Pages

Friday, November 15, 2013

အာဆင်နယ်နှင့် အနာဂတ်ကို နှုတ်ဆိတ်နေဆဲဖြစ်သည့် ဗာမေလန်

Photo: အာဆင်နယ်နှင့် အနာဂတ်ကို နှုတ်ဆိတ်နေဆဲဖြစ်သည့် ဗာမေလန်
Friday, November 15, 2013

အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။

အာဆင်နယ် အသင်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ ပြောဆိုရန် သောမတ်စ် ဗာမေလန်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။ မန်နေဂျာ အာစင်ဝင်းဂါးသည် ခံစစ်ဗဟိုချက်ကို လောရင့်ကိုစီရယ်လ်နီ၊ ပါးမာတီဆက်ကာတို့နှင့် ပူးပေါင်း တည်ဆောက်ထားပြီးနောက် ဗာမေလန်သည် ဒုတိယဦးစားပေး နောက်ခံလူ ဘဝသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။ ဗာမေလန် အနေဖြင့် အဆိုပါ အခြေအနေကြောင့် အမ်းမရိတ်စ်ကွင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကစားသမား ကိုယ်တိုင်က တိတိကျကျ ဖြေရှင်းချက် မပေးသေးချေ။

လတ်တလောတွင် ၎င်းဒဏ်ရာရနေကြောင်း သတင်းများကိုမူ ဗာမေလန်က ငြင်းဆန်ခဲ့သည်။ ၎င်းအနေဖြင့် အာဆင်နယ်နှင့် လေ့ကျင့်ရေး အစီအစဉ်ကို စောစီးစွာ ရုတ်သိမ်းခဲ့မှုနှင့် ပတ်သက်ပြီး သတင်းထောက်များက ဒဏ်ရာကြောင့် ဟုတ်မဟုတ် မေးမြန်းရာ "ကျွန်တော် အဆင်ပြေပါတယ်။ ဘာဒဏ်ရာမှ မရှိဘူး။ တနင်္ဂနွေနေ့က ပွဲစဉ်အပြီးမှာ ကျွန်တော် ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်"ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ အနာဂတ်နှင့် ပတ်သက်၍ အာဆင်နယ်တွင် မြှုပ်နှံရန် စိတ်ကူးရှိမရှိကိုမူ ဗာမေလန်က ရှောင်လွှဲပြောဆိုသွားသည်။

"ဒီအခြေအနေကို ကျွန်တော် ဘာမှ မပြောလိုသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ထုတ်ပြောရင် အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လေ။ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်ပြဿနာ မဟုတ်ဘူး။ အသင်းက ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နေမှာပါပဲ"ဟုလည်း ဗာမေလန်က ပြောကြားသွားခဲ့သည်။

Planet Myanmar Network

RangonNewsDaily:: November . 15 .2013
အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်
ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။
အာဆင်နယ် အသင်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ ပြောဆိုရန် သောမတ်စ် ဗာမေလန်က  နှုတ်
ဆိတ်နေဆဲဖြစ်သည်။ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင်ဗဟိုနောက်ခံလူသည်အသင်း၏အရန်ကစားသမား အဖြစ်သာသတ်မှတ်ခံနေရသူ ဖြစ်သည်။ 
 
မန်နေဂျာ အာစင်ဝင်းဂါးသည် ခံစစ်ဗဟိုချက်ကို လောရင့်ကိုစီရယ်လ်နီ၊ ပါးမာတီဆက်ကာတို့နှင့် ပူးပေါင်း တည်ဆောက်ထားပြီးနောက်ဗာမေလန်သည်ဒုတိယဦးစားပေး နောက်ခံလူဘဝသို့ အလိုအလျောက် ရောက်
ရှိသွားခဲ့သည်။ဗာမေလန်အနေဖြင့်အဆိုပါအခြေအနေကြောင့်အမ်းမရိတ်စ်ကွင်းမှ ထွက်ခွာမည်ဟု သတင်း
ကြီးနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကစားသမား ကိုယ်တိုင်က တိတိကျကျ ဖြေရှင်းချက် မပေးသေးချေ။

လတ်တလောတွင် ၎င်းဒဏ်ရာရနေကြောင်း သတင်းများကိုမူ ဗာမေလန်က ငြင်းဆန်ခဲ့သည်။ ၎င်းအနေဖြင့် အာဆင်နယ်နှင့် လေ့ကျင့်ရေး အစီအစဉ်ကို စောစီးစွာ ရုတ်သိမ်းခဲ့မှုနှင့် ပတ်သက်ပြီး သတင်းထောက်များ
က ဒဏ်ရာကြောင့် ဟုတ်မဟုတ် မေးမြန်းရာ "ကျွန်တော် အဆင်ပြေပါတယ်။ 
 
ဘာဒဏ်ရာမှမရှိဘူး။တနင်္ဂနွေနေ့က ပွဲစဉ်အပြီးမှာ ကျွန်တော် ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်"ဟု တုံ့ပြန်ဖြေ
ကြားခဲ့သည်။ အနာဂတ်နှင့် ပတ်သက်၍ အာဆင်နယ်တွင် မြှုပ်နှံရန် စိတ်ကူးရှိမရှိကိုမူ ဗာမေလန်က ရှောင်
လွှဲပြောဆိုသွားသည်။

"ဒီအခြေအနေကို ကျွန်တော် ဘာမှ မပြောလိုသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ထုတ်ပြောရင် အဆိုး
ဘက်ကို ဦးတည်သွားနိုင်တယ်လေ။ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်ပြဿနာ မဟုတ်
ဘူး။ အသင်းက ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နေမှာပါ
ပဲ"ဟုလည်း ဗာမေလန်က ပြောကြားသွားခဲ့သည်။

Planet Myanmar Network , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment