Pages

Friday, November 15, 2013

သန့်ရှင်းရေးဝန်ထမ်းများ ဆန္ဒပြမှုကြောင့် မက်ဒရစ်မြို့တွင် အမှိုက်များဖြင့် ပြည့်နှက် နိုင်ငံခြားခရီးသွားလုပ်ငန်းထိခိုက်

Photo: သန့်ရှင်းရေးဝန်ထမ်းများ ဆန္ဒပြမှုကြောင့် မက်ဒရစ်မြို့တွင် အမှိုက်များဖြင့် ပြည့်နှက် နိုင်ငံခြားခရီးသွားလုပ်ငန်းထိခိုက်
Friday, November 15, 2013

စပိန်နိုင်ငံ မက်ဒရစ်မြို့ တော်တွင် သန့်ရှင်းရေးဝန်ထမ်း များ၏ ဆန္ဒပြသပိတ်မှောက်မှု များကြောင့် မက်ဒရစ်မြို့တွင် အမှိုက်သရိုက်များဖြင့် ပြည့်နှက် လျက်ရှိသည်ဟု သိရသည်။မက်ဒရစ်ပြည်သူ့ပန်းခြံ များမှ သန့်ရှင်းရေးဝန်ထမ်းများ၊ ဥယျာဉ်မှူးများသည် နိုဝင်ဘာ ၅ရက်မှစတင်ကာ ဆန္ဒပြခဲ့ကြ ခြင်းဖြစ်သည်ဟု သိရသည်။ အကြောင်းမှာ သန့်ရှင်းရေးဝန် ထမ်းများ၏ လစာငွေရာခိုင်နှုန်း ၄ဝကို လျှော့ချမယ့် အစီအစဉ် နှင့် စုပေါင်းသန့်ရှင်းရေးဝန်ထမ်း ၇၀၀ဝမှ ၁၁၃၅ဦးကို အလုပ်မှ ရပ်နားစေမည့်အစီအစဉ်များကို သပိတ်မှောက်ကြခြင်းဖြစ်သည်။

မက်ဒရစ်သန့်ရှင်းရေးဝန် ထမ်းများ၏ ဒုတိယသီတင်းပတ် သန့်ရှင်းရေးလုပ်ငန်းများကို လုပ် ကိုင်ခြင်းမရှိဘဲ ဆန္ဒပြမှုများ ကြောင့် မြို့ခံပြည်သူ၃ဒသမ၂ သန်းခန့်သည် အမှိုက်စက္ကူစများ၊ ပုလင်းကွဲဘူးခွံများ ပြည့်နှက်လျက် ရှိသောလမ်းမများထက်တွင် သွား လာလှုပ်ရှားနေကြသည်ကို ကမ္ဘာ တစ်ဝန်းရှိ သတင်းမီဒီယာများတွင် ဖော်ပြလျက်ရှိသည်ဟု သိရသည်။

အဆိုပါသန့်ရှင်းရေးဝန် ထမ်းများ ဆက်လက်ဆန္ဒပြပါက မက်ဒရစ်မြို့၏ နိုင်ငံခြားခရီးသွား လုပ်ငန်းကို ဆိုးရွားစွာထိခိုက်စေ နိုင်သည်ဟု သိရပြီး စပိန်နိုင်ငံ သည် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တွင် တိုးတက်မှုရှိလာသော်လည်း မက်ဒရစ်မြို့၏ လက်ရှိကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ အကျဘက် ရောက်နေသည်။

Yangon Media Group

RangonNewsDaily:: November . 15 .2013

Yangon Media, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment