Pages

Wednesday, November 6, 2013

CDMA 800 MHz တွေ အတွက် HTC Desire 600c

Photo: CDMA 800 MHz တွေ အတွက် HTC Desire 600c
Wednesday, November 6, 2013

CDMA 800 MHz အသုံးပြုတဲ့သူတွေအနေနဲ့ ဟန်းဆက်ရွေးချယ်ရာမှာ Huawei ပဲ အများဆုံးရှိနေပါတယ်။ တစ်ချို့က Huawei ကိုမကြိုက်ကြပါဘူး။ ဒါကြောင့် CDMA 800 MHz ကိုင်ဆောင်တဲ့ သူတွေအတွက် HTC ရဲ့ Desire 600c ဖုန်းအကြောင်း မိတ်ဆက်ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ ဒီဖုန်းဟာ CDMA သမားတွေ အတွက် မျက်စိကျစရာ အကောင်းဆုံးမို့လို့ စာရေးသူကိုယ်တိုင်လည်း လိုချင်နေတဲ့ HTC စမတ်ဖုန်းတစ်လုံးပါ။

နံပါတ်တစ် အားသာချက်ကတော့ ဒီဖုန်းဟာ မြန်မာပြည်အတွက် အတော်လေး အဆင်ပြေပါတယ်။ SIM ကဒ်နှစ်ခု (GSM, CDMA) ထည့်သွင်းနိုင်တဲ့ အဆင့်မြင့် စမတ်ဖုန်းဖြစ်ပြီး SIM နှစ်ခုကို တစ်ပြိုင်တည်း သုံးစွဲနိုင်မှာဖြစ်ပြီး ပုံစံကလည်း HTC One နဲ့ ဆင်တူနေပါတယ်။

၎.၅လက်မ အရွယ်မျက်နှာပြင် qHD တပ်ဆင်ထားတာဖြစ်ပြီး HTC ရဲ့ ထုံးစံအတိုင်း ရုပ်ထွက်ကတော့ ပြောစရာမလိုအောင် ကောင်းမွန်နေပါတယ်။ Qualcoomm ရဲ့ Snapdragon ချစ်ပ်နဲ့ CPU က 1.2GHz quad-core ပါ။ Run မယ့် OS က Android with ‘HTC Sense’ ဖြစ်ပြီး ထည့်သွင်းရမယ့် SIM ကဒ်တွေကတော့ micro-SIM တွေ ဖြစ်ပါတယ်။

အချက်အလက်တွေ သိုလှောင်ဖို့ ဖုန်းတွင်းမှတ်ဥာဏ် 8GB အပြင် microSD ကဒ်ထည့်နိုင်ပါသေးတယ်။ RAM 1GB စီစဉ်ထားကာ Wi-Fi, Bluetooth 4.0, NFC (Near Field Communication) စသဖြင့် Data Transfer လုပ်ဖို့ ထည့်သွင်းပေးထားပါသေးတယ်။

ကင်မရာ 8MP, ရှေ့ကင်မရာ 1.6MP နဲ့ Gallery မှာ Video Highlight, HTC Share စတဲ့ Features တွေအပြင် Living Gallery လို့ခေါ်တဲ့ ကိုယ်ရိုက်
လိုက်တဲ့ သက်မဲ့ဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှားနေသယောင် ဖန်တီးထားလို့
ရပါတယ်။ တပ်ဆင်ထားတဲ့ Battery က 1860 mAh နဲ့ ဖုန်းရဲ့ အလေးချိန်
ဟာ 127 ဂရမ်ဆိုတော့ တော်တော်ပေါ့ပါးတဲ့ စမတ်ဖုန်းတစ်လုံးပါ။

အချက်အလက်တွေ သိုလှောင်ဖို့၊ Backup လုပ်ဖို့ Dropbox 25GB ပမာဏ
ကိုလည်း ၂နှစ်သုံးစွဲခွင့် ပေးထားပါတယ်။ HTC One ရဲ့ Features တွေ
 တော်တော်များများလည်း ပါဝင်လျက်ရှိပါတယ်။ ဥပမာ Blink Feed, Boom Sound စသဖြင့်ပေါ့။

ဖုန်းရဲ့ စပီကာဟာ သာမန်စမတ်ဖုန်းတွေမှာလို ကျောဘက် အောက်ခြေမှာ ရှိတဲ့ပုံစံမျိုး မဟုတ်တော့ဘဲ ရှေ့မျက်နှာစာမှာတင် အပေါ်တစ်ခု အောက်
တစ်ခုနဲ့ စပီကာနှစ်ခု တပ်ဆင်ပေးထားတာပါ။ဒီလို ရှေ့မျက်နှာစာမှာ စပီကာနှစ်ခု စီစဉ်ပေးထားခြင်းကို Boom Sound လို့ခေါ်ပါသတဲ့။ အသံထွက်အရည်အသွေးလည်း အတော်လေး ကောင်းမွန်နေပါတယ်။

HTC One မှာတည်းက ပါဝင်ခဲ့တဲ့ Blink Feed ဆိုတာလည်း ဒီဖုန်းမှာ ပါဝင်လာပါတယ်။ ဒါဟာ သုံးစွဲသူတွေ အတွက် အရမ်းအသုံးဝင်တဲ့ Features တစ်ခုပါ။ ဖုန်းရဲ့ Home Screen မှာ သတင်းတွေ စဉ်ဆက်မပြတ် တက်နေပြီး သတင်းဋ္ဌာနတွေသာမက မိမိ Facebook ရဲ့ News Feed
 တွေကိုပါ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Facebook ကြည့်ဖို့၊ သတင်းတွေသိရဖို့၊ အားကစားပွဲရလဒ်တွေ ကြည့်ဖို့အတွက် App တွေ၊ Website တွေကို လျှောက်သွားနေစရာ မလိုတော့ဘဲ ဖုန်းရဲ့ Home Screen မှာတင် အားလုံးကို အချိန်နဲ့ တစ်ပြေးညီ ဖော်ပြပေးနေခြင်းကို ‘Blink Feed’ လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။ မိမိကြည့်ရှုလိုတဲ့ သတင်းဋ္ဌာနကိုလည်းစိတ်ကြိုက်ရွေးချယ်နိုင်ပြီး
 မြန်မာပြည်တွင်းမီဒီယာတွေကိုပါ HTC က ထည့်သွင်းပေးထားပါတယ်။

မြန်မာစာစနစ်အတွက်လည်း HTC Desire 600c မှာ Root ဖောက်စရာ
မလိုဘဲ သုံးနိုင်ပါတယ်။ မြန်မာစာတွေ ရေးတာ၊ ဖတ်တာသာမက ဖုန်းရဲ့ Setting တစ်ခုလုံးနဲ့ လုပ်ဆောင်ချက်တွေကိုပါ မြန်မာဘာသာစကား
 ဖြစ်အောင် ပြောင်းလဲပြင်ဆင်နိုင်ခြင်းက HTC ရဲ့ ထူးခြားမှု တစ်ခုပါ။
 မြန်မာပြည်တွင်းဈေးကွက်မှာ ဈေးနှုန်း ၃၅၀၀၀၀ ၀န်းကျင်ရှိပါတယ်။

Source: HTC
Kangyi ( Myanmar Consumer Guide)

RangonNewsDaily:: November . 6 .2013

Kangyi ( Myanmar Consumer Guide) , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment