Pages

Friday, November 22, 2013

မန်စီမြို့နယ်အတွင်း ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲများကြောင့် ဗီဂျေနမ်ဗီးယား အရေးပေါ်ကြေညာချက်ထုတ်

Photo: မန်စီမြို့နယ်အတွင်း ကေအိုင်အေ နှင့် တပ်မတော် တိုက်ပွဲများကြောင့် ဗီဂျေနမ်ဗီးယား အရေးပေါ်ကြေညာချက်ထုတ်
Thursday, November 21, 2013

မန်စီမြို့နယ် အတွင်း တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ကြောင့် စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံများသို့ ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယားက အရေးပေါ်ထုတ်ပြန် ကြေညာချက်တစ်စောင် အား နိုဝင်ဘာ ၁၇  ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။ ကုလသမဂ္ဂအနေဖြင့် မြန်မာအ စိုးရတပ်များနှင့် ကေအိုင်အေအပါအဝင်အခြားသော လက်နက်ကိုင်တပ် များအား နိုင်ငံတကာလူသားချင်းစာ နာထောက်ထားမှု ဥပဒေများ၊ လူ့အ ခွင့်အရေး နှင့် နိုင်ငံသား တို့၏သီးခြား လူ့အခွင့်အရေးများအား လေးစားလိုက် နာရန် တိုက်တွန်းထားပြီး လက်နက် ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများ အား စစ်ပွဲသားကောင် ဖြစ်စေခြင်းမှ ရှောင်ရှားနိုင်ရန် စစ်ပွဲအတွင်းလိုက် နာရမည့် စစ်စည်း ကမ်း ဥပဒေများ အား ကောင်းစွာသိရှိရမည်ဖြစ်ကြောင်း သတိ ပေး ပြောကြားထားသည်။

မန်စီမြို့နယ်အတွင်း နမ့်လင်းပါ ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက်တွင် ဖြစ်ပွားသောတိုက်ပွဲကြောင့် ယင်းကျေး ရွာမှဒေသခံများနှင့်  IDP  ၂၀၀၀ ကျော် ခန့် စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း ယင်းကျေးရွာသို့ ရိက္ခာ သွားရောက် ကူညီပေးခဲ့ သည့် ဗန်းမော်မြို့ နယ်က ကရုဏာဖောင်ဒေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ အစိုးရနှင့် ကေအိုင်အိုတို့ နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် နမ့် လင်းပါ ကျေးရွာဒေသခံများနှင့် IDP  ၂၃ဝဝခန့် ထိခိုက်မှု မရှိခဲ့ကြောင်း ယင်း IDP  များသည် ယခင်ဖြစ်ပွားခဲ့သည့် စစ်ပွဲများအား ရှောင်ရှားနိုင်ရန်အတွက် နေရာရွှေ့ပြောင်းခဲ့ရပြီး ယခုအခါ ဒုတိ ယအကြိမ်မြောက် ထွက်ပြေးတိမ်းရှောင် ခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

IDP များသည် ယင်းကျေးရွာ မှ ထွက်ပြေး တိမ်းရှောင်လျက်ရှိပြီး ကေအိုင်အေ ထိန်းချုပ်ထားသည့်နယ် မြေများအတွင်းရှိ လုံခြုံစိတ်ချရသော စခန်းများအား ရှာဖွေလျက်ရှိကြောင်း သိရသည်။ ကုလသမဂ္ဂအနေဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသော လက်နက်ကိုင် တပ်ဖွဲ့ နှစ်ဖွဲ့လုံး အနေဖြင့်  IDP  များအား ကူညီထောက်ပံ့ရန်အတွက်NGO အဖွဲ့အစည်းများ လာရောက်မှုအား ခွင့်ပြုရန်အတွက် အလေးအနက်ထား တောင်းဆိုကြောင်း ဖော်ပြထားသည်။

နမ့်လင်းပါ ကျေးရွာတွင် တိုက် ပွဲများ ဖြစ်ပွားနေခြင်းနှင့် ပတ်သက် ၍ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ''ဖြစ်တာကတော့ နမ့်လင်းပါဆိုတဲ့ IDP  စခန်းကို ကရု ဏာဖောင်ဒေးရှင်းကနေ ရိက္ခာအကူ အညီလာပေးတယ်။ လာပေးတဲ့ နောက် မှာ စစ်ကြောင်းတွေ ပါလာတယ်။ စစ် ကြောင်းတွေ ဝင်လာတဲ့အခါမှာ တိုက် ပွဲတွေဖြစ်တယ်။ အခုကတော့ ရွာ သားတွေ ထွက်ပြေးနေတယ်။ ကျွန် တော်တို့နဲ့ တပ်နဲ့က နီးကပ်နေတဲ့နေ ရာမှာ တိုက်ပွဲတွေက ဖြစ်လိုက်၊ ပြန် နားလိုက်ဖြစ် နေတယ်''ဟု နိုဝင်ဘာ ၁ရ ရက် ရန်ကုန်မြို့ Business Alliance Hotel  တွင်ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဒုက္ခသည်များ အနေဖြင့် အခြား IDP  စခန်းများအား ဘေးရန်ကင်းစွာ ဖြင့် ရွှေ့ပြောင်းနိုင်ရေးအတွက် ကာ ကွယ်စောင့်ရှောက်မှုများ၊ အစားအ စာနှင့် ရွက်ဖျင်တဲ၊ စောင်၊ အနွေး ထည်များ ရရှိနိုင်ရန်အတွက် အရေး ပေါ်လိုအပ်နေသည်ဟု သတ်မှတ် ကြောင်း ဖော်ပြပါရှိသည်။

ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယား
The Yangon Times
ကုလသမဂ္ဂ မြန်မာ နိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ ဗီဂျေနမ်ဗီးယား
RangonNewsDaily:: November . 22 .2013

The Yangon Times ,kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment