Pages

Monday, October 7, 2013

အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် လျှို့ဝှက်သည်းဖို စာရေးဆရာ Tom Clancy ကွယ်လွန်

Photo: အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် လျှို့ဝှက်သည်းဖို စာရေးဆရာ Tom Clancy ကွယ်လွန်
Monday, October 7, 2013

နာမည်ကျော်ကြား လူကြိုတ်များခဲ့သည့် ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားများအဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူးနိုင်ခဲ့သည့်
ကမ္ဘာတစ်လွှား ထင်ရှား ကျော်ကြားခဲ့သည့် လျှို့ဝှက်သည်းဖို စုံထောက်နှင့် စစ်ရေးစစ်ရာ သည်းထိတ်ရင်ဖို ၀တ္ထုများအား ရေးသားခဲ့သူ အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် စာရေးဆရာ Tom Clancy သည် အောက်တိုဘာလ (၈) ရက်နေ့က ၄င်း၏ဇာတိ Maryland ၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
 
၎င်းသည် The Hunt for Red October၊  Patriot Games နှင့် Clear and Present Danger အစရှိသည့် နာမည်ကြီး ၀တ္ထုများ အပါအ၀င် ဖြစ်ရပ်မှန်နှင့် စိတ်ကူးယဉ် ၀တ္ထု ဇာတ်လမ်းများစွာအား ရေးသား ထုတ်ဝေခဲ့သည်။ ၄င်း၏ ၀တ္ထု အတော်များများသည် စစ်အေး ကာလတွင်းနှင့် စစ်ပြီး ခေတ်ကာ လအား အဓိက ကျောရိုးယူကာ စွန့်စွန့်စားစား စစ်မက်ရေးရာနှင့် စုံစမ်း ထောက်လှမ်းရေး နည်းပညာများကို စာဖတ်သူများ အနေဖြင့် သည်းတထိတ်ထိတ် ဖတ်ရှုနိုင်ရန် ပုံဖော် ရေးထားသော ဇာတ်လမ်းများ ဖြစ်သည်။ Clancy ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး စာပေ အနုပညာ လောကအတွက် ကြီးစွာသော ထိခိုက် ဆုံးရှုံးမှုပင် ဖြစ်ကြောင်း စာပေ လောကသားများက ၀မ်းနည်းကြေကွဲစွာ ပြောကြား ခဲ့ကြသည်။ Republican အဖြစ် ခံယူထားသူ Clancy သည် Baltimore Orioles ဘေ့စ်ဘော အသင်း၏ ပူးတွဲပိုင်ရှင် တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။
 
Source: AFP
http://www.channelnewsasia.com/news/lifestyle/us-thriller-author-tom/834...
MRTV-4
  
RangonNewsDaily:: October. 7 .2013
နာမည်ကျော်ကြား လူကြိုတ်များခဲ့သည့် ဟောလိဝုဒ် ရုပ်ရှင် ဇာတ်ကားများအဖြစ် ပြန်လည် အသက်သွင်း ရိုက်ကူးနိုင်ခဲ့သည့် ကမ္ဘာတစ်လွှား ထင်ရှား ကျော်ကြားခဲ့သည့် လျှို့ဝှက်သည်းဖို စုံထောက်နှင့် စစ်ရေးစစ်ရာ သည်းထိတ်ရင်ဖို ၀တ္ထုများအား ရေးသားခဲ့သူ အသက် (၆၆) နှစ် အရွယ်ရှိ အမေရိကန် စာရေးဆရာ Tom Clancy သည် အောက်တိုဘာလ (၈) ရက်နေ့က ၄င်း၏ဇာတိ Maryland ၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ ၄င်းသည် The Hunt for Red October၊ Patriot Games နှင့် Clear and Present Danger အစရှိသည့် နာမည်ကြီး ၀တ္ထုများ အပါအ၀င် ဖြစ်ရပ်မှန်နှင့် စိတ်ကူးယဉ် ၀တ္ထု ဇာတ်လမ်းများစွာအား ရေးသား ထုတ်ဝေခဲ့သည်။ 
 
၎င်း၏ ၀တ္ထု အတော်များများသည် စစ်အေး ကာလတွင်းနှင့် စစ်ပြီး ခေတ်ကာ လအား အဓိက ကျောရိုးယူကာ စွန့်စွန့်စားစား စစ်မက်ရေးရာနှင့် စုံစမ်း ထောက်လှမ်းရေး နည်းပညာများကို စာဖတ်သူများ အနေဖြင့် သည်းတထိတ်ထိတ် ဖတ်ရှုနိုင်ရန် ပုံဖော် ရေးထားသော ဇာတ်လမ်းများ ဖြစ်သည်။ 
 
Clancy ကွယ်လွန်ခဲ့ခြင်းနှင့် ပတ်သက်ပြီး စာပေ အနုပညာ လောကအတွက် ကြီးစွာသော ထိခိုက် ဆုံးရှုံးမှုပင် ဖြစ်ကြောင်း စာပေ လောကသားများက ၀မ်းနည်းကြေကွဲစွာ ပြောကြား ခဲ့ကြသည်။ Republican အဖြစ် ခံယူထားသူ Clancy သည် Baltimore Orioles ဘေ့စ်ဘော အသင်း၏ ပူးတွဲပိုင်ရှင် တစ်ဦးလည်း ဖြစ်ကြောင်း သိရှိရသည်။

Source: AFP
MRTV-4 , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment