Pages

Friday, November 22, 2013

မြန်မာနိုင်ငံမှ လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းရှိ

Photo: လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းရှိ
Friday, November 22, 2013

အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) အဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်း ရှိကြောင်း ယင်းအဖွဲ့ချုပ်၏ စစ်ဆေးချက်ကို ကိုးကား၍ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

လေကြောင်းပိုင်း ဆိုင်ရာတွင် အားနည်းချက်များ ရှိသေးသဖြင့် ပျက်ကွက်မှု ရှိနိုင်သော်လည်း ပျက်ကွက်မှုသည် ကမ္ဘာက သတ်မှတ်သည့် ပျမ်းမျှ ပျက်ကွက်မှုနှုန်း ၄၁ ရာခိုင်နှုန်း အောက်တွင်သာ ရှိကြောင်း ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) က လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ကို လိုက်နာမှုရှိ မရှိ စစ်ဆေးခဲ့ရာ ပျက်ကွက်မှု ၄၀ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်တွင် ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ၎င်းကဆိုသည်။

လေကြောင်းပိုင်း ဆိုင်ရာနှင့် ပတ်သက်သည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ကို လိုက်နာမှုရှိ မရှိ စစ်ဆေးရာတွင် နယ်ပယ်ရှစ်ခုကို အဓိကထား စစ်ဆေးခြင်း ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန လေယာဉ် စက်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။

ICAO သည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပထမတစ်ကြိမ် လာရောက် စစ်ဆေးခဲ့ရာ လိုအပ်ချက်များ၊ ပြင်ဆင်ချက်များ ပြုလုပ်ရှိသဖြင့် ၂၀၁၃ ခုနှစ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ဒုတိယအကြိမ် လာရောက် စစ်ဆေးရာတွင် ယင်းသို့ ရာခိုင်နှုန်း လျော့ကျသော အဖြေထွက်ခဲ့ခြင်း ဖြစ်သည်။

The Voice Weekly

RangonNewsDaily:: November . 22 .2013
အပြည်ပြည်ဆိုင်ရာမြို့ပြ လေကြောင်းအဖွဲ့ချုပ်(ICAO)အဖွဲ့ဝင် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် လေကြောင်း
ဆိုင်ရာ စံချိန်စံညွှန်း ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်း ရှိကြောင်း ယင်းအဖွဲ့ချုပ်၏ စစ်ဆေးချက်ကို ကိုးကား၍ လေ
ကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ လေကြောင်းပိုင်း ဆိုင်ရာတွင် အားနည်းချက်များ ရှိသေးသဖြင့် ပျက်ကွက်မှု ရှိနိုင်သော်လည်း ပျက်ကွက်မှု
သည် ကမ္ဘာက သတ်မှတ်သည့် ပျမ်းမျှ ပျက်ကွက်မှုနှုန်း ၄၁ ရာခိုင်နှုန်း အောက်တွင်သာ ရှိကြောင်း ၎င်းက 
 ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က အပြည်ပြည်ဆိုင်ရာ မြို့ပြ လေကြောင်း အဖွဲ့ချုပ် (ICAO) က လေကြောင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ကို လိုက်နာမှုရှိ မရှိ စစ်ဆေးခဲ့ရာ ပျက်ကွက်မှု ၄၀ ရာခိုင်နှုန်း ရှိခဲ့
ပြီး ယခုနှစ်တွင် ပျက်ကွက်မှု ၃၁ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း ၎င်းကဆိုသည်။

လေကြောင်းပိုင်း ဆိုင်ရာနှင့် ပတ်သက်သည့် စံချိန်စံညွှန်း သတ်မှတ်ချက်များ (Annex) ကို လိုက်နာမှုရှိ မရှိ စစ်ဆေးရာတွင် နယ်ပယ်ရှစ်ခုကို အဓိကထား စစ်ဆေးခြင်း ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်
ကြားမှုဦးစီးဌာန လေယာဉ် စက်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးသန့်က ပြောကြားသည်။

ICAO သည် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ပထမတစ်ကြိမ် လာရောက် စစ်ဆေးခဲ့ရာ လိုအပ်ချက်များ၊ ပြင်ဆင်ချက်များ ပြုလုပ်ရှိသဖြင့် ၂၀၁၃ ခုနှစ်တွင် နိုဝင်ဘာလ ၆ ရက်နေ့က ဒုတိယအကြိမ် လာရောက် စစ်ဆေးရာတွင် ယင်းသို့ ရာခိုင်နှုန်း လျော့ကျသော အဖြေထွက်ခဲ့ခြင်း ဖြစ်သည်။

The Voice, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment