Pages

Tuesday, November 12, 2013

ခြသေ့င်္ ပုံကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အစားထိုးရေး ပြည်သူ့လွှတ်တော်တွင်အဆိုတင်သွင်းတော့ မည်

Photo: ခြသေ့င်္ ပုံကို ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ အစားထိုးရေး ပြည်သူ့လွှတ်တော်တွင်အဆိုတင်သွင်းတော့
မည်


RangonNewsDaily:: November . 12 .2013

ပိုက်ဆံမှာ ခြသေ့င်္ရုပ်တွေပဲ ဖြစ်နေတယ်၊ ခါတိုင်းလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနဲ့ ပြန်ဖြစ်သင့်ပြီ ဆိုတဲ့အကြောင်းပြည်သူ့လွှတ်တော်မှာ မနက်ဖြန် အဆိုတင်သွင်းတော့မယ်လို့ သိရပါတယ်။
::
တင်သွင်းမယ့်သူက သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်။

မြန်မာငွေဟာ ကြည့်လိုက်ရင် ကျပ်တထောင်တန်အထိ ခြသေ့င်္ပုံတွေပဲ ဖြစ်နေတယ်၊ အဲဒီပုံက နိုင်ငံရေးပါတီတခုရဲ့ တံဆိပ်အမှတ်အသား ဖြစ်နေတယ် တဲ့။ "သို့အတွက် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ် အမှတ်အသားအား နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆပါသည်"
ဆိုပြီး သူက အဆိုတင်သွင်းမယ်လို့ သတင်းရပါတယ်။
::
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပြန်အစားထိုး ထုတ်ဖို့ လွှတ်တော်က ဗဟိုအစိုးရကို တိုက်တွန်းဖို့ သူက အဆို တင်သွင်းမှာပါ။

မနက်ဖြန် သူ့အဆိုကို ခြသေ့င်္ပုံ အမှတ်အသား ပါတီကြီးရဲ့ ကိုယ်စားလှယ်တွေက ထောက်ခံမလား၊ ကန့်ကွက်မလား?
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံကြမလား၊ ကန့်ကွက်ကြမလား?
မနက်ဖြန် အဖြေ သိရပါလိမ့်မယ်။
::
ထောက်ခံမဲ များမယ် ဆိုရင်တော့ လွှတ်တော်က ဗဟိုအစိုးရကို ကျပ်ငွေတွေကို ပုံပြောင်းထုတ်ဖို့ တိုက်တွန်းပါလိမ့်မယ်။
ဒါဆိုရင် ဗဟိုအစိုးရကလည်း တိုက်တွန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ဖွယ် ရှိပါတယ်။
ဒါတွေက တနှစ်အတွင်းတော့ ဖြစ်လာမယ် မထင်ပါ။ သုံးနှစ်လောက်တော့ ကြာကောင်း ကြာနိုင်ပါတယ်။

သေချာတာကတော့ အထက်ပါသတင်းအတိုင်း ဦးသိန်းညွန့်က အဆိုတင်ဖြစ်ခဲ့ရင် မနက်ဖြန် လွှတ်တော်အစည်းအဝေးက ခါတိုင်းထက်ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိမယ်၊ ပြင်ပရဲ့ ဂရုစိုက်မှု ပိုရမယ် ဆိုတာပဲဖြစ်ပါတယ်။
::
ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူမှာ ရိုက်နှိပ်ဖို့ လူငယ်အင်အားစုရဲ့ ဆန္ဒကို ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီသတင်းကို http://burma.irrawaddy.org/၀_general-aung-san/2013/02/16/34039.html မှာ ဖတ်ရှုနိုင်ပါတယ်။ 

မနက်ဖြန် ကြားရဖွယ်ရှိတာကတော့ ပြည်သူတွေ မဲပေးလို့ လွှတ်တော်ထဲရောက်သွားသူတွေရဲ့ အသံပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သားတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့အသံလည်း ကြားရဖွယ် ရှိပါတယ်။ သေချာတာကတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ သူတို့ရဲ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။
::
နေ့တိုင်းသုံးနေတဲ့ ငွေစက္ကူတွေမှာ ခြင်္သေ့ပုံ အစားထိုးခါစတုန်းကတော့ ထူးဆန်းတဲ့ ပြင်ဆင်ချက်အဖြစ် ရှုမြင်ခဲ့ကြပါလိမ့်မယ်။

စစ်ဗိုလ်ချုပ်များ တန်ခိုးထွားတဲ့ မြန်မာပြည်မှာ ငွေစက္ကူပုံနှိပ်ရာမှာ အဲဒါထက် ထူးဆန်းထွေလာဖြစ်အောင် လုပ်ခဲ့တာတွေ ရှိပါတယ်။
::
၃၅ ကျပ်တန်
၄၅ ကျပ်တန်
ကျပ် ၉၀ တန် ငွေစက္ကူတွေ ထုတ်ခဲ့ခြင်းပါပဲ။
ထုတ်ခဲ့တုန်းကလည်း အံ့သြကြတယ်၊ နောင်လာနောက်သားတို့ကလည်း အံ့သြကြပါလိမ့်မယ်။

ပြောင်းလဲမှုလမ်းကြောင်းပေါ် ရောက်နေတဲ့ မြန်မာပြည်ကြီးမှာ ငွေစက္ကူပေါ်ကပုံတွေကို ပြောင်းလဲဖို့ ပြောဆိုနေကြ လေသံပစ်နေကြပါပြီ။


The Irrawaddy (Burmese Version) ::--


See More News: (www.rangonnewsdaily.blogspot.com)

RangonNewsDaily:: November . 12 .2013
ပိုက်ဆံမှာ ခြသေ့င်္ရုပ်တွေပဲ ဖြစ်နေတယ်၊ ခါတိုင်းလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံတွေနဲ့ ပြန်ဖြစ်သင့်ပြီ ဆိုတဲ့အကြောင်းပြည်သူ့လွှတ်တော်မှာ မနက်ဖြန် အဆိုတင်သွင်းတော့မယ်လို့ သိရပါတယ်။တင်သွင်းမယ့်သူက သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်။

မြန်မာငွေဟာ ကြည့်လိုက်ရင် ကျပ်တထောင်တန်အထိ ခြသေ့င်္ပုံတွေပဲ ဖြစ်နေတယ်၊ အဲဒီပုံက နိုင်ငံရေးပါတီတခုရဲ့ တံဆိပ်အမှတ်အသား ဖြစ်နေတယ် တဲ့။ "သို့အတွက် နိုင်ငံရေးပါတီတစ်ခု၏ တံဆိပ် အမှတ်အသားအား နိုင်ငံတော်အဆင့် အမှတ်အသားနှင့် မတူသင့်ဟု ယူဆပါသည်"
ဆိုပြီး သူက အဆိုတင်သွင်းမယ်လို့ သတင်းရပါတယ်။
::
ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပြန်အစားထိုး ထုတ်ဖို့ လွှတ်တော်က ဗဟိုအစိုးရကို တိုက်တွန်းဖို့ သူက အဆို တင်သွင်းမှာပါ။

မနက်ဖြန် သူ့အဆိုကို ခြသေ့င်္ပုံ အမှတ်အသား ပါတီကြီးရဲ့ ကိုယ်စားလှယ်တွေက ထောက်ခံမလား၊ ကန့်ကွက်မလား?
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံကြမလား၊ ကန့်ကွက်ကြမလား?
မနက်ဖြန် အဖြေ သိရပါလိမ့်မယ်။
::
ထောက်ခံမဲ များမယ် ဆိုရင်တော့ လွှတ်တော်က ဗဟိုအစိုးရကို ကျပ်ငွေတွေကို ပုံပြောင်းထုတ်ဖို့ တိုက်တွန်းပါလိမ့်မယ်။
ဒါဆိုရင် ဗဟိုအစိုးရကလည်း တိုက်တွန်းချက်အတိုင်း လိုက်နာ ဆောင်ရွက်ဖွယ် ရှိပါတယ်။
ဒါတွေက တနှစ်အတွင်းတော့ ဖြစ်လာမယ် မထင်ပါ။ သုံးနှစ်လောက်တော့ ကြာကောင်း ကြာနိုင်ပါတယ်။

သေချာတာကတော့ အထက်ပါသတင်းအတိုင်း ဦးသိန်းညွန့်က အဆိုတင်ဖြစ်ခဲ့ရင် မနက်ဖြန် လွှတ်တော်အစည်းအဝေးက ခါတိုင်းထက်ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ရှိမယ်၊ ပြင်ပရဲ့ ဂရုစိုက်မှု ပိုရမယ် ဆိုတာပဲဖြစ်ပါတယ်။
::
ဗိုလ်ချုပ်အောင်ဆန်းပုံကို ငွေစက္ကူမှာ ရိုက်နှိပ်ဖို့ လူငယ်အင်အားစုရဲ့ ဆန္ဒကို ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ အဲဒီသတင်းကို http://burma.irrawaddy.org/၀_general-aung-san/2013/02/16/34039.html မှာ ဖတ်ရှုနိုင်ပါတယ်။

မနက်ဖြန် ကြားရဖွယ်ရှိတာကတော့ ပြည်သူတွေ မဲပေးလို့ လွှတ်တော်ထဲရောက်သွားသူတွေရဲ့ အသံပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သားတွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့အသံလည်း ကြားရဖွယ် ရှိပါတယ်။ သေချာတာကတော့ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ သူတို့ရဲ့ တပ်မတော်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတယ်။
::
နေ့တိုင်းသုံးနေတဲ့ ငွေစက္ကူတွေမှာ ခြင်္သေ့ပုံ အစားထိုးခါစတုန်းကတော့ ထူးဆန်းတဲ့ ပြင်ဆင်ချက်အဖြစ် ရှုမြင်ခဲ့ကြပါလိမ့်မယ်။

စစ်ဗိုလ်ချုပ်များ တန်ခိုးထွားတဲ့ မြန်မာပြည်မှာ ငွေစက္ကူပုံနှိပ်ရာမှာ အဲဒါထက် ထူးဆန်းထွေလာဖြစ်အောင် လုပ်ခဲ့တာတွေ ရှိပါတယ်။
::
၃၅ ကျပ်တန်
၄၅ ကျပ်တန်
ကျပ် ၉၀ တန် ငွေစက္ကူတွေ ထုတ်ခဲ့ခြင်းပါပဲ။
ထုတ်ခဲ့တုန်းကလည်း အံ့သြကြတယ်၊ နောင်လာနောက်သားတို့ကလည်း အံ့သြကြပါလိမ့်မယ်။

ပြောင်းလဲမှုလမ်းကြောင်းပေါ် ရောက်နေတဲ့ မြန်မာပြည်ကြီးမှာ ငွေစက္ကူပေါ်ကပုံတွေကို ပြောင်းလဲဖို့ ပြောဆိုနေကြ လေသံပစ်နေကြပါပြီ။


The Irrawaddy (Burmese Version) ::-- kolatt(PBDN)
RangonNewsDaily



See More News: (www.rangonnewsdaily.blogspot.com)

0 comments:

Post a Comment