Pages

Wednesday, November 6, 2013

ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် လှေစီးမွတ်စလင်များအတွက် အမေရိကန်သံရုံး ၀မ်းနည်းကြောင်းဖော်ပြ

ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် လှေစီးမွတ်စလင်များအတွက် အမေရိကန်သံရုံး ၀မ်းနည်းကြောင်းဖော်ပြ
ပြည်တွင်း သတင်း
M-Media
နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၃
နိုဝင်ဘာ ၃ က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် လှေစီးမွတ်စလင်များအတွက် အမေရိကန်သံရုံး ၀မ်းနည်းကြောင်းဖော်ပြ
နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် မွတ်စလင် အယောက် ၇၀ တင်ဆောင် လာသော လှေကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၀မ်းနည်းကြောင်းဖြင့် ၄င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ ၌ ဖော်ပြခဲ့ပါသည်။ မြန်မာ ဘာသာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
နိုဝင်ဘာလ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းနေ မွတ်စလင် အယောက် ၇၀ နီးပါးစီးနင်း လိုက်ပါလာသည့် လှေမှာ ရခိုင်ကမ်းရိုးတန်းတွင် နစ်မြှုပ်သွားခဲ့ပါသည်။ ထို့သတင်းကြောင့် အမေရိ ကန်နိုင်ငံအနေဖြင့် နက်နက်နဲနဲ ၀မ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။ ရခိုင်ပြည်နယ် တွင်း နေ ထိုင်ကြသူ များ၏ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေများမှာ ထိခိုက် လွယ်နေသေး သည့် အတွက်လည်း ကျွန်ုပ်တို့ (အမေရိကန်နိုင်ငံ) မှ နက်ရှိုင်းစွာ စိုးရိမ်လျက် ရှိနေသေးကြောင်း (ဖော်ပြ အပ်ပါသည်။) ကျွန်ုပ်တို့အနေဖြင့် (မြန်မာ) အစိုးရအား ဒေသခံ အာဏာပိုင်များနှင့်သာမက လူသား ချင်းစာနာနားလည်မှုဖြင့် အကူအညီပေးနေသည့်အဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ပြီး အန္တရာယ်၏ (သားကောင်များဖြစ်ရန်) လွယ်ကူနေသည့် လူအများအား အကာအကွယ်ပေးရန်နှင့် ၄င်းတို့၏အခြေအနေအတွက် တာရှည်ခံမည့်အဖြေများကို အကောင်အ ထည်ဖော်ရန် တောင်းဆို အပ်ပါသည်။
Ref:U.S. Embassy Rangoon

RangonNewsDaily:: November . 6 .2013
နိုဝင်ဘာ ၃ ရက်နေ့က ရခိုင်ကမ်းရိုးတမ်းတွင်း နစ်မြှုပ်ခဲ့သည့် မွတ်စလင် အယောက် ၇၀ တင်ဆောင် လာ
သော လှေကိစ္စနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၀မ်းနည်းကြောင်းဖြင့် ၄င်းတို့၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ ၌ ဖော်ပြခဲ့ပါသည်။ မြန်မာ ဘာသာပြန်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုဝင်ဘာလ၃ ရက်နေ့တွင်ရခိုင်ပြည်နယ် မြောက်ဘက်ပိုင်းနေ မွတ်စလင် အယောက် ၇၀ နီးပါးစီးနင်း လိုက်
ပါလာသည့် လှေမှာ ရခိုင်ကမ်းရိုးတန်းတွင် နစ်မြှုပ်သွားခဲ့ပါသည်။ 
 
ထို့သတင်းကြောင့် အမေရိ ကန်နိုင်ငံအနေဖြင့် နက်နက်နဲနဲ ၀မ်းနည်းပါကြောင်း ဖော်ပြအပ်ပါသည်။ ရခိုင်
ပြည်နယ် တွင်း နေထိုင်ကြသူ များ၏ လူ့အခွင့်အရေးနှင့် လုံခြုံရေးအခြေအနေများမှာ ထိခိုက် လွယ်နေသေး
သည့် အတွက်လည်း ကျွန်ုပ်တို့ (အမေရိကန်နိုင်ငံ) မှ နက်ရှိုင်းစွာ စိုးရိမ်လျက် ရှိနေသေးကြောင်း (ဖော်ပြ အပ်ပါသည်။) 
 
ကျွန်ုပ်တို့အနေဖြင့် (မြန်မာ) အစိုးရအား ဒေသခံ အာဏာပိုင်များနှင့်သာမက လူသား ချင်းစာနာနားလည်မှု
ဖြင့်အကူအညီပေးနေသည့်အဖွဲအစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်ပြီး အန္တရာယ်၏ (သားကောင်များဖြစ်
ရန်)လွယ်ကူနေသည့်လူအများအား အကာအကွယ်ပေးရန်နှင့် ၄င်းတို့၏အခြေအနေအတွက် တာရှည်ခံမည့်
အဖြေများကို အကောင်အ ထည်ဖော်ရန် တောင်းဆို အပ်ပါသည်။

Ref:U.S. Embassy Rangoon

0 comments:

Post a Comment