Pages

Tuesday, November 12, 2013

ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမား သောင်းချီ အလုပ်လက်မဲ့ဖြစ်နေ

Photo: ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမား သောင်းချီ အလုပ်လက်မဲ့ဖြစ်နေ 
Tuesday, November 12, 2013

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ကာ သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရှင်က အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမားသောင်းချီ အလုပ်လက်မဲ့ ဖြစ်နေကြောင်း ထိုင်းအခြေစိုက် အလုပ်သမား အခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်ချက်အရ သိရသည်။ ဗီဇာသက်တမ်း ကုန်ဆုံးမှု၏ နောက်ဆက်တွဲ ပြဿနာအနေဖြင့် ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိရာ စမွတ် စခွန်၊ နွန်ထဘူရီ၊ ချွန်ဘူရီနှင့် ဗန်ကောက်မြို့တို့တွင် ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ ထိုင်းပွဲစားများမှ အလုပ်သမား တစ်ဦးလျှင် ဘတ် ၃၅၀၀မှ ၅၀၀၀ ကြား လိမ်လည်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။ ထို့ပြင် ပွဲစားများ အနေဖြင့် ပွဲစားများထံ ဆက်သွယ်၍ ဗီဇာသက်တမ်း တိုးခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်မှု အတွက် တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ပေးဆောင် ရမည်ဟုဆိုကာ ကြိုတင်တောင်းခံမှုများ ရှိနေကြောင်း သိရသည်။ နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့သည့် ယာယီနိုင်ငံကူး လက်မှတ်နှင့် ဗီဇာရရှိထား သူများသည် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်သွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ ယင်းအလုပ်သမားများ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရအနေဖြင့် အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။ ထို့ကြောင့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ အဆိုပါ အလုပ်သမားများနှင့် ပတ်သက်၍ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံ အတွင်းရှိ စခန်းများတွင်သာ ပြုလုပ်ပေးရန်၊ Over Stay ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမာများကို သတ်မှတ်ထားသည့် ဒဏ်ကြေး (တစ်ရက်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် ဘတ် ၂၀၀၀၀ ထက် ပိုမိုကောက်ခံခြင်း မပြုရန်) ဗီဇာသက်တမ်း လေးနှစ်ပြည့် အလုပ်သမားများ အတွက် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များနှင့် ကုန်ကျစရိတ်များကို တိကျစွာ ထုတ်ပြန်ပေးရန်တို့ကို နိုဝင်ဘာ ၁၁ ရက်တွင် တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။ မြန်မာအစိုးရ အနေဖြင့် ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူး လက်မှတ်တွင် အ၀င်အထွက် ပြရုံဖြင့် ထိုင်းတွင် ဆက်လက် လုပ်ကိုင်ခွင့်ရရန် မကြာသေးမီက ထိုင်းအစိုးရနှင့် သဘောတူညီမှု ရခဲ့သည်ဟု သိရသည်။ (မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံရှိ ညဈေးတန်း တစ်ခုအား တွေ့ရစဉ်)
(မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံရှိ ညဈေးတန်း တစ်ခုအား တွေ့ရစဉ်)
RangonNewsDaily:: November . 12 .2013
ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်း လေးနှစ်ပြည့်ကာ သက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို အလုပ်ရှင်က အလုပ်ရပ်ဆိုင်း ထားမှုကြောင့် အလုပ်သမားသောင်းချီ အလုပ်လက်မဲ့ ဖြစ်နေကြောင်း ထိုင်းအခြေစိုက် အလုပ်သမား အခြေပြု အဖွဲ့အစည်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် ထုတ်ပြန်ချက်အရ သိရသည်။ 
 
ဗီဇာသက်တမ်း ကုန်ဆုံးမှု၏ နောက်ဆက်တွဲ ပြဿနာအနေဖြင့် ထိုင်းနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား အများဆုံးရှိရာ စမွတ် စခွန်၊ နွန်ထဘူရီ၊ ချွန်ဘူရီနှင့် ဗန်ကောက်မြို့တို့တွင် ဗီဇာသက်တမ်း တိုးပေးမည်ဟု ဆိုကာ ထိုင်းပွဲစားများမှ အလုပ်သမား တစ်ဦးလျှင် ဘတ် ၃၅၀၀မှ ၅၀၀၀ ကြား လိမ်လည်မှုများ ဖြစ်ပွားနေသည်ဟု သိရသည်။ 
 
ထို့ပြင် ပွဲစားများ အနေဖြင့် ပွဲစားများထံ ဆက်သွယ်၍ ဗီဇာသက်တမ်း တိုးခြင်းနှင့် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်မှု အတွက် တစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၅၀၀၀ အထိ ပေးဆောင် ရမည်ဟုဆိုကာ ကြိုတင်တောင်းခံမှုများ ရှိနေကြောင်း သိရသည်။
 
 နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်ဖြင့် ၂၀၀၉ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့သည့် ယာယီနိုင်ငံကူး လက်မှတ်နှင့် ဗီဇာရရှိထား သူများသည် နေထိုင်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်း လေးနှစ်ပြည့်သွားပြီ ဖြစ်သည်။ 
 
သို့ဖြစ်ရာ ယင်းအလုပ်သမားများ ဆက်လက် လုပ်ကိုင်နိုင်ရေးအတွက် နှစ်နိုင်ငံ အစိုးရအနေဖြင့် အရေးတကြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။ 
 
ထို့ကြောင့် ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ အဆိုပါ အလုပ်သမားများနှင့် ပတ်သက်၍ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းစဉ်များကို ထိုင်းနိုင်ငံ အတွင်းရှိ စခန်းများတွင်သာ ပြုလုပ်ပေးရန်၊ Over Stay ဖြစ်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမာများကို သတ်မှတ်ထားသည့် ဒဏ်ကြေး (တစ်ရက်လျှင် ဘတ် ၅၀၀ နှုန်းဖြင့် ဘတ် ၂၀၀၀၀ ထက် ပိုမိုကောက်ခံခြင်း မပြုရန်) ဗီဇာသက်တမ်း လေးနှစ်ပြည့် အလုပ်သမားများ အတွက် ပြုလုပ်ရမည့် လုပ်ငန်းစဉ်များနှင့် ကုန်ကျစရိတ်များကို တိကျစွာ ထုတ်ပြန်ပေးရန်တို့ကို နိုဝင်ဘာ ၁၁ ရက်တွင် တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်။
 
 မြန်မာအစိုးရ အနေဖြင့် ထိုင်းတွင် ဗီဇာသက်တမ်း ကုန်ဆုံးနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ နိုင်ငံကူး လက်မှတ်တွင် အ၀င်အထွက် ပြရုံဖြင့် ထိုင်းတွင် ဆက်လက် လုပ်ကိုင်ခွင့်ရရန် မကြာသေးမီက ထိုင်းအစိုးရနှင့် သဘောတူညီမှု ရခဲ့သည်ဟု သိရသည်။
 
အမေ့အိမ်  ,  kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment