Pages

Friday, November 22, 2013

ယမန်နေ့ညပိုင်းက ပဋိပက္ခဖန်တီးလိုသည့် လူတစ်စု ရန်ကုန်နှင့် မန္တလေးမြို့ များတွင် ရန်စသည့်အပြုအမူများပြုလုပ်

RangonNewsDaily:: November . 22 .2013
ပဋိပက္ခဖန်တီးလိုသည့် လူတစ်စုက ရန်ကုန်နှင့် မန္တလေးမြို့ များတွင် ရန်စသည့်အပြုအမူများဖြင့် ဗလီဝတ်ေ
ကျာင်းတော်များကို ခဲဖြင့်လိုက်လံ ပစ်ပေါက်လျှက်ရှိသည်။ထိုဖြစ်စဉ်များမဖြစ်ပွားခင်အလျှင်ရခိုင်ပြည်နယ်
၌ ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်သည့် သတင်းများဖြင့် လူမျိုးရေး/ဘာသာရေးပဋိပက္ခများဖြစ်ပွားစေ
ရန် သတင်းမှားများ ဖွနေကြောင်းကိုလည်း အားလုံးသိရှိပြီးဖြစ်ပါလိမ့်မည်။ သင်္ကန်းကျွန်း ဇဝေရာ ဗလီကို ည၁၀နာရီခန့် တွင် ဘုန်းကြီးတစ်ဦးအပါအ၀င် ပြသနာရှာလိုသည့် လူနှစ်စုက ကားနှစ်စီးဖြင့်လာရောက်ပြသနာရှာခဲ့ကြောင်း သိရသည်။

အင်းစိန် ပေါက်တော ဒရ်ဂါဗလီကို ည၁၀နာရီကျော်ခန့် တွင် လူခြောက်ယောက်ခဲနဲ့ ထုပြီး ကမ်းနားဘက် ဆင်းပြေးသည်။ ထိုဖြစ်စဉ်တွင် ဗလီ မီးချောင်းများကွဲသွားခဲ့ပြီး ယခုအခါ လုံခြုံရေးအပြည့်အ၀ချထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။ (နောက်ဆုံးသတင်းအရ လူငါးဦးအားဖမ်းဆီးရမိကြောင်း သိရ)

မန္တလေး မြောက်ဆင်ကျုံးဗလီ ညနေ ၅း၃၀ နာရီခန့် (မဂ္ဂရိဗ်ပြီး) က ခဲဖြင့်ထုခဲ့သည့်အတွက်လည်း မှန်တစ်
ချက်ကွဲခဲ့သေးကြောင်း စုံစမ်းသိရှိရပါသည်။

မြေနီကုန်းသတင်းဗလီအားခဲနဲ့ ပေါက်သည်ဟူသည့် သတင်းများထွက်နေသော်လည်း မှားယွင်းကြောင်း
ရပ်ကွက်နေပြည်သူတစ်ဦးက သတင်းပေးပို့ ထားပါသည်။

ရန်ကုန်နှင့် မန္တလေးဖြစ်စဉ်အသီးသီးတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ လူစုခွဲပေးခဲ့ကြောင်းလည်း သိရသည်။

အားလုံး သတိထားစေလိုသည်၊ ပဋိပက္ခနှင့် အကြမ်းဖက်မှုများ မဖြစ်ပွားစေရန် အားလုံး တတ်နိုသည့်ဘက်မှ ပါဝင်ထိန်းသိမ်းကြရန် တိုက်တွန်းအပ်ပါသည်။

kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment