Pages

Friday, November 22, 2013

ကပ္ပလီပင်လယ်သို့ ရောက်ရှိလာမည့် လေဖိအားနည်းINVEST 92W ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ် လာမည်

ကပ္ပလီပင်လယ်သို့ ရောက်ရှိလာမည့် လေဖိအားနည်းINVEST 92W ဆိုင်ကလုန်းမုန်တိုင်းကြီး ဖြစ်
လာမည်


kolatt(PBDN): November . 22 .2013

92W သည် ကပ္ပလီပင်လယ်အတွင်း အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာ အမည်ရ SYSTEM 05B အဖြစ်သို့ ယနေ့ နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၆း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းပါသည်။
::
92W သည် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာလ ၂၃ ရက် ည ပိုင်းမှ စတင်၍ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမည်ဟု ခန့်မှန်းထားပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အန်ဒါမန်ကျွန်းမကြီးအား ခါးလယ်မှ ဖြတ်ကျော်တိုက်ခတ်၍ ဘင်္ဂလားပင်လယ်အော်သို့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် စတင်ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်၊ 

ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိပြီး ပိုမိုအားကောင်းလာကာ ယင်းနေ့ ည သန်းခေါင်ယံတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်းကိုလည်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် တွေ့ရပါသည်။
::
ယခုနောက်ဆုံးရရှိသည့် မော်ဒယ်ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ကမ်းခြေ၊ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်ကမ်းစပ်အား နိုဝင်ဘာလ ၂၇ ရက် နောက်ပိုင်းတွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၄-၂၅ ရက် ညပိုင်းမှစတင်၍ မြန်မာ့ကမ်းရိုးတန်းဒေသများ အားလုံး၌(အထူးသဖြင့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များတွင်) မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သည့် အန္တရာယ်ရှိကြောင်း တွေ့ရသဖြင့် ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ကြရန် အသိပေးတင်ပြအပ်ပါသည်။ 
::
မုန်တိုင်း ဗဟို လေတိုက်နှုန်းခန့်မှန်းချက် – 60 knots(တစ်နာရီ မိုင် ၇ဝ နှင့် အထက်) ရှိနိုင်ကြောင်း ကနဦးခန့်မှန်းချက်များမှ data များတွင် ဖေါ်ပြထားကြောင်း တွေ့ရပါသည်။

By Win Naing
MM Weather :;--

RangonNewsDaily:: November . 22 .2013
92W သည် ကပ္ပလီပင်လယ်အတွင်း အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိကာ အမည်ရ SYSTEM 05B အဖြစ်သို့ ယနေ့ နိုဝင်ဘာလ ၂၂ ရက် မြန်မာစံတော်ချိန် ၁၆း၃ဝ နာရီမှ နောက် ၂၄ နာရီအတွင်း ရောက်ရှိလာမည်ဟု ခန့်မှန်းပါသည်။::92W သည် ပိုမိုအားကောင်းလာပြီး နိုဝင်ဘာလ ၂၃ ရက် ည ပိုင်းမှ စတင်၍ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာမည်ဟု ခန့်မှန်းထားပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အန်ဒါမန်ကျွန်းမကြီးအား ခါးလယ်မှ ဖြတ်ကျော်တိုက်ခတ်၍ ဘင်္ဂလားပင်လယ်အော်သို့ နိုဝင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် စတင်ရောက်ရှိမည်ဟု ခန့်မှန်းထားပါသည်၊

ဘင်္ဂလားပင်လယ်အော်အတွင်းသို့ ရောက်ရှိပြီး ပိုမိုအားကောင်းလာကာ ယင်းနေ့ ည သန်းခေါင်ယံတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာနိုင်ပြီး အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်မည်ဖြစ်ကြောင်းကိုလည်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်တွင် တွေ့ရပါသည်။
::
ယခုနောက်ဆုံးရရှိသည့် မော်ဒယ်ခန့်မှန်းချက်များအရ အိန္ဒိယနိုင်ငံ ကမ်းခြေ၊ အန်ဒရာ ပရာဒက်ရှ်ပြည်နယ်ကမ်းစပ်အား နိုဝင်ဘာလ ၂၇ ရက် နောက်ပိုင်းတွင် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်ဖြင့် ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် နိုဝင်ဘာလ ၂၄-၂၅ ရက် ညပိုင်းမှစတင်၍ မြန်မာ့ကမ်းရိုးတန်းဒေသများ အားလုံး၌(အထူးသဖြင့် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့များတွင်) မိုးသက်လေပြင်းကျရောက်ပြီး လှိုင်းကြီးနိုင်သည့် အန္တရာယ်ရှိကြောင်း တွေ့ရသဖြင့် ကြိုတင်ပြင်ဆင် ရှောင်ရှားနိုင်ကြရန် အသိပေးတင်ပြအပ်ပါသည်။
::
မုန်တိုင်း ဗဟို လေတိုက်နှုန်းခန့်မှန်းချက် – 60 knots(တစ်နာရီ မိုင် ၇ဝ နှင့် အထက်) ရှိနိုင်ကြောင်း ကနဦးခန့်မှန်းချက်များမှ data များတွင် ဖေါ်ပြထားကြောင်း တွေ့ရပါသည်။

By Win Naing
MM Weather :;--  ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment