Pages

Tuesday, November 12, 2013

" ကလေး သရုပ်ဆောင် အဖြစ်ကနေ အဆိုတော်လုပ်ဖို့ စီစဉ်နေသူ အိစိကွေး "

Photo: " ကလေး သရုပ်ဆောင် အဖြစ်ကနေ အဆိုတော်လုပ်ဖို့
စီစဉ်နေသူ အိစိကွေး "
Tuesday, November 12, 2013

ကလေး သရုပ်ဆောင်လုပ်ရာမှာ ပီပြင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရရှိထားတဲ့ အိစိကွေးက ရုပ်ရှင်သရုပ်ဆောင် အနုပညာအပြင် ဂီတဘက်ကို ခြေဦးလှည့်လာကာ အဆိုတော်ကောင်းတစ်ယောက် ဖြစ်ချင်ကြောင်း ပြောပြလာပါတယ်။ ခုနစ်တန်း ကျောင်းသား အိစိကွေးက ဂီတအနုပညာ အပေါ် ခုံမင် မြတ်နိုးတဲ့ သူ့ စိတ်ခံစားချက်ကိုမေးကြည့်တော့

“ပရီမိုသင်တန်းမှာ သင်တန်းတက်တယ်။ အခုအခွေ လုပ်ဖို့ သီချင်း ငါးပုဒ်လောက် ဆိုပြီးပြီ။ သင်တန်းက သူငယ်ချင်းတွေ နဲ့ စုပြီး လုပ်တာပါ။ စုစုပေါင်း သီချင်း ၁၃ ပုဒ်လောက်ပါမယ်” လို့ ပြောပြ ခဲ့ပါတယ်။ ဂီတကို ဝါသနာပါတယ် ဆိုတော့ ပရော် ဖက်ရှင်နယ် ကျကျ လုပ်သွားမှာလားလို့ မေးကြည့်တော့

“ငယ်ငယ် ကတည်းက ဝါသနာပါတယ်။ ရုပ်ရှင်ကျတော့ ငယ်ငယ်ကတည်းက လုပ်လာတာ။ သီချင်းကိုတော့ ကျွန်တော် အနေနဲ့ ပရော်ဖက်ရှင်နယ် ကျကျ လုပ်ဖြစ်သွားမှာပါ။ သီချင်းဘက်မှာ အလုပ်များသလို၊ သရုပ်ဆောင် ဘက်ကိုလည်း ကမ်းလှမ်း လာရင်လုပ်မယ်။ အခက်အခဲ ကတော့ အခုထိ ကြီးကြီးမားမား မတွေ့သေးပေ မယ့် ကြိုးစားလုပ် ဆောင်သွားမှာပါ” လို့ပြောပြခဲ့ပါတယ်။

တစ်နေ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆို တစ်ကိုယ်တော်ခွေ တစ်ခွေ ဖြစ်လာအောင် လုပ်မယ်လို့ အားခဲတာ မျိုးကော ရှိ လား လို့မေးကြည့်တော့

“ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုတာလည်း တအား စိတ်ဝင်စားတယ်။ အခုကိုယ်တိုင် ရေးနိုင်ဖို့နုတ်(စ်)တွေ သင်နေပါတယ် ။နောက်ပိုင်း ကိုယ် တိုင်ရေးဆို တစ်ကိုယ်တော်ခွေ ထွက်နိုင်အောင် ကြိုးစားသွားမှာပါ” လို့ပြောပါတယ်။ အိစိကွေးက လတ်တလော မှာ ဒါရိုက်တာ မီးပွား ရိုက်ကူးတဲ့ သံယောဇဉ် အနမ်း နှလုံးသားဗဟို” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေ
ပါတယ်။

ထူးထူး
Popular Journal

RangonNewsDaily:: November . 12 .2013

Popular Journal , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment