Pages

Tuesday, November 12, 2013

ဖေ့စ်ဘုတ် လူထုဟစ်တိုင်နဲ့ သခင်လှကြိုင်

Photo: ဖေ့စ်ဘုတ် လူထုဟစ်တိုင်နဲ့ သခင်လှကြိုင် 
Tuesday, November 12, 2013

အင်တာနက် ဖေ့စ်ဘုတ် လူမှု ကွန်ရက်ရဲ့ အကျိုးကျေးဇူးဟာ လူသားတဦးရဲ့ ဘ၀ ကို ချိုးကွေ့ပြောင်းလဲ သွား စေပါတယ်။ 

ထင်ရှားတဲ့ သက်သေဖြစ်ရပ်တခုကတော့ ဒီရက်ပိုင်း လူမှု ကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ တချိန်က လွတ်လပ်ရေး မော်ကွန်ဝင် တော်လှန်ရေးသမား ဟောင်းကြီး သခင်လှကြိုင်တယောက် ပဲခူးမြို့ တံတားတခုပေါ်မှာ တောင်းရမ်းစားသောက်နေတာကို လူမှု အသိစိတ် ရှိတဲ့ လူတချို့က စတင်ဖော်ထုတ် ခဲ့ကြပါတယ်။ 

တန်ဘိုးသိ လူသားတွေက ဖေ့စ်ဘုတ်ပေါ်က တို့ဗမာ အစည်းအရုံးတံဆိပ်နဲ့ အတူ လွတ်လပ်ရေး မော်ကွန်း ၀င် သခင် လှကြိုင်အတွက် တတ်နိုင်တဲ့ ဘက်က ထောက်ပံ့ကူညီမှုတွေလုပ်နိုင်ဖို့ ဆော်သြ ကြတယ်။

စင်္ကာပူ၊ သြစတြေးလျ၊ အမေရိကား၊ ဂျပန်၊ ထိုင်း၊ မလေးရှား အစရှိတဲ့ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာ
တွေ က လည်း အလှူငွေ ကောက်ခံပြီး သခင်လှကြိုင်ဆီ ပံ့ပိုး ကူညီကြတယ်။
  
အင်တာနက် လူမှု ကွန်ရက် ဖေ့စ်ဘုတ် ပေါ်က သခင်လှကြိုင်အပေါ် လူ့အသိစိတ်နဲ့ ၀ိုင်းဝန်းဂရုဏာ သက်ကြ တာကို စစ်မှု ထမ်းဟောင်း အဖွဲ့ကြီးလည်း သိသွားပြီး ပဲခူးမြို့ စစ်မှု ထမ်းဟောင်းအဖွဲ့က တာဝန်ရှိ သူတွေက တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်လှကြိုင်ကို ခေါ်ယူတွေ့ဆုံကာ စားဝတ်နေရေး ကိစ္စ တာဝန်ယူဖို့ စီစဉ်နေကြပါပြီ။ 

သခင်လှကြိုင်ရဲ့ ဘ၀ တဆစ်ချိုး အပြောင်းအလဲဖြစ်စေခဲ့တဲ့ ခေတ်သစ် ဟစ်တိုင် ဖေ့စ်ဘုတ်လူမှု ကွန်ရက် စာမျက်နှာ တွေကို အကျိုးရှိရှိ အသုံးချတတ်ရင် ကျမတို့ မြန်မာတွေ အားလုံးမှီတင်းနေထိုင်ကြ တဲ့ 
မြန်မာနိုင်ငံတော်ရဲ့ ဘ၀ကြီး လည်း တဆစ်ချိုးပြောင်းလဲသွားနိုင်ပါတယ်လို့ ယုံကြည်မိပါတယ်။ 

အိမ့်သံစဉ် ~ 

ဧရာဝတီblog

 ဖေ့စ်ဘုတ်မှာပျံ့နေတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ ပဲခူးက ခေါ်ယူတွေ့ဆုံစဉ် သခင်လှကြိုင်

RangonNewsDaily:: November . 12 .2013
အင်တာနက် ဖေ့စ်ဘုတ် လူမှု ကွန်ရက်ရဲ့ အကျိုးကျေးဇူးဟာ လူသားတဦးရဲ့ ဘ၀ ကို ချိုးကွေ့ပြောင်းလဲ သွား စေပါတယ်။ ထင်ရှားတဲ့ သက်သေဖြစ်ရပ်တခုကတော့ ဒီရက်ပိုင်း လူမှု ကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာတွေပေါ်မှာ တချိန်က လွတ်လပ်ရေး မော်ကွန်ဝင် တော်လှန်ရေးသမား ဟောင်းကြီး သခင်လှကြိုင်တယောက် ပဲခူးမြို့ တံတားတခုပေါ်မှာ တောင်းရမ်းစားသောက်နေတာကို လူမှု အသိစိတ် ရှိတဲ့ လူတချို့က စတင်ဖော်ထုတ် ခဲ့ကြပါတယ်။

တန်ဘိုးသိ လူသားတွေက ဖေ့စ်ဘုတ်ပေါ်က တို့ဗမာ အစည်းအရုံးတံဆိပ်နဲ့ အတူ လွတ်လပ်ရေး မော်ကွန်း ၀င် သခင် လှကြိုင်အတွက် တတ်နိုင်တဲ့ ဘက်က ထောက်ပံ့ကူညီမှုတွေလုပ်နိုင်ဖို့ ဆော်သြ ကြတယ်။

စင်္ကာပူ၊ သြစတြေးလျ၊ အမေရိကား၊ ဂျပန်၊ ထိုင်း၊ မလေးရှား အစရှိတဲ့ နိုင်ငံတကာရောက်နေကြတဲ့ မြန်မာ
တွေ က လည်း အလှူငွေ ကောက်ခံပြီး သခင်လှကြိုင်ဆီ ပံ့ပိုး ကူညီကြတယ်။

အင်တာနက် လူမှု ကွန်ရက် ဖေ့စ်ဘုတ် ပေါ်က သခင်လှကြိုင်အပေါ် လူ့အသိစိတ်နဲ့ ၀ိုင်းဝန်းဂရုဏာ သက်ကြ တာကို စစ်မှု ထမ်းဟောင်း အဖွဲ့ကြီးလည်း သိသွားပြီး ပဲခူးမြို့ စစ်မှု ထမ်းဟောင်းအဖွဲ့က တာဝန်ရှိ သူတွေက တော်လှန်ရေး ရဲဘော်ဟောင်းကြီး သခင်လှကြိုင်ကို ခေါ်ယူတွေ့ဆုံကာ စားဝတ်နေရေး ကိစ္စ တာဝန်ယူဖို့ စီစဉ်နေကြပါပြီ။

သခင်လှကြိုင်ရဲ့ ဘ၀ တဆစ်ချိုး အပြောင်းအလဲဖြစ်စေခဲ့တဲ့ ခေတ်သစ် ဟစ်တိုင် ဖေ့စ်ဘုတ်လူမှု ကွန်ရက် စာမျက်နှာ တွေကို အကျိုးရှိရှိ အသုံးချတတ်ရင် ကျမတို့ မြန်မာတွေ အားလုံးမှီတင်းနေထိုင်ကြ တဲ့
မြန်မာနိုင်ငံတော်ရဲ့ ဘ၀ကြီး လည်း တဆစ်ချိုးပြောင်းလဲသွားနိုင်ပါတယ်လို့ ယုံကြည်မိပါတယ်။

အိမ့်သံစဉ် ~
ဧရာဝတီblog , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment