Pages

Friday, November 15, 2013

ဟိုင်ယန် လေမုန်တိုင်း ရာသီဥတုပြောင်းလဲလာမှုကို သတိပေးနေ

RangonNewsDaily:: November . 15 .2013
ဖိလိပိုင်နိုင်ငံမှာ လူအများအပြား သေဆုံးခဲ့ရပြီး လူသန်းနဲ့ချီ ထိခိုက်ဆုံးရှုံးမှုတွေ ကြုံနေကြရတဲ့ ဟိုင်ယန်

လေမုန်တိုင်းဟာ ရာသီဥတု ပြောင်းလဲလာနေတာကို သတိပေး နှိုးဆော်လိုက်တာပဲ လို့ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီးတွေရဲ့ အကြီးအကဲတွေက ပြောကြား လိုက်ပါတယ်။ဒီနှစ်ဟာ ကမ္ဘာမှာ စံချိန်တင်ရတဲ့ ထိပ်ဆုံးက အပူဆုံးနှစ်တွေ စာရင်းထဲကို ဝင်လာနေပြီလို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့က ဖေါ်ပြခဲ့ပါတယ်။
မနှစ်က အမေရိကန်ပြည်ထောင်စု တဝန်းမှာ စံချိန်တင် ပူခဲ့ပြီး ဒီနှစ် သြစတြေးလျ နိုင်ငံမှာ အပူချိန်က စံချိန် တင်ခဲ့တယ်၊ ဒီနှစ်တွေဟာ ၁၉၉၈ ခုနှစ် နောက်ပိုင်း ကမ္ဘာမှာ အပူဆုံးနှစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

၁၉၉၈ ခုနှစ်နောက်ပိုင်း အအေးဆုံးဆိုတဲ့ နှစ်တွေတောင် ၁၉၉၈ ခုနှစ် မတိုင်ခင်က အပူဆုံး ဆိုတဲ့ နှစ်တွေ ထက် ပိုပူလာနေတယ်လို့ ပြောပါတယ်။

အရင်ကမိုးလေဝသအခြေအနေတွေဟာမျှမျှတတရှိနေခဲ့ပေမယ့် အခုနောက်ပိုင်း အရင်ကထက် ပိုပူလာနေ

တာကြောင့် သိပ္ပံပညာရှင်တွေက ဒါဟာ သဘာဝအတိုင်း ရာသီဥတုပြောင်းလဲလာမှု မဟုတ်တော့ဘူးလို့ ယူဆကြပါတယ်။

ဆိုင်ကလုန်း လေမုန်တိုင်း တခု ဖြစ်ပေါ်လာတာဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ တိုက်ရိုက် မပတ်သက်နိုင်ေ

မယ့် ရာသီဥတု ပူနွေးလာတာကြောင့် ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာမှုတွေဟာ ပင်လယ်ကမ်းခြေ အနီး နေထိုင်သူတွေကို ပိုပြီး ထိခိုက်စေတာကို တွေ့နေရတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ အကြီးအကဲ မိုင်
ကယ် ဂျရတ်က ပြောပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့်မုန်တိုင်းတွေ ပိုပြီးမကြာခဏ ဖြစ်လာသလား ဆိုတာ အသေအချာ မပြောနိုင်

aပမယ့် မုန်တိုင်းတွေကို ပိုပြီး ပြင်းထန် လာစေလိမ့်မယ် လို့ သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။

အခုလို သတိပေးချက်ကို လစ်လျူ မရှုသင့်ဘူးလို့ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌကင်ရုံကင်က ပြောခဲ့ပြီး ဟိုင်ယန်လို
ပြင်း

အားအဆင့်၅ ရှိတဲ့ လေမုန်တိုင်းမျိုးတွေအရင်ကတသက်မှာ တခါသာ တိုက်လေ့ ရှိခဲ့ပေမယ့် အခုတော့တလ
ထဲတင် ဒေသတခုတည်း ၂ ခါ တိုက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

BBC Burmese , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment