Pages

Friday, November 22, 2013

" စကား မပြောနိုင်တော့သည့် နယ်လ်ဆင်မန်ဒဲလား မိသားစုဝင်များအား မျက်နှာ အမူအရာဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု ဇနီးဟောင်း ကပြောကြား "

Photo: " စကား မပြောနိုင်တော့သည့် နယ်လ်ဆင်မန်ဒဲလား မိသားစုဝင်များအား မျက်နှာ အမူအရာဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု
ဇနီးဟောင်း ကပြောကြား "
Friday, November 22, 2013

အဆုတ်ရောဂါ ခံစားနေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန် ဒဲလားသည် ကျန်းမာရေး ချို့ယွင်း လာခြင်းကြောင့် မိသားစုဝင် များ ကို စကား မပြောနိုင်တော့ဘဲ အမူအယာ ဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု ၄င်း၏ ဇနီးဟောင်း ဝင်နီ မန်ဒဲလားက တောင် အာဖရိကနိုင်ငံတွင် ထုတ်ဝေ သည့် Independent သတင်းစာသို့ ပြောသည်။

ဂျိုဟန်နက်စဘတ်ရှိ နယ်လ်ဆင် မန်ဒဲလားနေအိမ် အိပ်ခန်းသည် အထူး ကြပ်မတ် ကုသဆောင်နှင့် အလား သဏ္ဌာန် တူနေပြီး ကျန်းမာရေး ကောင်းမွန် လာခြင်း မရှိသေးကြောင်း၊ ဆရာဝန် များက လိုအပ်သည့် ကုသမှု များကို လုပ် ဆောင်ပေးနေကြောင်း၊ စကား ပြန်ပြောလာနိုင်လိမ့်မည်ဟု မျှော်လင့် ထားကြ ကြောင်း ထပ်လောင်းပြောကြားသည်။

အသက် ၉၅ နှစ် အရွယ်ရှိ နယ်လ် ဆင်မန်ဒဲလား သည် ပြီးခဲ့သည့် ဇွန်လ ၈ ရက် ကတည်းက ပရီတိုးရီးယား ဆေးရုံ တွင် ကုသမှု ခံယူကာ စက်တင်ဘာ ၁ ရက် တွင်ဆေးရုံမှ ဆင်းလာခဲ့ပြီးနောက် နေအိမ်တွင် ဆေးကုသမှု ဆက်လက် ခံယူနေရသူဖြစ်သည်။

လူမျိုးရေး ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ နယ်လ်ဆင်မန်ဒဲ လား သည် လူထုရှေ့မှောက်သို့ နှစ်ပေါင်း များစွာကြာသည် အထိ မထွက်ပေါ်လာ နိုင်ခဲ့သော်လည်း ဒီမို ကရေစီ ပြယုဂ် တစ်ခုအဖြစ် သြဇာ ကြီးမားနေဆဲဖြစ် သည်။

ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရပြီး နောက် ၄ နှစ်အကြာ ၁၉၉၄ တွင် နိုင်ငံ ၏ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့သူ နယ်လ်ဆင်မန်ဒဲလား သည် ရော်ဘင် ကျွန်းတွင် အကျဉ်းကျ ခံခဲ့ရစဉ်က ရရှိခဲ့ သည့် အသက်ရှု လမ်းကြောင်းပိုင်း ဆိုင်ရာရောဂါကို ခံစားခဲ့ ရပြီးနောက် လက်ရှိ အချိန်တွင် အဆုတ်ရောဂါ ကို ရင်ဆိုင် အန်တုနေရ သူဖြစ်သည်။

Ref :CNN
Popular Myanmar News Journal

RangonNewsDaily:: November . 22 .2013
အဆုတ်ရောဂါ ခံစားနေရသည့် တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန် ဒဲလားသည် ကျန်းမာရေး ချို့ယွင်း လာခြင်းကြောင့် မိသားစုဝင် များ ကို စကား မပြောနိုင်တော့ဘဲ အမူအယာ ဖြင့်သာ ဆက်သွယ်နိုင်တော့သည်ဟု ၄င်း၏ ဇနီးဟောင်း ဝင်နီ မန်ဒဲလားက တောင် အာဖရိကနိုင်ငံတွင် ထုတ်ဝေ သည့် Independent သတင်းစာသို့ ပြောသည်။ ဂျိုဟန်နက်စဘတ်ရှိ နယ်လ်ဆင် မန်ဒဲလားနေအိမ် အိပ်ခန်းသည် အထူး ကြပ်မတ် ကုသဆောင်နှင့် အလား သဏ္ဌာန် တူနေပြီး ကျန်းမာရေး ကောင်းမွန် လာခြင်း မရှိသေးကြောင်း၊ ဆရာဝန် များက လိုအပ်သည့် ကုသမှု များကို လုပ် ဆောင်ပေးနေကြောင်း၊ စကား ပြန်ပြောလာနိုင်လိမ့်မည်ဟု မျှော်လင့် ထားကြ ကြောင်း ထပ်လောင်းပြောကြားသည်။

အသက် ၉၅ နှစ် အရွယ်ရှိ နယ်လ် ဆင်မန်ဒဲလား သည် ပြီးခဲ့သည့် ဇွန်လ ၈ ရက် ကတည်းက ပရီတိုးရီးယား ဆေးရုံ တွင် ကုသမှု ခံယူကာ စက်တင်ဘာ ၁ ရက် တွင်ဆေးရုံမှ ဆင်းလာခဲ့ပြီးနောက် နေအိမ်တွင် ဆေးကုသမှု ဆက်လက် ခံယူနေရသူဖြစ်သည်။

လူမျိုးရေး ခွဲခြားမှုကို ဦးဆောင် တိုက်ဖျက်ခဲ့သူ နယ်လ်ဆင်မန်ဒဲ လား သည် လူထုရှေ့မှောက်သို့ နှစ်ပေါင်း များစွာကြာသည် အထိ မထွက်ပေါ်လာ နိုင်ခဲ့သော်လည်း ဒီမို ကရေစီ ပြယုဂ် တစ်ခုအဖြစ် သြဇာ ကြီးမားနေဆဲဖြစ် သည်။

ထောင်ဒဏ် ၂၇ နှစ် ကျခံခဲ့ရပြီး နောက် ၄ နှစ်အကြာ ၁၉၉၄ တွင် နိုင်ငံ ၏ ပထမဆုံး လူမည်း သမ္မတ ဖြစ်လာခဲ့သူ နယ်လ်ဆင်မန်ဒဲလား သည် ရော်ဘင် ကျွန်းတွင် အကျဉ်းကျ ခံခဲ့ရစဉ်က ရရှိခဲ့ သည့် အသက်ရှု လမ်းကြောင်းပိုင်း ဆိုင်ရာရောဂါကို ခံစားခဲ့ ရပြီးနောက် လက်ရှိ အချိန်တွင် အဆုတ်ရောဂါ ကို ရင်ဆိုင် အန်တုနေရ သူဖြစ်သည်။

Ref :CNN
Popular Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment