Pages

Wednesday, November 6, 2013

စစ်တွေဆေးရုံကြီးရှိ မွတ်စလင် လူနာများကို ဒုက္ခသည် စခန်းသို့ပြန်ပို့

RangonNewsDaily:: November . 6 .2013
စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေ ဆေးရုံကြီးတွင် နိုင်ငံတကာ အန်ဂျီအို များ၏ အကူ အညီဖြင့် တက်ရောက်၍ ဆေးကုသမှု ခံယူနေသော မွတ်စလင် များကို ရခိုင် အစွန်းရောက် များက တုတ်၊ ဓါးများ ကိုင်ဆောင်၍ အကြမ်းဖက်ရန် ကြိုးစားသောကြောင့် လုံထိန်းများက ဒုက္ခသည် စခန်းများသို့ ပြန်လည် ပို့ဆောင် ခဲ့ကြောင်း သတင်း ရရှိ ပါသည်။
ရခိုင် အစွန်းရောက် များက ဆရာဝန် များကို မွတ်စလင် များအား ဆေးကုသ မပေးရန် ခြိမ်းခြောက် ပြောဆို ပြီးနောက်၊ ဆရာဝန်များက လူနာများ၏ လုံခြုံရေးကို တာဝန် မယူနိုင်ဟု ဆိုကာ ဆေးရုံမှ ဆင်းသွားရန် ညွန်ကြား ခဲ့ကြောင်း သိရှိ ရပါသည်။
::
ရဲများမှ မွတ်စလင် လူနာ ၁၀ ဦးနှင့် ၎င်းတို့ကို စောင့်ရှောက် နေသူ များကို မန်စီရှိ ဘော်ဒူဖ ဒုက္ခသည် စခန်းသို့ ပို့ဆောင် နေစဉ် အောင်မင်္ဂလာ ရပ်ကွက်တွင် တထောက်နား ခဲ့သည်။ ဒုက္ခသည် စခန်းသို့ ရောက်လျှင် အဆိုပါ လူနာများ ဆက်လက် ဆေးကုသရန် နည်းလမ်း မရှိတော့ကြောင်း သိရှိ ရပါသည်။
::
အောင်မင်္ဂလာ ရပ်ကွက်မှ မွတ်စလင် များက လူနာများကို မေးမြန်းရာ လူနာများက ၎င်းတို့ကို ဆေးရုံတွင် ဆေးကုသ မပေးဘဲ ပစ်ထားသည်မှာ ရက်ပေါင်း များစွာ ကြာမြင့် နေပြီ ဖြစ်ကြောင်း၊ အစားအစာ လည်း မရကြောင်း၊ နေ့စဉ် လဘက်ရည် နှစ်ခွက်နှင့် ကိတ်မုန့် နှစ်ချပ်သာ စားရကြောင်း ရင်ဖွင့်သည်ဟု အောင်မင်္ဂလာမှ ဒေသခံ များက ပြောပါသည်။
::
 လူနာတစ်ဦးက ၎င်းအနေဖြင့် အစားအစာ လုံးဝ မစားရသည်မှာ ၄ ရက် ရှိနေပြီ ဟုဆိုသည်။ အမျိုးသမီး အချို့မှာ ကလေး မွေးဖွားရန် တက်ရောက် ခဲ့ရခြင်း ဖြစ်ပြီး၊ ၎င်းတို့မှာ မွေးကင်းစ ကလေးငယ် များဖြင့် ဆေးရုံမှ ဆင်းလာရသည်။ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးမှာ မွေးတော့မည် ဆဲဆဲ ဖြစ်ပြီး၊ ၎င်းအား ဆေးကုသရန် အရေးပေါ် လိုအပ် လျက်ရှိသည်။
::
ဆေးရုံတွင် မွေးကင်းစ ကလေးငယ် သေဆုံးခြင်းနှင့် ပတ်သက်၍ RB News မှ မေးမြန်း ခဲ့ရာ - အောင်မင်္ဂလာမှ ဒေသခံ တစ်ဦးက ကလေးငယ် များသေဆုံးခြင်းမှာ စစ်တွေ ဆေးရုံကြီးတွင် မကြာခဏ ဖြစ်လေ့ ရှိကြောင်း၊ ၎င်းတို့မှ မွတ်စလင်များ ကလေး မွေးဖွားသည်ကို လုံးဝ မလိုလားကြောင်း ပြောကြား ခဲ့သည်။
::
စစ်တွေ ဆေးရုံမှ ဒုက္ခသည် စခန်းသို့ ပြန်လည် ပို့ဆောင် ခံရသူ များမှာ -

(၁) ဦးမိုဟာမတ် ရဖီခ် (ဘ) ဦးမိုဟာမတ် အီဆာခ် (အသက် ၃၇ နှစ်) စက်ရုံစု ရပ်ကွက်မှ (လူနာ)
(၂) ဒေါ်အမီနာ (ဘ) ဦးအဒူဇော်ဘော်ရ် (အသက် ၄၀ နှစ်) စက်ရုံစု ရပ်ကွက်မှ (လူနာ စောင့်ရှောက်သူ)
(၃) ဒေါ်ဟဆီနာ (ဘ) ဦးမိုဟာမတ် (အသက် ၃၅ နှစ်) သက္ကေပြင် ကျေးရွာမှ (လူနာ)
(၄) ဒေါ်ဆာရာ (ဘ) ဦးအစ္စလာမ် (အသက် ၂၅ နှစ်) သက္ကေပြင် ကျေးရွာမှ (လူနာ စောင့်ရှောက်သူ)
(၅) ဒေါ်ဂျနူရာ (ဘ) ဦးအီစွတ် ဂျလာလ် (အသက် ၂၁ နှစ်) ဒါးပိုင် ကျေးရွာမှ (လူနာ)
(၆) ဒေါ်ဟဇရာ ခါတူ (ဘ) ဦးအဘူလ် ကာစင်မ် (အသက် ၃၀ နှစ်) ဒါးပိုင် ကျေးရွာမှ (လူနာ စောင့်ရှောက်သူ)
(၇) ဒေါ်ဖရီဒါ ခါတူ (ဘ) ဦးအဒူနော်ဘီ (အသက် ၂၃ နှစ်) သဲချောင်း လတမ ကျေးရွာမှ (လူနာ)
(၈) ဒေါ်ဒီလ်ဒါရ် ဘေဂမ် (ဘ) ဦးမော်ဂုလ် အဟမတ် (အသက် ၃၅ နှစ်) သဲချောင်း လတမ ကျေးရွာမှ (လူနာ စောင့်ရှောက်သူ)
(၉) ဒေါ်စေမန်ခါတူ (ဘ) ဦးအလီ (အသက် ၆၀ နှစ်) သဲချောင်း ကျေးရွာမှ (လူနာ)
(၁၀) ဒေါ်ရေဟာနာ (ဘ) ဦးနဇီရ် အဟမတ် (အသက် ၁၉ နှစ်) သဲချောင်း ကျေးရွာမှ (လူနာ စောင့်ရှောက်သူ)
(၁၁) ဒေါ်ဆာဂျေဒါ ဘေဂမ် (ဘ) ဦးအီမာန် ဟူစိန်း (အသက် ၂၀ နှစ်) သဲချောင်း ကျေးရွာမှ (လူနာ)
(၁၂) ဒေါ်မောရမ် ခါတူ (ဘ) ဦးမိုဟာမတ် ယာစီးန် (အသက် ၄၈ နှစ်) သဲချောင်း ကျေးရွာမှ (လူနာ စောင့်ရှောက်သူ)
(၁၃) ဒေါ်နူရ်ဘေဂမ် (ဘ) ဦးနူရ် ဟူစိန်း (အသက် ၁၉ နှစ်) သက္ကေပြင် ကျေးရွာမှ (လူနာ)
(၁၄) ဒေါ်နူရ် အာရှာ (ဘ) ဦးအဒူရာမန် (အသက် ၄၀ နှစ်) သက္ကေပြင် ကျေးရွာမှ (လူနာ စောင့်ရှောက်သူ)
(၁၅) မိုဟာမတ် နူရူ (ဘ) ဦးအဒူရှကူရ် (အသက် ၉ နှစ်) သက္ကေပြင် ကျေးရွာမှ (လူနာ)
(၁၆) ဒေါ်အာဗေဒါ (ဘ) ဦးမိုဟာမတ် ရှဖီး (အသက် ၃၅ နှစ်) သက္ကေပြင် ကျေးရွာမှ (လူနာ စောင့်ရှောက်သူ)
(၁၇) ဒေါ်မိုနာစ် ဘေဂမ် (ဘ) ဦးဆယာဒ် အာလမ် (အသက် ၃၀ နှစ်) မင်းပြား မြို့နယ်မှ (လူနာ)
(၁၈) ဒေါ်ဘေဂမ် (ဘ) ဦးဆယာဒ် အာလမ် (အသက် ၂၅ နှစ်) မင်းပြား မြို့နယ်မှ (လူနာ စောင့်ရှောက်သူ)
(၁၉) မိုဟာမတ် ဂျူနိုက် (ဘ) ဦးအုမ္မာရ်မျာ (အသက် ၃ လ) ဦးရန်တ ရွာမှ (လူနာ)
(၂၀) ဒေါ်နူရ်ဘေဂမ် (ဘ) ဦးအဒူရာမန် (အသက် ၃၀ နှစ်) ဦးရန်တ ရွာမှ (လူနာ စောင့်ရှောက်သူ)
::
ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင် များကို စစ်တွေ ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသ ခွင့်ကို ကန့်သတ် ပိတ်ပင် ထားပြီး၊ စစ်တွေ ဆေးရုံကြီးတွင် မွတ်စလင် များအတွက် သီးသန့် အဆောင် တစ်ခု ရှိသည်ဟု သိရှိ ရသည်။ ရိုဟင်ဂျာ များကို တက်ရောက်ခွင့် ပိတ်ပင် ထားသည့်ကြောင့် နိုင်ငံတကာ အန်ဂျီအို များမှ အရေးပေါ် ကုသရန် လိုအပ်သူ များကို ဆေးကုသ ခွင့်ရရန် ကူညီ ဆောင်ရွက် ပေးနေရသည်။
::
ရခိုင် အစွန်းရောက် များက ထိုသို့ ကန့်သတ် ပိတ်ပင် ထားသည့် အတွက် နိုင်ငံတကာ အန်ဂျီအို များက အလေးပေး ဆောင်ရွက် နေရသည်ကို တဖက်တည်း ကိုသာ ကူညီနေသည်ဟု အမြင်မှားပြီး နိုင်ငံတကာ အန်ဂျီအို များကို အကြမ်းဖက်ရန် ကြိုးစား လျက်ရှိ ကြသည်။
::
 နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့မှ ပေါက်တော မြို့နယ်တွင် ရဲများ အကြမ်းဖက် ပစ်ခတ် ခြင်းကြောင့် ဒဏ်ရာ ရရှိ ခဲ့သည့် လူနာ များကို သယ်ယူ ပို့ဆောင် ပေးခဲ့ပြီး၊ အခြား အကြမ်းဖက်မှု တစ်ခုတွင် ဒဏ်ရာ ရသည့် ရခိုင် အမျိုးသမီး များကို သယ်ယူ ပို့ဆောင် မပေးဟု စွပ်စွဲခြင်းမှာ ယုံကြည်ရန် လွန်စွာ ခက်ခဲ လွန်းလှသည်။
::
 နိုင်ငံတကာ အန်ဂျီအို၊ ကြက်ခြေနီ အဖွဲ့ များ၏ ၀န်ထမ်း အများစုမှာ ရခိုင် လူမျိုး များနှင့် ဗမာ လူမျိုး များသာ ဖြစ်သည်။ ရခိုင် အစွန်းရောက် အဖွဲ့မှ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ရုံးကို အကြမ်းဖက် မီးရှို့ရန် ကြိုးစား ခဲ့သော်လည်း ရဲများ၏ လူစု ခွဲလိုက်မှုကြောင့် အကြံအစည် အထ မမြောက် ခဲ့ကြောင်း သိရှိ ရပါသည်။
::
စစ်တွေမြို့၊ မြောက်ရူပါ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးက မည်သည့် အန်ဂျီအို ကိုမှ အိမ်မငှားရန် ညွန်ကြားချက် ထုတ်ပြန် လိုက်ပြီး၊ ရခိုင် အများစု ကလည်း စစ်တွေ မြို့ရှိ အန်ဂျီအို များကို မောင်းထုတ်ရန် တောင်းဆို လျက်ရှိသည်။
::
ပေါက်တော မြို့နယ်တွင် သေဆုံး ခဲ့သည့် ရခိုင် အမျိုးသမီး အတွက် တရားခံ ဖော်ထုတ် ပေးရန် ဆိုကာ ရဲများမှ ဒေသခံ မွတ်စလင် များကို ရိုက်နှက်၍ ခြိမ်းခြောက် ခဲ့သည်။ ရခိုင် အမျိုးသမီးကို သတ်သည့် တရားခံကို မဖော် ထုတ်ဘဲ၊ မွတ်စလင် များမှ သတ်သည်ဟု စွပ်စွဲ၍ ရဲများက လက်နက် အားကိုးဖြင့် ရိုက်နှက် ခြိမ်းခြောက် ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၇ နှစ် အရွယ် ကိုနူရ် ကဘီရ်သည် အပြစ်မဲ့ တစ်ဦး ဖြစ်သော် ငြားလည်း၊ ဒေသခံ မွတ်စလင် များကို ခြိမ်းခြောက် ရိုက်နှက်၍ အကြမ်းဖက် ရန်ကြံစည် လာသည်ကို ထိန်းသိမ်းရန် ဟုဆိုကာ ၎င်းအား တရားခံ အဖြစ် ဖမ်းဆီး သွားရန် ရဲများကို ပန်ကြား၍ လိုက်သွား ခဲ့ကြောင်း သိရှိ ရပါသည်။

Thdalwin Thida (FB) ::--kolatt(PBDN)
RangonNewsDaily




See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment