Pages

Tuesday, November 12, 2013

စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ

Photo: စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ 


kolatt(PBDN): November . 12 .2013

ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာ သိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော မြေကွက်များနှင့် ပတ်သက် ၍ဆန္ဒ ထုတ်ဖော်မှုအား (၇) ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
::
ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဦးဆောင်သူ ဦးမြင့်အောင်က “ တစ်အချက်က သက်ဆိုင်ရာဌာအဆင့်ကို စာတင်တယ်၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်တယ်။ အဲ့တာကိုအရေးယူ ဆောင် ရွှက်ခြင်းမရှိလို့ ၊ နှစ်အချက်ကတော့ ကျွန်တော်တို့ နဲ့ ညှိနှိုင်းပွဲတွေ လုပ်တယ်။ ဒါပေမယ့် ညွှန်မှုး တွေညွှန်ချုပ်တွေက အလုပ်မလုပ်လို့ ၊ သုံးအချက်ကတော့ လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေး ရေးကော်မတီက တားမြစ်စာ ထုတ်ထားတာကို ဆက်လုပ်တာ ကိုမကျေလို့  ဆန္ဒထုတ်ဖော်တာဖြစ်တယ် ”ဟုဆိုသည်။
::
သက်ဆိုင်အစိုးရဌာနအနေဖြင့် ပြည်သူများ၏ထိခိုက်နစ်နာမှုများအား ဆောင်ရွှက်ပေးခြင်းမရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါကိုမှမဆောင် ပေးသေးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့  လူစည်ကားရာ နေရာဖြစ်တဲ့ ဆူးလေမှာသပိတ်စခန်း ဖွင့်သွားဖို့ ရှိပါတယ်။ 

လာမယ့် ဆီးဂိမ်းမှာတော့ ဆန္ဒပြတာတွေကို လုပ်မှာမဟုတ်ပါဘူး။ ကိုယ်မြန်မာနိုင်ငံဂုဏ်သိက္ခာ ကျမှာစိုးလို့ ပါ”ဟု ဦးမြင့်အောင်က ပြောသည်။
::
ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာသိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေကွက်များထဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲစည်းမှအလုပ်သမားအရေး ဆောင်ရွက် ပေးနေသူ မသက်သက်အောင်၏ မိဘဘိုးဘွားပိုင်မြေများ အသိမ်းခံရသည့်အထဲတွင် ပါရှိကြောင်းလည်း မသက်သက်အောင်ထံမှ သိရသည်။

The Myanma Age::-- 

See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 12 .2013
ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာ သိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသော မြေကွက်များနှင့် ပတ်သက် ၍ဆန္ဒ ထုတ်ဖော်မှုအား (၇) ကြိမ်မြောက်အဖြစ် နိုဝင်ဘာလ ၁၂ ရက်နေ့ က ဗိုလ်ချုပ်လမ်းရှိ အိုးအိမ်ရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သက်၍ ဦးဆောင်သူ ဦးမြင့်အောင်က “ တစ်အချက်က သက်ဆိုင်ရာဌာအဆင့်ကို စာတင်တယ်၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်တယ်။ အဲ့တာကိုအရေးယူ ဆောင် ရွှက်ခြင်းမရှိလို့ ၊ နှစ်အချက်ကတော့ ကျွန်တော်တို့ နဲ့ ညှိနှိုင်းပွဲတွေ လုပ်တယ်။ ဒါပေမယ့် ညွှန်မှုး တွေညွှန်ချုပ်တွေက အလုပ်မလုပ်လို့ ၊ သုံးအချက်ကတော့ လယ်ယာမြေနဲ့ အခြားမြေများစုံစမ်း စစ်ဆေး ရေးကော်မတီက တားမြစ်စာ ထုတ်ထားတာကို ဆက်လုပ်တာ ကိုမကျေလို့  ဆန္ဒထုတ်ဖော်တာဖြစ်တယ် ”ဟုဆိုသည်။
::
သက်ဆိုင်အစိုးရဌာနအနေဖြင့် ပြည်သူများ၏ထိခိုက်နစ်နာမှုများအား ဆောင်ရွှက်ပေးခြင်းမရှိပါက ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါကိုမှမဆောင် ပေးသေးဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့  လူစည်ကားရာ နေရာဖြစ်တဲ့ ဆူးလေမှာသပိတ်စခန်း ဖွင့်သွားဖို့ ရှိပါတယ်။

လာမယ့် ဆီးဂိမ်းမှာတော့ ဆန္ဒပြတာတွေကို လုပ်မှာမဟုတ်ပါဘူး။ ကိုယ်မြန်မာနိုင်ငံဂုဏ်သိက္ခာ ကျမှာစိုးလို့ ပါ”ဟု ဦးမြင့်အောင်က ပြောသည်။
::
ဗိုလ်တစ်ထောက် မြို့နယ် အမှတ် (၃) ရပ်ကွက်ရှိ စစ်ထောက်ချုပ်ရုံးမှ တပ်မြေဟုဆိုကာသိမ်းဆည်းထားသော အနှစ်(၉၀) ဂရန်ရှိ ဘိုးဘွားပိုင်မြေများနှင့် အိုးအိမ်ဦးစီးဌာနမှ သိမ်းဆည်းထားသည့် မြေကွက်များထဲတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲစည်းမှအလုပ်သမားအရေး ဆောင်ရွက် ပေးနေသူ မသက်သက်အောင်၏ မိဘဘိုးဘွားပိုင်မြေများ အသိမ်းခံရသည့်အထဲတွင် ပါရှိကြောင်းလည်း မသက်သက်အောင်ထံမှ သိရသည်။

The Myanma Age::--  kolatt(PBDN)
RangonNewsDaily
 
Photo: စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ
စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ
Photo: စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ
စစ်ထောက်ချုပ်ရုံးမှသိမ်းထားသောမြေနှင့်ပတ်သက်၍အိုးအိမ်ရှေ့၌ဆန္ဒပြ

See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment