Pages

Monday, October 7, 2013

ပီရူးတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ပြုတ်ကျ လူအများအပြားသေဆုံး

ပီရူးတွင် ခရီးသည်တင် ဘတ်စ်ကားတစ်စီး လျှိုထဲသို့ပြုတ်ကျ လူအများအပြားသေဆုံး
=============================================U

ပီရူးနိုင်ငံတောင်ဘက် ဝေးလံခေါင်သီသောဒေသတစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။

နိုင်ငံတောင်ဘက် Huancavelica ဒေသ Acoria ခရိုင်တွင်ရှိသည့် Andes တောင်တန်းများပေါ်တွင် မောင်းနှင်နေစဉ် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းက လျှိုမြောင် တစ်ခုထဲသို့ မီတာ-၈၀ အမြင့်မှ ထိုးကျခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါဝင် လူ ၁၉-ဦးသေဆုံးခဲ့ကာ အခြား ၁၈-ဦးမှာ ဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ ရဲမှူး ဂျူလီယို ပရာဒိုက ပြောကြားခဲ့သည်။

Antezana ကုမ္ပဏီပိုင် အဆိုပါဘတ်စ်ကားမှာ Andes တောင်တန်းများရှိ လျှိုမြောက်ချိုင့်ဝှမ်းပေါများသော ဒေသများသို့ ပြေးဆွဲနေသည့် ဘတ်စ်ကားလည်းဖြစ်သည်။ ထိုဘတ်စ်ကားအားမောင်းနှင်သူမှာ လေထန်၍ ကျဉ်းမြောင်းသော တောင်ကြားလမ်းတွင် အရှိန်ပြင်းစွာမှောင်းနှင်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့တစ်ဦးမှ ပြောကြားခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ရဲမှူး ပရာဒိုက ထည့်သွင်း ပြောကြားခဲ့သည်။ ပီရူးနိုင်ငံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုများမှာ အားနည်းပြီး ခရီးသည်တင် ဘတ်စ်ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိသည်။
Ref : aljazeera

RangonNewsDaily:: October. 7 .2013 ပီရူးနိုင်ငံတောင်ဘက် ဝေးလံခေါင်သီသောဒေသတစ်ခုတွင် ခရီးသည်တင် ဘတ်စ်ကားတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်ဟု သိရသည်။ နိုင်ငံတောင်ဘက် Huancavelica ဒေသ Acoria ခရိုင်တွင်ရှိသည့် Andes တောင်တန်းများပေါ်တွင် မောင်းနှင်နေစဉ် တနင်္ဂနွေနေ့ နံနက်စောစောပိုင်းက လျှိုမြောင် တစ်ခုထဲသို့ မီတာ-၈၀ အမြင့်မှ ထိုးကျခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှစ်ဦးအပါဝင် လူ ၁၉-ဦးသေဆုံးခဲ့ကာ အခြား ၁၈-ဦးမှာ ဒဏ်ရာရရှိခဲ့ကြသည်ဟု ဒေသတွင်း ရဲတပ်ဖွဲ့မှ ရဲမှူး ဂျူလီယို ပရာဒိုက ပြောကြားခဲ့သည်။

Antezana ကုမ္ပဏီပိုင် အဆိုပါဘတ်စ်ကားမှာ Andes တောင်တန်းများရှိ လျှိုမြောက်ချိုင့်ဝှမ်းပေါများသော ဒေသများသို့ ပြေးဆွဲနေသည့် ဘတ်စ်ကားလည်းဖြစ်သည်။ 
 
ထိုဘတ်စ်ကားအားမောင်းနှင်သူမှာ လေထန်၍ ကျဉ်းမြောင်းသော တောင်ကြားလမ်းတွင် အရှိန်ပြင်းစွာမှောင်းနှင်ခဲ့သည်ဟု ဒဏ်ရာရရှိခဲ့တစ်ဦးမှ ပြောကြားခဲ့ကြောင်း၊ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေကြောင်း ရဲမှူး ပရာဒိုက ထည့်သွင်း ပြောကြားခဲ့သည်။ 
 
ပီရူးနိုင်ငံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုများမှာ အားနည်းပြီး ခရီးသည်တင် ဘတ်စ်ကားများ မကြာခဏ တိမ်းမှောက်လေ့ရှိသည်။

Aaljazeera News:, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment