Pages

Monday, October 7, 2013

ပဋိပက္ခ ဖြစ်ရာမှာ ရဲတပ်က ဘာမှ မဟန့်တားဘူးလို့ စွပ်စွဲ

RangonNewsDaily:: October. 7 .2013
သံတွဲမြို့မှာ အင်္ဂါင်္နေ့က ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ မွတ်စလင်တွေကို အကြမ်းဖက်သမားတွေ က တိုက်ခိုက်သတ်ဖြတ်နေခိုက်မှာ ရဲတပ်ဖွဲ့ဝင်တွေက ဘာမှ ကာကွယ် ဟန့်တားမှု မလုပ်ခဲ့ပဲ မတ်တတ်ရပ်ကြည့်နေခဲ့ကြတယ်လို့ ဒေသခံတွေက စွပ်စွဲပြောကြကြောင်း အေပီ သတင်းဌာနက ဖေါ်ပြလိုက်ပါတယ်။သမ္မတဦးသိန်းစိန် ဆိုက်ရောက်မလာခင် ၅ နာရီလောက်အလိုမှာ အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၅ယောက် သေဆုံးခဲ့ရတာကြောင့် အစိုးရအနေနဲ့ ဘာမှ တားဆီးနိုင်စွမ်း မရှိဘူးလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေတယ်လို့လဲ ဆိုပါတယ်။
::
ဒေသခံ မြို့သားတယောက်က အခု ဖြစ်ခဲ့တဲ့ ကိစ္စမှာ မနက်စောစော အာရုဏ်ဦးမှာ ဗုဒ္ဓဘာသာဝင် လူ ၁၅၀ လောက် ရောက်လာပြီး အိမ်တစ်အိမ်ကို မီးရှို့ကြောင်း၊ မွတ်စလင်တွေက လူစုလူဝေးနဲ့ ပြန်လည် မောင်းထုတ်လိုက်နိုင်ပြီး၊ ရဲဖက်ကလဲ လက်နက်တွေ အပ်နှံဖို့  အိမ်ပြန်ဖို့ ပြောခဲ့ကြောင်း ပြောပါတယ်။

အဲဒီနောက် အကြမ်းဖက်သမားတွေက မနက် ၉ နာရီခွဲမှာ တကြိမ်၊ မွန်းလွဲ ၂ နာရီခွဲမှာ တကြိမ် နှစ်ခါပြန်လာ့ပြီး တိုက်ခိုက်ခဲ့ကြောင်း၊ ထွက်မပြေးနိုင်တဲ့ အသက် ၉၄ နှစ်ရွယ် အဖွါးအို တဦးနဲ့ ၈၉ နှစ်ရွယ် အဖိုးအို တို့ကို ဓါးတွေနဲ့ အကြိမ်ကြိမ် ထိုးခုတ်ခဲ့တယ်လို့ ပြောကြောင်း အေပီသတင်းဌာနက ဖေါ်ပြထားပါတယ်။

RFA (Burmese)::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment