ထုတ်လွှင့်နေတဲ့ K+ စလောင်းနဲ့ ဖမ်းစက်တွေ ရန်ကုန်
ဈေးကွက်ထဲ ၀င်ရောက်လာနေတယ်လို့ ဘားလမ်း
လျှပ်စစ်ပစ္စည်းအရောင်းဆိုင်တွေကနေ စုံစမ်းသိရပါတယ်။
ဒီ K+ စလောင်းစက်တွေဟာ အဓိကအားဖြင့် ဘောလုံးအပါအ၀င်
အားကစားလိုင်း ပေါင်းစုံ၊ HBO, AXN, Star Movie အပါအ၀င်
နိုင်ငံတကာ ရုပ်ရှင်လိုင်းတွေ၊ ဒစ္စကာဗာရီလို ဗဟုသုတ
ချန်နယ်တွေနဲ့ ဗီယက်နမ်ချန်နယ်တွေ လိုင်းစုစုပေါင်း ၁၄၀
နီးပါး ဖမ်းယူ ကြည့်ရှု့နိုင်ပါတယ်။
ကနဦး တပ်ဆင်ခ၊ စလောင်း၊ ဖမ်းစက်နဲ့ ၁ နှစ်စာ
ကြည့်ရှု့ခွင့်ဆိုရင် ကျပ် ၂ သိန်း ၇ သောင်း ကျပါတယ်။
နောက်ပိုင်း သက်တမ်းတိုးရင်တော့ ၁ နှစ်စာ ကျပ် ၁
သိန်းခွဲလောက်ပဲ ကျသင့်ပြီး ဒါဟာ ၁ လ ကျပ် ၁ သောင်း ၂
ထောင်ကျော်ပဲ ရှိပါတယ်။
လက်ရှိ ဈေးကွက်ထဲမှာ လိုင်းအားလုံး အခမဲ့ ဖမ်းယူ
ကြည့်ရှု့နိုင်တဲ့ ၈ ပေစလောင်းနဲ့ ဖမ်းစက်တွေ၊
ထိုင်းချယ်နယ်တွေနဲ့ ဒီဗွီဘီ ဖမ်းယူကြည့်ရှု့နိုင်တဲ့ ၂ ပေ
စလောင်းတွေကိုလည်း ၀ယ်ယူ ကြည့်ရှု့နိုင်ကြောင်း သိရပါတယ်။
DVB TV News , kolatt(PBDN)
RangonNewsDaily
RangonNewsDaily
0 comments:
Post a Comment