Pages

Monday, October 7, 2013

ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရနှင့် ကချင်အဖွဲ့များ မြစ်ကြီးနားရောက်

Photo: ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အစိုးရနှင့် ကချင်အဖွဲ့များ မြစ်ကြီးနားရောက်
Monday, October 7, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန်ကျင်းပမယ့် ကေအိုင်အိုနဲ့အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိနေပြီ ဖြစ်ပါတယ်။

အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ၅ဦး အပါအ၀င် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်ပါတယ်။ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အလုပ်အမှုဆောင် အကြံပေးအဖွဲ့က ဦးလှမောင်ရွှေကခုလိုပြောပါတယ်။

"ဝန်ကြီး ဦးအောင်မင်းတက်မယ်၊ ပြီးတော့ ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအုန်းမြင့်၊ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ပြည်နယ်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတက်မယ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းမောင်တက်မယ်၊ နောက် အရှေ့မြောက်တို်င်းမှူး ဗိုလ်ချုပ် အောင်စိုးတက်မယ်၊ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတက်မယ်၊ ပြီးတော့ အထူးရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တက်မယ်၊ စစ်ရုံးချုပ်က ဗိုလ်မှူးကြီး ကျော်စိုးဝင်းတက်မယ်၊ နောက်ကျနော်တို့တွေပေါ့လေ၊ ကျနော်တို့ MPC က Special Adviser တွေနဲ့ အလုပ်အဖွဲ့တွေ တက်ကြမယ်ခင်ဗျ"

မြစ်ကြီးနားကို ဒီနေ့ရောက်လာတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ နောင်လာမယ့် အစီအစဉ်တွေအားလုံးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါပဲလို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီဆွေးနွေးပွဲက သိပ်အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခုလို့ မျှော်လင့်ပါတယ်၊ နောက်လုပ်မယ့် အစီအစဉ်တွေ အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောချင်ပါတယ်၊ ရလာဒ်အနေနဲ့ တိတိကျကျရမယ်၊ မရဘူးဆိုတာ ဆွေးနွေးပွဲအပေါ်မှာ မူတည်မှာပါ၊ ဒီဆွေးနွေးပွဲက နောက်တစ်ကြိမ်အတွက် အများကြီးအထောက်အကူပြုမှာပါ၊ နောက်ဆုံးအကြိမ်လို့ပြောလို့မရပါဘူး၊ ဒီ Process ကို ကျနော်တို့က ပြောရမှာပါ၊ ကျနော်တို့က စိတ်ရှည်လက်ရှည်နဲ့ သေချာဆွေးနွေးသွားမှာဖြစ်ပါတယ်၊ ဒီတစ်ကြိမ်မဖြစ်နိုင်ပေမယ့် ကျနော်တို့က အလားအလာတွေ အကောင်းဘက်ကို ရောက်သွားမှာပါ၊ လောလောဆယ်တော့ မရှိပါဘူး၊ ကျနော်တို့ အစည်းအဝေးပြီးရင် စနစ်တကျ ထုတ်ပြန်မှာပါ"

KIO အဖွဲ့ကို ဦးဆလွတန်ဂမ်ဦးဆောင်ပြီး KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး ဇော်ရော ဒုတိယ ဗိုလ်မှူးကြီး နော်ကူးနဲ့အတူ ရုံးအဖွဲ့ဝင်များ လိုက်ပါလာတယ်လို့သိရပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့က ခေါင်းဆောင်တွေအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar လည်း လေ့လာသူအဖြစ် တက်ရောက်မှာ ဖြစ်ပါတယ်။

RFA

RangonNewsDaily:: October. 7 .2013
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန်ကျင်းပမယ့် ကေအိုင်အိုနဲ့အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်း
ရေးဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း
ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်
ရှိနေပြီ ဖြစ်ပါတယ်။ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ၅ဦး အပါအ၀င် တပ်မတော်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးပါဝင်ပါတယ်
။ ပါဝင်သူတွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး အလုပ်အမှုဆောင် အကြံပေးအဖွဲ့က ဦးလှမောင်
ရွှေကခုလိုပြောပါတယ်။

"ဝန်ကြီး ဦးအောင်မင်းတက်မယ်၊ ပြီးတော့ဝန်ကြီးတွေဖြစ်ကြတဲ့ ဦးအုန်းမြင့်၊ဦးဝင်းထွန်း၊ ဦးခင်မောင်စိုး၊ ပြည်
နယ်ဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတက်မယ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းမောင်တက်မယ်
၊ နောက် အရှေ့မြောက်တို်င်းမှူး ဗိုလ်ချုပ် အောင်စိုးတက်မယ်၊ ဒုဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းတက်မယ်၊ ပြီးတော့ အထူးရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကချင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်တက်မယ်၊ စစ်ရုံးချုပ်က ဗိုလ်မှူးကြီး ကျော်စိုးဝင်းတက်မယ်၊ နောက်ကျနော်တို့တွေပေါ့လေ၊ ကျနော်တို့ MPC က Special Adviser တွေနဲ့ အလုပ်အဖွဲ့တွေ တက်ကြမယ်ခင်ဗျ"

မြစ်ကြီးနားကို ဒီနေ့ရောက်လာတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေရဲ့ ဒုတိယစစ်ဦးချုပ် ဗိုလ်
ချုပ်ဂွမ်မော်ကဒီတစ်ကြိမ်ဆွေးနွေးပွဲဟာ နောင်လာမယ့်အစီအစဉ်တွေအားလုံးအတွက် အင်မတန်အရေးကြီး
တဲ့ အစိတ်အပိုင်းတစ်ခုပါပဲလို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ ဒီဆွေးနွေးပွဲက သိပ်အရေးကြီးတဲ့ ဆွေးနွေးပွဲတစ်ခုလို့ မျှော်လင့်ပါတယ်၊ နောက်လုပ်မယ့် အစီ
အစဉ်တွေ အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုလို့ ပြောချင်ပါတယ်၊ ရလာဒ်အနေနဲ့ တိတိကျကျရမယ်၊ မရဘူးဆိုတာ ဆွေးနွေးပွဲအပေါ်မှာ မူတည်မှာပါ၊ ဒီဆွေးနွေးပွဲက နောက်တစ်ကြိမ်အတွက် အများကြီးအထောက်အကူပြုမှာပါ၊ 
 
နောက်ဆုံးအကြိမ်လို့ပြောလို့မရပါဘူး၊ဒီProcessကိုကျနော်တို့က ပြောရမှာပါ၊ ကျနော်တို့က စိတ်ရှည်လက်
ရှည်နဲ့ သေချာဆွေးနွေးသွားမှာဖြစ်ပါတယ်၊ ဒီတစ်ကြိမ်မဖြစ်နိုင်ပေမယ့် ကျနော်တို့က အလားအလာတွေ အကောင်းဘက်ကို ရောက်သွားမှာပါ၊ လောလောဆယ်တော့ မရှိပါဘူး၊ ကျနော်တို့ အစည်းအဝေးပြီးရင် စနစ်တကျ ထုတ်ပြန်မှာပါ"

KIO အဖွဲ့ကို ဦးဆလွတန်ဂမ်ဦးဆောင်ပြီး KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်တောင်၊ ဗိုလ်မှူးကြီး ဇော်ရော ဒုတိယ ဗိုလ်မှူးကြီး နော်ကူးနဲ့အတူ ရုံးအဖွဲ့ဝင်များ လိုက်ပါလာတယ်လို့သိရပါတယ်။

မနက်ဖြန်ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့က ခေါင်းဆောင်
တွေအပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ Vijay Nambiar လည်း လေ့လာသူ
အဖြစ် တက်ရောက်မှာ ဖြစ်ပါတယ်။

RFA , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment