Pages

Friday, November 15, 2013

လက်ပံတောင်းတောင် အခြေအနေ နောက်ဆက်တွဲ သတင်းပေးပို့ချက်

လက်ပတောင်းတောင်း အခြေအနေ နောက်ဆက်တွဲ သတင်းပေးပို့ချက် 

kolatt(PBDN): November . 14 .2013
ည ၁၁း၁၅ 

လက်ပတောင်းတောင်းကြေးနီစီမံကိန်း မိုးကြိုးပြင်(တောင်)ကျေးရွာ အနီး မြေယာလျော်ကြေးထုတ်ယူခြင်းမရှိသည့်ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ အချင်းများရာမှ
ရဲတပ်ဖွဲ့ဝင်များမှ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ကိုမောင်စိုး(၀မ်းပိုက်ဒဏ်ရာ) နှင့် မအေးစန်း(လက်မောင်းဒဏ်ရာ)တို့ နှစ်ဦး ဒဏ်ရာရရှီခဲ့ပါတယ်၊ကိုမောင်စိုး ၏ သေနတ်ဒဏ်ရာသည် အသက်စိုးရိမ်ရသည်အနေအထားတွင်ရှိနေပါသည်၊

ဖြစ်စဉ်မှာ ညနေ 3:30 PM ခန့်တွင် မိုးကြိုးပြင်(တောင်)ကျေးရွာ တောင်သူများသည် မိမိတို့လုပ်ငန်းခွင်သို့သွားရာလမ်းတွင် သွပ်ဆူးကြိုးများခတ်ထားသောကြောင့် လမ်းဖွင့်ပေးရန် ရဲတပ်ဖွဲ့ဝင်များအား တောင်းဆိုရာမှ တဖက်နှင့်တဖက် အချေနေတင်းမာပြီး ရုံးရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များမှ (ည 8:15 နာရီ အချိန်မှာ) သေနတ်(၁၂)ချက် ပစ်ခဲ့ပါတယ်၊ရဲတပ်ဖွဲဝင်များသည် ချောက်လန့်ရုံ ပစ်ခတ်ခြင်းမဟုတ်ပဲ လူအုပ်ထဲသို့ ပစ်ခတ်ခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး အခြားသူများ ဒဏ်ရာရရှိမှုကိုတော့ မသိရှိရသေးပါဘူး၊

ဒေသခံတောင်သူများအား အကြမ်းဖက်နှိမ်ခြင်းပြုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားသွားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး နယ်/လုံ ၀န်ကြီး ဘယ်လို ဖြေရှင်းပေးမလဲ၊ 

လက်ရှိအချိန်မှာ ကိုမောင်စိုး သည် အသက်ဒဏ်ရာ စိုးရိမ်နေရပြီး ကျေးရွာ အတွင်းမှာကုသနေသည့်အတွတ် ဒေသခံများနှင့် ညှိနှိုင်းပြီး ပြည်သူ့ဆေရုံသို့ သွားရောက်ကုသဖို့ လိုအပ်နေပါတယ်၊ ဒေသခံများအနေဖြင့် ဆေးရုံသွားရောက်ကုသပါက ဖမ်းဆီးခံရမည်စိုးရိမ်သောကြာင့်သွားရောက်ကုသခြင်းမရှိဖြစ်နေပါတယ်၊

သက်ဆိုင်ရာ လူမှုရေး/နိုင်ငံရေးအဖွဲ့အစည်းများ မှအသက်တစ်ချောင်းမဆုံးရှုံးစေရေးအတွတ် ညှိနိုင်းဆောင်ရွတ်ပေးရန် လိုအပ်နေပါတယ်လို့ အကြံပြုအပ်ပါတယ်။

ကိုတိုး ချင်းတွင်း ::--

RangonNewsDaily:: November . 14 .2013

kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment