Pages

Tuesday, November 12, 2013

ကမ္ဘောဒီးယားတွင် ဆန္ဒပြမှုအဓိကရုဏ်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံး

Photo: ကမ္ဘောဒီးယားတွင် ဆန္ဒပြမှုအဓိကရုဏ်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံး
Tuesday, November 12, 2013

ကမ္ဘောဒီးယားနိုင်ငံတွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားသည်။

အထည်ချုပ်စက်ရုံ အလုပ်သမားက ဖနွမ်းပင်မြို့လယ်ရှိ ဝန်ကြီးချုပ်ဟွန်ဆန်၏ နေအိမ်သို့ စုရုံးချီတက်ကာ ၎င်းတို့၏ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေး ဆန္ဒပြခဲ့ကြသည်။ ယနေ့ ဆန္ဒပြမှုကို အာဏာပိုင်များက ရက်စက်စွာ ဖြိုခွင်းခဲ့ကြောင်း ဖနွမ်းပင်ရှိ လူ့အခွင့်အရေးအုပ်စုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဆန္ဒပြမှု အဓိကရုဏ်းအတွင်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၇၉ နှစ်အရွယ် အန်းဂ် ဆွတ်ခ်ဟွမ်ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့ အနေဖြင့် မီးသတ်ရေပိုက်များ အသုံးပြုကာ လူစုခွဲရန် ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ခတ်ပြီး ရဲကားတစ်စီးကို မီးတင်ရှို့ခဲ့ကြောင်း အာဏာပိုင်များက အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရာဘာကျည်ဆန်နှင့် မျက်ရည်ဗုံးများ အသုံးပြုခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်ကိုမူ အာဏာပိုင်များက အတည်မပြုခဲ့ချေ။

Planet Myanmar Network

RangonNewsDaily:: November . 12 .2013
ကမ္ဘောဒီးယားနိုင်ငံတွင် အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး အခြား လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားသည်။ အထည်ချုပ်စက်ရုံ အလုပ်သမားက ဖနွမ်းပင်မြို့လယ်ရှိ ဝန်ကြီးချုပ်ဟွန်ဆန်၏ နေအိမ်သို့ စုရုံးချီတက်ကာ ၎င်းတို့၏ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေး ဆန္ဒပြခဲ့ကြသည်။ ယနေ့ ဆန္ဒပြမှုကို အာဏာပိုင်များက ရက်စက်စွာ ဖြိုခွင်းခဲ့ကြောင်း ဖနွမ်းပင်ရှိ လူ့အခွင့်အရေးအုပ်စုမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဆန္ဒပြမှု အဓိကရုဏ်းအတွင်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၇၉ နှစ်အရွယ် အန်းဂ် ဆွတ်ခ်ဟွမ်ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များက ပြောကြားသည်။

လုံခြုံရေးတပ်ဖွဲ့ အနေဖြင့် မီးသတ်ရေပိုက်များ အသုံးပြုကာ လူစုခွဲရန် ဆောင်ရွက်ခဲ့ကြောင်းနှင့် ဆန္ဒပြသူများက ကျောက်ခဲများဖြင့် ပစ်ခတ်ပြီး ရဲကားတစ်စီးကို မီးတင်ရှို့ခဲ့ကြောင်း အာဏာပိုင်များက အစောပိုင်းတွင် ပြောကြားခဲ့သည်။ ရာဘာကျည်ဆန်နှင့် မျက်ရည်ဗုံးများ အသုံးပြုခဲ့ကြောင်း မျက်မြင်များ၏ ပြောကြားချက်ကိုမူ အာဏာပိုင်များက အတည်မပြုခဲ့ချေ။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment