Pages

Monday, October 7, 2013

ချယ်ဆီးသည် ဘိုင်ယန်မြူးနစ်၏ ကစားဟန်ကို တုပနေခြင်း မရှိဟု မော်ရင်ဟို ပြောကြား

Photo: ချယ်ဆီးသည် ဘိုင်ယန်မြူးနစ်၏ ကစားဟန်ကို တုပနေခြင်း မရှိဟု မော်ရင်ဟို ပြောကြား
Monday, October 7, 2013

မိမိသည် ဥရောပချန်ပီယံ ဘိုင်ယန်မြူးနစ်၏ ကစားဟန်ကို တုပနေခြင်း မရှိကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

ဂျာမန်ကလပ်သည် နည်းပြဟောင်း ဟေးနက်စ် ကိုင်တွယ်ခဲ့စဉ်က ဘွန်ဒက်စ်လီဂါဖလား၊ ပိုကယ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား တို့ကို ရရှိခဲ့သည်။

ထို့အပြင် ဘိုင်ယန်မြူးနစ်သည် နည်းပြသစ် ဂွာဒီယိုလာ လက်အောက်တွင်လည်း ယခင်ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး အီတီဟတ်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ချက်စတာစီးတီးကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော်လည်း နော်ဝစ်ခ်ျကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မိမိ၏ ကစားသမားများသည် ဘိုင်ယန်မြူးနစ်အသင်း၏ ကစားဟန်အတိုင်း တုပကစားနေသည်ဟု မထင်မြင်ကြောင်းနှင့် ၎င်းတို့တွင် သီးခြားအရည်အသွေးများ ပိုင်ဆိုင်ထားကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။

“အခြားကစားသမားတွေ ကစားသလိုမျိုး တုပကစားမယ်ဆိုရင် ဒါဟာ မိုက်မဲမှုတစ်ရပ်လို့ပဲ မြင်ပါတယ်။ ကျွန်တော် စပိန်မှာ အမှတ် ၁၀၀ နဲ့ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တုန်းက ဘာစီလိုနာရဲ့ ကစားပုံအတိုင်း ကစားခဲ့တာ မဟုတ်ပါဘူး။ သူများပုံစံအတိုင်း တုပကစားနေမယ်ဆိုရင်လည်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး” ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

ချယ်ဆီးနှင့် ဘိုင်ယန်မြူးနစ်သည် သြဂုတ်လက ယှဉ်ပြိုင်ကစားခဲ့သည့် စူပါဖလားပြိုင်ပွဲတွင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က ဂွာဒီယိုလာ၏ အသင်းက ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

Soccer Myanmar

RangonNewsDaily:: October. 7 .2013
မိမိသည်ဥရောပချန်ပီယံဘိုင်ယန်မြူးနစ်၏ကစားဟန်ကို တုပနေခြင်း မရှိကြောင်း ချယ်ဆီး မန်နေဂျာဟိုဆေး
မော်ရင်ဟိုက ပြောကြားလိုက်သည်။ ဂျာမန်ကလပ်သည် နည်းပြဟောင်း ဟေးနက်စ် ကိုင်တွယ်ခဲ့စဉ်က ဘွန်ဒက်စ်လီဂါဖလား၊ ပိုကယ်ဖလားနှင့် ချန်ပီယံလိဂ်ဖလား တို့ကို ရရှိခဲ့သည်။

ထို့အပြင် ဘိုင်ယန်မြူးနစ်သည် နည်းပြသစ်ဂွာဒီယိုလာလက်အောက်တွင်လည်း ယခင်ခြေစွမ်းကို ဆက်လက်
ထိန်းသိမ်းထားနိုင်ခဲ့ပြီး အီတီဟတ်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ချက်စတာစီးတီးကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော်လည်း နော်ဝစ်ခ်ျကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် မိမိ၏ ကစားသမားများသည်ဘိုင်ယန်မြူးနစ်
အသင်း၏ ကစားဟန်အတိုင်း တုပကစားနေသည်ဟု မထင်မြင်ကြောင်းနှင့် ၎င်းတို့တွင် သီးခြားအရည်အ
သွေးများ ပိုင်ဆိုင်ထားကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။

“အခြားကစားသမားတွေ ကစားသလိုမျိုး တုပကစားမယ်ဆိုရင် ဒါဟာ မိုက်မဲမှုတစ်ရပ်လို့ပဲ မြင်ပါတယ်။ ကျွန်
တော် စပိန်မှာ အမှတ် ၁၀၀ နဲ့ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့တုန်းက ဘာစီလိုနာရဲ့ ကစားပုံအတိုင်း ကစားခဲ့တာ မဟုတ်ပါဘူး။ သူများပုံစံအတိုင်း တုပကစားနေမယ်ဆိုရင်လည်း ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှ
 ရောက်မှာ မဟုတ်ဘူး” ဟု မော်ရင်ဟိုက ပြောကြားသွားခဲ့သည်။

ချယ်ဆီးနှင့် ဘိုင်ယန်မြူးနစ်သည် သြဂုတ်လက ယှဉ်ပြိုင်ကစားခဲ့သည့် စူပါဖလားပြိုင်ပွဲတွင် တွေ့ဆုံခဲ့ကြပြီး ထိုစဉ်က ဂွာဒီယိုလာ၏ အသင်းက ပင်နယ်တီဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

Soccer Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment