တွင် လွန်ခဲ့သည့်နှစ်လကျော်ခန့်က လုံခြုံရေး ကင်မရာများကို စတင်တပ်ဆင်ခဲ့ပြီး ဘုရားဖူးများအတွက် ဘေးကင်းစိတ်ချမှုရှိစေကာ အေးချမ်းစွာဘုရားဖူးမြော်ခွင့်ရကြောင်း ဘုရားဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ပြည်ထောင်စု နေ့စဉ်သို့ပြောသည်။ ကမ္ဘာအေးစေတီတော်ပေါ်တွင် လုံခြုံရေးကင်မရာရှစ်လုံးကို နေရာအနှံ့ တပ်ဆင်ထားပြီး နံနက် ၅ နာရီမှ ၉ နာရီအထိ အဆက်မပြတ်စောင့်ကြည့်နေကြောင်းသိရသည်။ ''ဘုရားဖူးတွေရဲ့လုံခြုံရေးကို အမြဲတမ်းစောင့်ကြည့်နေပါတယ်။ အခုအချိန်ထိတော့ ပြဿနာအကြီးအကျယ်မပေါ်သေးပါဘူး။ ဘုရားဖူးတွေ ပစ္စည်းပျောက်တာမျိုးတချို့တော့ ရှိပါတယ်။ ဒါတွေကိုလဲ ဒီကင်မရာတွေရိုက်ထားတဲ့အတွက် ပြန်ကြည့်လို့ရတယ်။ ဘုရားဖူး တွေအနေနဲ့လဲ စိတ်ချလက်ချဘုရားဖူးနိုင်တာပေါ့''ဟု ဦးလှထွန်းကပြောသည်။

ထိုသို့ ကမ္ဘာအေးစေတီတော်ပေါ်တွင် လုံခြုံရေးကင်မရာများတပ်ဆင်ခြင်းမှာ ဗုဒ္ဓဂယာ၌ ပေါက်ကွဲမှုဖြစ်စဉ်အပြီးတွင် တပ်ဆင်ခြင်းဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

ကမ္ဘာအေးစေတီတော်သို့ ပြည်တွင်းဘုရားဖူးများအပြင် ပြည်ပမှနိုင်ငံခြားသားဘုရားဖူး ခရီးသွားများလည်း လာရောက်ဖူးမြော်သော စေတီတစ်ဆူဖြစ်သည်။ နေ့စဉ် ပြည်ပမှဘုရားဖူး ခရီးသွားဧည့်သည် ၁၅ဝ မှ ၃ဝဝ အထိ လာရောက်ဖူးမြော်ပြီး တစ်လလျှင် ၆ဝဝဝဝနီးပါး လာရောက်ကြောင်းသိရသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment