Pages

Monday, October 7, 2013

ထိုင်းပင်လယ်ကွေ့မှ လေဖိအားနည်းဆဲလ် 90W ပိုမိုအားကောင်းလာနိုင်

ထိုင်းပင်လယ်ကွေ့မှ လေဖိအားနည်းဆဲလ် 90W ပိုမိုအားကောင်းလာနိုင်
By mmweather.ygn, on October 6th, 2013
http://blog.mmweather.com/2013/10/06/invest-90w-thai-gulf-andaman-sea/

ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 90W သည် အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်များအရ ထိုင်းပင်လယ်ကွေ့အတွင်းပိုမိုအားကောင်းလာပြီး ယနေ့ည သန်းခေါင်အချိန်တွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ 90W သည် ဘန်ကောက်မြို့ တောင်ဘက် ၂၂၅ မိုင်ခန့်၊ မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ အရှေ့ဘက် ၁၆၅ မိုင်ခန့် ထိုင်းပင်လယ်ကွေ့အတွင်း၌ တည်ရှိနေပြီး အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။(ပုံ-၁)

အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီတွင် 90W သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားပြီး မလေးကျွန်းဆွယ်အား မြန်မာနိုင်ငံ တောင်ပိုင်းစွန်း ကော့သောင်းမြို့ အထက်ဘက်မှ ဖြတ်သန်းကာ ကုန်းပေါ်တွင် မြောက်ဘက်သို့ ရွေ့လျားပြီး အောက်တိုဘာလ ၈ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီမတိုင်မီ မြိတ်ကျွန်းစုပေါ်မှ ဖြတ်၍ ကပ္ပလီပင်လယ်ပြင်သို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားပါသည်။ ယခု မုန်တိုင်း ဖြစ်ပေါ်လာမည့် အခြေအနေနှင့် ပင်လယ်ပြင်သို့ ကုန်းတွင်းမှတစ်ဆင့် ရောက်ရှိလာမည့် အခြေအနေမှာ ထူးခြားသည့် အခြေအနေဖြစ်သဖြင့် ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။ ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေအား GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းချက် ပုံများအား အောက်တွင် တင်ပြပေးထားပါသည်။(ပုံ-၂)(ပုံ-၃)(ပုံ-၄)

အောက်တိုဘာလ ၈ ရက် ညနေပိုင်းနှင့် အောက်တိုဘာလ ၉ ရက် ညပိုင်းတို့တွင် ကပ္ပလီပင်လယ်ပြင်၌ မုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေကြောင့် မြိတ်ကျွန်းစု၊ မြိတ်မြို့နှင့် ထားဝယ်မြို့အပါအဝင် ကပ္ပလီပင်လယ်ပြင် တစ်ခုလုံးအတွက် အထူး သတိပြုရမည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်ပါသဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းထားသည့် (ပုံ-၂)(ပုံ-၃)(ပုံ-၄)တို့ကို comment တွင် ဆက်လက် တင်ပြပေးပါမည်။ 

တိုက်ရိုက်ကြည့်ရှုရန် - http://blog.mmweather.com/2013/10/06/invest-90w-thai-gulf-andaman-sea/

RangonNewsDaily:: October. 7 .2013
ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းဆဲလ် 90W သည် အောက်တိုဘာလ ၆ ရက် မြန်မာစံတော်ချိန် ၁၈း၃ဝ နာရီတွင် ရရှိသည့် GFS ကွန်ပျူတာမော်ဒယ်မှ ကြိုတင်ခန့်မှန်းချက်များအရ ထိုင်းပင်လယ်ကွေ့အတွင်းပိုမိုအာ
းကောင်းလာပြီး ယနေ့ည သန်းခေါင်အချိန်တွင် လေဖိအားနည်းရပ်ဝန်းအဆင့်သို့ ရောက်ရှိလာနိုင်ပါသည်။ နောက်ဆုံးရရှိသည့် အချက်အလက်များအရ 90W သည် ဘန်ကောက်မြို့ တောင်ဘက် ၂၂၅ မိုင်ခန့်၊ မြန်မာနိုင်ငံ တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့ အရှေ့ဘက် ၁၆၅ မိုင်ခန့် ထိုင်းပင်လယ်ကွေ့အတွင်း၌ တည်ရှိနေပြီး အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။(ပုံ-၁)

အောက်တိုဘာလ ၇ ရက် မြန်မာစံတော်ချိန် ၁၅း၃ဝ နာရီတွင် 90W သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားပြီး မလေးကျွန်းဆွယ်အား မြန်မာနိုင်ငံ တောင်ပိုင်းစွန်း ကော့သောင်းမြို့ အထက်ဘက်မှ ဖြတ်သန်းကာ ကုန်းပေါ်တွင် မြောက်ဘက်သို့ ရွေ့လျားပြီး အောက်တိုဘာလ ၈ ရက် မြန်မာစံတော်ချိန် ဝ၆း၃ဝ နာရီမတိုင်မီ မြိတ်ကျွန်းစုပေါ်မှ ဖြတ်၍ ကပ္ပလီပင်လယ်ပြင်သို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားပါသည်။ 
 
ယခု မုန်တိုင်း ဖြစ်ပေါ်လာမည့် အခြေအနေနှင့် ပင်လယ်ပြင်သို့ ကုန်းတွင်းမှတစ်ဆင့် ရောက်ရှိလာမည့် အခြေအနေမှာ ထူးခြားသည့် အခြေအနေဖြစ်သဖြင့် ဆက်လက် စောင့်ကြည့်တင်ပြပေးသွားပါမည်။ ဆက်လက်ရွေ့လျားနိုင်မည့် အခြေအနေအား GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းချက် ပုံများအား အောက်တွင် တင်ပြပေးထားပါသည်။(ပုံ-၂)(ပုံ-၃)(ပုံ-၄)

အောက်တိုဘာလ ၈ ရက် ညနေပိုင်းနှင့် အောက်တိုဘာလ ၉ ရက် ညပိုင်းတို့တွင် ကပ္ပလီပင်လယ်ပြင်၌ မုန်တိုင်း ဖြစ်လာနိုင်မည့် အခြေအနေကြောင့် မြိတ်ကျွန်းစု၊ မြိတ်မြို့နှင့် ထားဝယ်မြို့အပါအဝင် ကပ္ပလီပင်လယ်ပြင် တစ်ခုလုံးအတွက် အထူး သတိပြုရမည့် အနေအထားသို့ ရောက်ရှိမည်ဖြစ်ပါသဖြင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်ထားရှိနိုင်ရန် အသိပေးတင်ပြအပ်ပါသည်။

GFS ကွန်ပျူတာမော်ဒယ်မှ ခန့်မှန်းထားသည့် (ပုံ-၂)(ပုံ-၃)(ပုံ-၄)တို့ကို comment တွင် ဆက်လက် တင်ပြပေးပါမည်။ 
 
 
MM Weather ,RangonNewsDaily
kolatt (Pabedan)


0 comments:

Post a Comment