Pages

Friday, November 15, 2013

နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြု


RangonNewsDaily:: November . 15 .2013
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် လူသား ချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ပြီး နိုင်ငံတော် တည်ဆောက်ရေး တွင် တစ်ဖက်တစ်လမ်းမှ အထောက် အကူပြု ပါဝင်နိုင်ရန် အတွက် လည်းကောင်း၊ ရည်ရွယ်၍ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၂၀၄) (က) နှင့်အညီ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီမှ ထောက်ခံတင်ပြခဲ့သည့် အကျဉ်းသား (၆၉)ဦး အား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ မြန်မာ့သက္ကရာဇ် ၁၃၇၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၁၃ ရက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ထိုကဲ့ သို့ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့သည့် အကျဉ်းသား ၆၉ ဦးမှာ

အင်းစိန် အကျဉ်းထောင်မှ ၃ ဦး

မန္တလေး အကျဉ်းထောင်မှ ၁၀ ဦး

မြင်းခြံ အကျဉ်းထောင်မှ ၃ ဦး

သာယာဝတီ အကျဉ်းထောင်မှ ၂ ဦး

တောင်ငူ အကျဉ်းထောင်မှ ၆ ဦး

ရွှေဘို အကျဉ်းထောင်မှ ၄ ဦး

မုံရွာ အကျဉ်းထောင်မှ ၂ ဦး

ပုသိမ် အကျဉ်းထောင်မှ ၁ ဦး

သထုံ အကျဉ်းထောင်မှ ၁ ဦး

အင်္ဂဘို ရဲဘက်စခန်းမှ ၁ ဦး

ဗန်းမော် အကျဉ်းထောင်မှ ၂ ဦး

မြစ်ကြီးနား အကျဉ်းထောင်မှ ၅ ဦး

သီပေါ အကျဉ်းထောင်မှ ၃ ဦး

ကျိုင်းတုံ အကျဉ်းထောင်မှ ၁ ဦး

ကျောက်ဖြူ အကျဉ်းထောင်မှ ၁၀ ဦး

သံတွဲ အကျဉ်းထောင်မှ ၄ ဦး

ဘူးသီးတောင် အကျဉ်းထောင်မှ ၂ ဦး

စစ်တွေ အကျဉ်းထောင်မှ ၉ ဦး တို့ဖြစ်ကြောင်း၊ ဆက်လက်၍ လည်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ မကုန်မီ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုနိုင်ရေးအတွက် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


(နိုင်ငံတော်သမ္မတရုံး)

0 comments:

Post a Comment