Pages

Friday, November 22, 2013

ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ အတွင်း မူးယစ်ဆေးဝါးချက်လုပ် စခန်း လက်နက်များနှင့်အတူ ဖမ်းဆီးရမိ

Photo

RangonNewsDaily:: November . 22 .2013
ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ အတွင်း နယ်မြေခံ ပြည်သူများ၏ သတင်းပေး ချက်အရ နိုဝင်ဘာ ၁၉ရက်မှ စတင်၍ နယ်မြေခံတပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မူးယစ် ဆေးဝါး တားဆီး နှိမ်နင်းရေး ဌာနမှ ရဲတပ်ဖွဲ့ဝင်များ ပါဝင် သည့် ပူးပေါင်း အဖွဲ့သည် နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ နိုဝင်ဘာ ၂ဝရက် နေ့လယ်ချိန်တွင် မုံးစီး ကျေးရွာ အရှေ့တောင်ဘက် ၅မိုင်ခန့်အကွာ ခန့်မှန်း မြေပုံညွှန်း (MG -၄ဝ၅၁၃၇) တွင် အဖွဲ့(စိစစ်ဆဲ) အင် အား ၁ဝဦး ခန့်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၎င်းအဖွဲ့များသည် နေရာ အသီးသီးသို့ ဖြန့်ခွဲ ဆုတ်ခွာ သွားခဲ့ပါသည်။

ဆက်လက်၍ မုံးစီးကျေးရွာ အရှေ့ဘက် ၃မိုင်ခန့် ခန့်မှန်း မြေပုံညွှန်း (MG -၃၈၉၂၅၉) နေရာသို့ရောက်ရှိ အသေးစိတ် ရှင်းလင်း ဆောင်ရွက်ခဲ့ရာ ညနေ၆ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး ချက်လုပ်သည်ဟု ယူဆရသော စခန်းပုန်း တစ်ခုအား တွေ့ရှိသဖြင့် စနစ်တကျ ရှင်းလင်း ဖော်ထုတ်ခဲ့ရာ လူ ၁၁ဦးအား အရှင် ဖမ်းဆီး ရမိခဲ့ပြီး အသေးစိတ် ရှင်းလင်းခဲ့ရာ နှစ်ထပ်တိုက် အဆောက်အအုံ ၁လုံး၊ တစ်ထပ်တိုက် အဆောက်အအုံ ၁လုံး၊ သွပ်မိုး ထရံကာ လူနေ အဆောက်အအုံ ၁ လုံး၊ သွပ်မိုး ထမင်းချက်ဆောင် ၁လုံးနှင့် လူနေတန်းလျား ယာယီ အဆောက်အအုံ ၁လုံးတို့အား တွေ့ရှိခဲ့ပါသည်။

၎င်းအဆောက် အအုံများ အတွင်းမှ လက်နက်ငယ် မျိုးစုံ ၂၂လက်၊ ခဲယမ်းမျိုးစုံ ၈၉၇တောင့်၊ လက်ပစ်ဗုံး ၁၃လုံး၊ ဗုံးသီး ၂လုံး၊ ကျည်အိမ်မျိုးစုံ ၁၉ခု၊ ညကြည့် မှန်ပြောင်း ၁ခု၊ အသံတိတ် ကိရိယာ ၁ခု၊ စနိုက်ပါ မှန်ပြောင်း ၁ခု၊ မူးယစ် ဆေးဝါးများ ဖြစ်သည့် ဘိန်းဖြူ ၆ ဒသမ ၃ ကီလိုဂရမ်၊ ဘိန်းညို ၁၂ဒသမ ၇ကီလိုဂရမ်၊ ဘိန်းစိမ်း သုညဒသမ ၈ကီလိုဂရမ်၊ ဘိန်းဆီခဲ ၃ဒသမ ၁ကီလိုဂရမ်၊ ဆေးပြား ရိုက်ရန် ဖော်စပ်ထားသော အညိုရောင်မှုန့် ၄ဒသမ ၅ကီလိုဂရမ်၊ စိတ်ကြွဆေးပြား ၇၂ဝဝ ပြား၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့် ယာဉ်ငယ် ၁စီးတို့အား သိမ်းဆည်း ရမိခဲ့ပြီး ဖမ်းဆီးရမိ မူးယစ်ဆေးဝါး များ၏ စုစုပေါင်း တန်ဖိုးမှာ ၂၇၇ ဒသမ ၁သန်းခန့် ဖြစ်ကြောင်းနှင့် ဖမ်းဆီး ရမိသူများနှင့် ပတ်သက်၍ ဆက်လက် ဖော်ထုတ် စစ်ဆေးလျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment