Pages

Friday, November 15, 2013

လက်ပန်တောင်း တွင် လယ်သမားများ ကို အစိုးရလုံးထိန်းတပ်ဖွဲ့ဝင်များမှပစ်ခတ်မှုဖြစ်

RangonNewsDaily:: November . 14 .2013
၁၁ - ၁၄ - ၂၀၁၃ လက်ပန်တောင်း လယ်သမားတွေကို လုံထိန်းရဲတွေ သေနတ်နဲ့ ပစ်ပြီး စုစုပေါင်း
(၅)ယောက်ခန့် ထိမှန်ထားပြီး စာရင်းအတိအကျ ကောက်ယူ နေဆဲ ဖြစ်သည် ၊၊ လက်ပန်းတောင်းဒေသ မိုးကြိုးပြင်တောင်ရွာမှ လယ်သမား(၇)ယောက် သေနတ်ထိမှန်ခံခဲ့ရပြီး
ပစ်ခတ်မှု(၂၇)ကြိမ်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

ယနေ့ ညနေတွင် လက်ပန်တောင်းတောင်ဒေသ မိုးကြိုးပြင်တောင်ရွာ၌ လူထုအစည်း အဝေးကျင်း
ပရန် ပြုလုပ်နေစဉ် ၊ တခြားရွာမှ လယ်သမားများ မလာရောက် နိုင်စေရန် ပုသိမ် မုံရွာလမ်းပိုင်း မိုးကြိုးပြင်ရွာ ရှေ့တွင်(၁၂-၁၁-၂၀၁၃)ရက်နေ့ ကတဲက တပ်စွဲထား သော လုံထိန်းရဲများမှ စတင် တားမြစ်ရာမှ စ၍ရွာသားများနှင့် ပဋိပက္ခ ဖြစ်ကြပြီး၊ည(၈)နာ ရီတွင် လုံထိန်းရဲများမှ စတင်၍ သေ
နတ်များကို မိုးပေါ်ထောင် ပစ်ခဲ့ကြသည် ။

ကျေးရွာလူ ထုမှ လူစု မကွဲပဲ ပိုမိုအားကောင်း လာသည့်အခါ လူအုပ်ထဲသို့ စတင် ပစ်ခတ်ခဲ့သည် ။ အလင်းရောင် လုံးဝမရှိပဲ မှောင်နေ၍ ထိခိုက်မှု ရှိ မရှိ မသိရသေးပါ ။

လုံထိန်းရဲများ အနေဖြင့် အင်အား(၂၀၀)ကျော်ခန့်ဖြင့် ရွာအတွင်းသို့ စီးနင် ဝင်ရောက်နိုင်ရန် ကြိုးစားနေပြီး ၊ကျေးရွာ လူထုမှ လဲရွာလုံခြုံရေးအတွက် ခုခံနေကြသည် ၊၊

သေနတ်ဖြင့် ပစ်ခတ်မှုမှာ အချက်(၂၀)ကျော်ခန့် ပစ်ခတ်ပြီးဖြစ်ပါသည်။

Mandalay Myanmar ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment