Pages

Wednesday, November 6, 2013

ယာဉ်ပိုင်ရှင်များ လွဲမှားမှုမရှိစေရန် (၁၇) ယောက်စီးနှင့် အထက် ယာဉ်မှတ်ပုံတင်ခြင်း က.ည.န (ရွာသာကြီး) ၌ ဆောင်ရွက်ပေးမည်

RangonNewsDaily:: November . 6 .2013
ယာဉ်ပိုင်ရှင်များသည် မိမိတို့၏ ယာဉ်များကို မှတ်ပုံတင်ခြင်းကိစ္စရပ်များဆောင်ရွက်ရာတွင် လွဲမှားမှု မရှိစေ

ရန်နှင့် အလွယ်တကူဆောင် ရွက်နိုင်ရန်အတွက် လူစီးယာဉ်များနှင့် တစ်တန်အောက် မော် တော်ယာဉ်များ
ကိုကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (မြင်သာ)နှင့်သက် ဆိုင်ရာ မြို့နယ်ခရိုင်ရုံးများတွင် ပြုလုပ်
ပေးပြီး (၁၇) ယောက်စီးနှင့် အထက်ဘတ်စ် ကားများကိုမူ ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန (ရွာ
သာကြီး) တွင်ဆောင် ရွက်ပေးသွားမှာဖြစ်ကြောင်း သတင်းရရှိ သည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးမှ (၁၇) ယောက်စီး မော် တော်ယာဉ်ဘတ်စ်များကို ရွာသာ
ကြီး က. ည.န ၌ မှတ်ပုံတင်ခြင်းကိစ္စရပ်များဆောင် ရွက်ပေးရာတွင် (၁၇) ယောက်စီးအထက် ဘတ်စ်ကား
များအပြင်အရှေ့ပိုင်းခရိုင်၊အ နောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်ရှိအခြားသော နှစ်တန်အ
ထက် ယာဉ်များ၊ နောက်တွဲပါမော်တော် ယာဉ် ကြီးများနှင့် ယန္တရား ယာဉ်ကြီးများကို လည်း မှတ်ပုံတင်ခြင်း
လုပ်ငန်းများကို ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရှိရသည်။

တချို့သော မှတ်ပုံတင်မည့် ယာဉ် ပိုင်ရှင်များသည် မိမိ၏ယာဉ်အား မှတ်ပုံ တင်ခြင်းကို ဆောင်ရွက်ရာတွင် ရုံး

လွဲမှား ပြီးလာရောက်ခြင်းများမရှိစေရန်နှင့် ပြု လုပ်ရာတွင်လွယ်ကူမှုရှိစေရန်အတွက်ဤကဲ့သို့ ၁၇) ယောက်
စီးနှင့်အထက် ဘတ်စ် ကားများကို ရွာသာကြီး က.ည.န ရုံး၌ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရ သည်။ 

ရွာသာကြီး က.ည.န ရုံးတွင် ရန် ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များ၏ ယာဉ်မောင်းလိုင်စင် စစ်ဆေးပေးသည့် လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးမှာဖြစ် ကြောင်း သိရှိရသည်။

Auto World Journal ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment