Pages

Monday, October 7, 2013

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တရားဝင်မဖွင့် ရသေးသော်လည်း ကုန်သွယ်မှုစတင်နေ

Photo: မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် တရားဝင်မဖွင့် ရသေးသော်လည်း ကုန်သွယ်မှုစတင်နေ
Monday, October 7, 2013

ရွှေတြိဂံနယ်မြေအနီး တရားဝင်ဖွင့်လှစ်ခွင့်မရသေးသော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကြင်ဆန်းကြော့စခန်းမှ ကုန်ပစ္စည်းများ တင်ပို့နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြင်ဆန်းကြော့စခန်းကို တရုတ်နိုင်ငံမှ စက်တင်ဘာ ၁၈ ရက်တွင် တရားဝင် ဖွင့်လှစ်လိုက်သော်လည်း မြန်မာနိုင်ငံမှ ယခုအချိန်ထိ တရားဝင် မဖွင့်လှစ်ရသေးပေ။

““ကြင်ဆန်းကြော့က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ငါးမိုင်ပဲဝေးတယ်။ သွားလမ်းလာလမ်း ကောင်းတော့ အဲဒီဘက်ကသွားကြတာ””ဟု မူဆယ်မြို့ခံကုန်သည် ဦးမင်းသိန်းကပြောသည်။ ထို့အပြင် အဆိုပါမြို့မှ ကူမင်းသို့သွားရောက်ရာတွင် ပိုမိုလွယ်ကူသဖြင့် ကုန်သည်များအနေဖြင့်  ထိုနေရာမှသွားလာရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
““နှစ်ဖက်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ဖို့ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပြောကြဆိုကြပြီး လုပ်စရာတွေ ကျန်နေသေးတယ်။ မြန်မာ ဘက်ခြမ်း က တရားဝင်မဖွင့်လှစ်နိုင်သေးဘူး””ဟု မူဆယ်နယ်စပ်ကုန် သွယ်ရေးညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းကပြောသည်။

အဆိုပါ  ကြင်ဆန်းကြော့ဒေသသည် ယခင်က နယ်မြေမအေးချမ်းသဖြင့် သွားလာရန်ခက်ခဲသော်လည်း ယခုနောက်ပိုင်း သွားလာမှု များပြားလာခဲ့သည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်နိုင်ငံတာ ၀န်ရှိသူများ အပြန်အလှန်သွားရောက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယခုလအတွင်း လာရောက်ကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ ကြင်ဆန်းကြော့စခန်းမှ ပြောင်း၊ ဖရဲနှင့် လယ်ယာထွက်ကုန်များ တင်ပို့နေကြကြောင်း သတင်းရရှိသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဂိတ်ပေါက်တစ်ခုဖြစ်သော မူဆယ်နှင့်ကြယ်ဂေါင်ကြားနယ်စပ်ဂိတ်ကိုတွေ့ရစဉ်

7 DAY DAILY
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် အဓိကဂိတ်ပေါက်တစ်ခုဖြစ်သော မူဆယ်နှင့်ကြယ်ဂေါင်ကြားနယ်စပ်ဂိတ်ကိုတွေ့ရစဉ်
RangonNewsDaily:: October. 7 .2013
ရွှေတြိဂံနယ်မြေအနီး တရားဝင်ဖွင့်လှစ်ခွင့်မရသေးသော တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်သည့် ကြင်ဆန်းကြော့စခန်းမှ ကုန်ပစ္စည်းများ တင်ပို့နေကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ကြင်ဆန်းကြော့စခန်းကို တရုတ်နိုင်ငံမှ စက်တင်ဘာ ၁၈ ရက်တွင် တရားဝင် ဖွင့်လှစ်လိုက်သော်လည်း မြန်မာနိုင်ငံမှ ယခုအချိန်ထိ တရားဝင် မဖွင့်လှစ်ရသေးပေ။

““ကြင်ဆန်းကြော့က ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ငါးမိုင်ပဲဝေးတယ်။ သွားလမ်းလာလမ်း ကောင်းတော့ အဲဒီဘက်ကသွားကြတာ””ဟု မူဆယ်မြို့ခံကုန်သည် ဦးမင်းသိန်းကပြောသည်။ ထို့အပြင် အဆိုပါမြို့မှ ကူမင်းသို့သွားရောက်ရာတွင် ပိုမိုလွယ်ကူသဖြင့် ကုန်သည်များအနေဖြင့် ထိုနေရာမှသွားလာရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။
““နှစ်ဖက်နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်ဖို့ဆိုတာ နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် ပြောကြဆိုကြပြီး လုပ်စရာတွေ ကျန်နေသေးတယ်။ မြန်မာ ဘက်ခြမ်း က တရားဝင်မဖွင့်လှစ်နိုင်သေးဘူး””ဟု မူဆယ်နယ်စပ်ကုန် သွယ်ရေးညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းကပြောသည်။

အဆိုပါ ကြင်ဆန်းကြော့ဒေသသည် ယခင်က နယ်မြေမအေးချမ်းသဖြင့် သွားလာရန်ခက်ခဲသော်လည်း ယခုနောက်ပိုင်း သွားလာမှု များပြားလာခဲ့သည်။ အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းမှ နှစ်နိုင်ငံတာ ၀န်ရှိသူများ အပြန်အလှန်သွားရောက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ယခုလအတွင်း လာရောက်ကြောင်း သတင်းရရှိသည်။
ယခုရက်ပိုင်းအတွင်း အဆိုပါ ကြင်ဆန်းကြော့စခန်းမှ ပြောင်း၊ ဖရဲနှင့် လယ်ယာထွက်ကုန်များ တင်ပို့နေကြကြောင်း သတင်းရရှိသည်။


7 DAY DAILY , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment