Pages

Thursday, October 10, 2013

အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ ဝင် ဦးစောမြင့်မောင်နှင့် တွေ့ဆုံခြင်း

Photo: အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ ဝင် ဦးစောမြင့်မောင်နှင့် တွေ့ဆုံခြင်း
Thursday, October 10, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲအမီ ပြင် ဆင်ရေး နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်း အသီးသီးက စတင် လုပ်ဆောင်နေပြီ ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ရာတွင် တပ်မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စသည့် နိုင်ငံရေးအင်အားစုများ အားလုံး လက်ခံနိုင်သည့် အနေအထား ဖြစ်ရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုရှိရှိ ရှေ့ဆက်သွားနိုင်ရေး အတွက် မည်သို့ လုပ်ဆောင်ရမည်ကို ဆဝါးနိုင်စေရန် အမျိုးသား လွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးစောမြင့်မောင်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။

Voice : ပထမဆုံးအနေနဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် နိုင်ငံအပေါ်မှာ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်နေလဲဆိုတာ သုံးသပ်ပေးပါ။

USMM : ဆိုးကျိုးမရှိပါဘူး။ ကောင်းကျိုးကတော့ ကာလကလည်း ၂ နှစ်ခွဲပဲ ရှိသေးတယ်။ ပြည့်ပြည့်စုံစုံ ပုံမပေါ်သေးဘူး။ သို့သော် သိသာတဲ့ ကောင်းကျိုးက ဘာလဲဆိုတော့ မြန်မာတစ်မျိုးသားလုံး ဘယ်တုန်းကမှ မရရှိခဲ့တဲ့ Democratic Culture အလေ့အကျင့် ဖြစ်လာတယ်။ တရားဥပဒေ စိုးမိုးရေးဆိုတာ ဘယ်လို၊ လူ့အခွင့်အရေး ဆိုတာ ဘယ်လို၊ လွတ်လပ်တဲ့ တရားစီရင်မှုက ဘယ်လို၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘယ်လို စသည်ဖြင့် တကယ်ရတာ တွေလည်းရှိတယ်။ မရသေးတာတွေလည်း ရှိမယ်။ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးတစ်ခုရဲ့ လက္ခဏာတွေ တော်တော်များများ လက်တွေ့ ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ အကျိုးကျေးဇူး ရှိတယ်လို့ ပြောရမှာပေါ့။ ဒီအခြေခံဥပဒေ ပေါ်ပေါက်လာပြီးမှ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးတာလည်း ရှိလာတာ။

Voice : ဒီ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဘဲနဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲကို သွားလို့မရဘူး ဆိုတဲ့ အပေါ်မှာရော ဘယ်လို သဘောရပါလဲ ဆရာ။

USMM : ဘာလို့မရဘူးလို့ ပြောတာလဲ။ မရဘူးလို့ ပြောလို့ မရဘူးလေ။ ၂၀၀၈ အခြေခံဥပဒေသည် လုံးဝပြည့်စုံတဲ့ အခြေခံ ဥပဒေ မဟုတ်ဘူး။ အားနည်းချက်တွေ ရှိတယ်၊ ရှေ့နောက် မညီတာတွေပါတယ်၊ တချို့ဟာတွေက ဒီမိုကရေစီ သဘောတရား တွေနဲ့ မကိုက်ညီတဲ့ အချက်တွေ ပါတယ်။ ဒါတွေက မှန်တယ်။ ဒါပေမဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မပြည့်ဝလို့ ဒါကြီးကို လွှင့်ပစ်ရမှာ မဟုတ်ဘူး။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အခြေခံဥပဒေတစ်ခု စပြီးတော့ ရေးဆွဲလိုက် ပြီဆိုပါတော့။ ရေးဆွဲတဲ့နေရာမှာ ဘယ်လို စံနှုန်းတွေနဲ့ ပြည့်စုံပါစေ နောင်ကာလ တစ်ခုကြာတဲ့အခါ မပြည့်စုံတဲ့ အချက်တွေ တွေ့လာလို့ ပြင်လေ့ပြင်ထ ရှိတယ်။ 
ယနေ့ ကမ္ဘာက ဒီမိုကရေစီစံ အဖြစ် ယူနေရတဲ့ အမေရိကန် ဒီမိုကရေစီမှာ ရှိနေတဲ့ အခြေခံ ဥပဒေကိုတောင် အကြိမ်ကြိမ် ပြင်ခဲ့ရတယ်။ တစ်ကြိမ်နဲ့ ပြီးလာတာ မဟုတ်ဘူး။ ပြင်ရင်းနဲ့ပဲ သူ့ရဲ့အခြေခံဥပဒေက ပိုပြီးတော့ ပြည့်စုံလာတာ။ လူတွေ ဒီမိုကရေစီ အလေ့အကျင့် တွေပေါ်မှာ သဘောပေါက်လာတဲ့အပေါ် မူတည်ပြီး ပြောင်းပြောင်းသွားတာ။ Democratic Culture ပိုရင့်လာလေ အခြေခံဥပဒေတစ်ခု က ပိုကောင်းလာလေဖြစ်တဲ့ သဘောရှိတယ်။ ဒါ အမေရိကန်စံနှုန်းကို ကြည့်ပြီး ပြောတာ။ ဗြိတိန်မှာကျ အခြေခံဥပဒေ မရှိဘူး။ သူက Common Law ဆိုတာနဲ့ သွားတာ။ ဓလေ့ထုံးတမ်း အစဉ်အလာတွေ အပေါ်မှာ ဥပဒေတွေ တစ်ခုပြီးတစ်ခု ပြဋ္ဌာန်း သွားတာ။ ဒါတွေသည်ပင် အခြေခံဥပဒေ ကဲ့သို့ လိုက်နာသွားရတာ။ သတ်သတ်ရေး ထားတာ ဗြိတိန်မှာ မရှိဘူး။ မြန်မာနိုင်ငံ ကိုလည်း သူတို့ Common Law တွေနဲ့ပဲ အုပ်ချုပ်သွားတာ။ အခြေခံဥပဒေဆိုတာ မရှိဘူး။ အဲဒီ Common Law တွေထဲမှာ အာဏာသုံးရပ်ကို ဘယ်လိုခွဲဝေကျင့်သုံးမယ် ဆိုတာ ပါပြီးသား။ 
အဓိက နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါ အာဏာသုံးရပ်ကို ဘယ်လိုမျှတအောင် စီမံပြီးသွားကြမယ် ဆိုတဲ့ စနစ်က အရေးကြီးတာ။ နောက်ပိုင်းမှာ အဲဒါကို ဘယ်လိုဖြစ်သင့်တယ် ဘယ်လိုသွားကြမယ် ဆိုတာ လူတွေကသတ်မှတ်ပြီး ရေးဆွဲတာ အခြေခံဥပဒေ ဆိုပြီး ဖြစ်လာတာ။ အဲဒီမှာ အခြေခံဥပဒေကို အာဏာသုံးရပ်ကို ဘယ်လိုစီမံကြမယ် ဆိုတဲ့အပေါ်မှာ အခြေခံပြီး ဆွဲတာတော့ မှန်တယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုနဲ့တစ်ခု ဓလေ့ထုံးတမ်းချင်း မတူတဲ့အခါ အခြေခံဥပဒေ တွေလည်း တစ်ခုနဲ့တစ်ခု တူတယ်လို့မပြောနိုင်ဘူး၊ ဆင်တယ်လို့တော့ ပြောနိုင်တယ်။ အဲဒီ တော့ တို့အခြေခံဥပဒေသည် တို့ရဲ့ နိုင်ငံရေး ယဉ်ကျေးမှု Political Culture နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့တော့ လိုအပ်တယ်။

"အခြေခံဥပဒေကို ဖျက်ဖို့ပြောနေတဲ့ သူတွေသည် တပ်မတော်ကို အာဏာသိမ်းပါတော့လို့ ပြောနေတာနဲ့ အတူတူပဲ..."

Voice : ဒါဆို လက်ရှိအခြေခံဥပဒေ က နိုင်ငံယဉ်ကျေးမှုနဲ့ ဘယ်လောက် လိုက်လျောညီထွေမ ရှိတယ်လို့ ယူဆပါသလဲ။

USMM : ၂၀၀၈ ဖွဲ့စည်းပုံက အဲဒါတွေနဲ့ ကိုက်ညီပြီလားဆိုတော့ မကိုက်ညီသေးဘူး။ ကိုက်ညီအောင် လုပ်ကြရဦးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည့်စုံတဲ့ အခြေခံဥပဒေ မဟုတ်တာတော့ သေချာတယ်။ ပြင်ရမယ်။ ဘယ်လိုပြင်ကြမလဲ ဆိုတော့ ပြင်ပုံပြင်နည်း တွေကို အခြေခံဥပဒေထဲမှာ ရေးထားတာ ရှိတယ်။ ပြင်ဖို့ခက်တယ် ဆိုတာလည်း ဟုတ်တာပဲ။ သို့သော် တချို့ ဒီအခြေခံဥပဒေ က ပြည်သူတွေရဲ့ သဘောထားနဲ့ ဆွဲထားတာမှ မဟုတ်ဘဲလို့ အကြောင်းပြတယ်။ အဲဒီလို အကြောင်းပြကြစတမ်း ဆိုရင် ၁၉၇၄ ဖွဲ့စည်းပုံသည် ပထမမူကြမ်း၊ ဒုတိယမူကြမ်း တတိယမူကြမ်း အဆင့်ဆင့်နဲ့ ပြည်သူကိုချပြပြီး ခေတ်စကားနဲ့ဆို အလွန်စနစ်ကျတဲ့ ရေးဆွဲမှုမျိုးနဲ့ ရေးဆွဲတာ။ ပြည်သူတွေရဲ့ သဘောတူညီချက် ပါတယ်။ အဲဒါကို ခုဘာလို့ လက်မခံနိုင်လဲ။ ပြည်သူတွေရဲ့ သဘောထားကို ထည့်သွင်း စဉ်းစားရမယ် ဆိုတာတော့ မှန်တယ်။ သို့သော် အဲဒါတွေမပါလို့ ဒီအခြေခံဥပဒေ ကြီးသည် မကောင်းဘူးလို့ ယတိပြတ် ပြောလို့တော့မရဘူး။ 
၂၀၀၈ အခြေခံဥပဒ ပေါ်လာပုံကတော့ သိပ်ဟန်မကျဘူး။ ဒါတော့မှန်တယ်။ ခုက ပေါ်လာပြီးပြီ။ တရားဝင်နိုင်ငံ တစ်ခုမှာ ပြဋ္ဌာန်းပြီးပြီဆိုရင် နိုင်ငံသားတစ်ယောက် အနေနဲ့ ဒါ လိုက်နာရမယ်။ မလိုက်နာချင်ရင် ဒီနိုင်ငံမှာ မနေ ရုံပဲ။ နေရင်တော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လိုက်နာရရိုး ထုံးစံ ရှိတယ်။ မကောင်းဘူးဆိုတော့ ရအောင် ပြင်ရမယ်။ ခက်တာ လွယ်အောင်ပြင်ရမယ်။ ပြင်မယ်ဆိုတဲ့အခါ လက်ရှိ ပြောနေကြတာတောင် သိပ်မရှိဘူး။ တကယ်တမ်းကျ အများကြီးပဲ။

အခြေခံဥပဒေထဲမှာ ပုဒ်မ ၅၅ ခုလောက်က သူနဲ့ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းရမယ်လို့ ပါတယ်။ အဲဒါတွေပြီးအောင် မပြဋ္ဌာန်းနိုင်သေးဘဲ အခြေခံ ဥပဒေကြီးက လိပ်ပတ် လည်သွားပြီလို့ မဆို နိုင်ဘူး။ ဒီမှာက အဲဒီဥပဒတွေ မပြုရသေးဘူး။ လောလောဆယ် မပြည့်စုံသေးတဲ့ အခြေခံဥပဒေကြီး။ အဲဒါတွေ လုပ်စရာ ကျန်သေးတယ်။ အခြေခံဥပဒေ ပြင်မယ်ဆိုတာ လက်ခံပေမယ့် အုပ်ချုပ်ရေးစနစ်တစ်ခု ကျင့်သုံးတာ ၂ နှစ်ကျော်ကျော်ပဲ ရှိသေး တယ်။ ကမ္ဘာမှာ စနစ်တစ်ခုကို အနည်းဆုံး ၁၀ နှစ်လောက် ကျင့်သုံးရတယ်။ အဲဒီလို ကျင့်သုံးပြီးမှ ဒီစနစ်တစ်ခုက တကယ်ကို အလုပ်မဖြစ်တော့ဘူး ပြင်ကြမယ်ဆိုပြီး ဒီလိုသွားတာ။
ကောင်းနေပါတယ်လို့ ယူဆထားတဲ့ အုပ်ချုပ်ရေးစနစ် တစ်ခုတောင်မှ ဆယ်နှစ်ကြာရင် ပြန် Review လုပ်ရရိုး ထုံးစံရှိတယ်။ ဆိုလိုတာက စနစ်တစ်ခုကို ကျင့်သုံးဖို့ ကာလတစ်ခုလည်း လိုအပ်တယ်။ လိပ်ပတ်လည်အောင် ကျင့်သုံးဖို့ မပြည့်စုံတဲ့ အချိန်ကာလမှာ ခုရေး ခုပြင်ဆိုရင် နိုင်ငံရေး တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်။

Voice : ဒါဆို အခြေခံဥပဒေကို အသစ်ပြန်ရေးကြမယ် ဆိုတဲ့ အပေါ်မှာရော ဆရာ ဘာများပြောချင်လဲ။

USMM : ကြားပါတယ်။ ဖျက်ပစ်လိုက်ကြပါစို့ ဆိုတာတွေ။ အဲဒါ အင်မတန် လွဲမှားတဲ့ အမြင်လို့ ယူဆတယ်။ အခြေခံဥပဒေကို ဖျက်မယ်ဆိုရင် ဘယ်သူကဖျက်မှာလဲ။ အစိုးရက ဖျက်လို့မရဘူး။ လွှတ်တော်ကလည်း ဖျက်လို့မရဘူး။ တရားရုံးကလည်း ဖျက်လို့မရဘူး။ ဒါကို ဘယ်သူက ဖျက်မှာတုန်း။ တစ်နည်းပဲရှိတယ်။

အခြေခံဥပဒေ ပျက်ပြီဆိုတာနဲ့ လွှတ်တော်မရှိတော့ဘူး၊ အစိုးရမရှိတော့ဘူး၊ တရားရုံးတွေလည်း တရားစီရင်ပိုင်ခွင့်တွေ ပျက်ပြီ၊ ဒါ တိုင်းပြည်ပျက်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါဆို မပျက်အောင်ထိန်းတဲ့ အင်အားစုတစ်ခု ပေါ်ပေါက်ဖို့လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။ အဲဒီအင်အားစုက ဘယ်သူဖြစ်မလဲ။ လက်တွေ့ကျကျ စဉ်းစားရင် တပ်မတော်ပဲ ရှိတယ်။ အခြေခံဥပဒေကို ဖျက်ဖို့ပြောတဲ့ သူတွေသည် တပ်မတော်ကို အာဏာသိမ်းပါတော့လို့ ပြောတာနဲ့ အတူတူပဲ။

နောက်တစ်ခု လက်ရှိတပ်မတော် ကိုယ်၌က သူတို့ ဒီလမ်းကြောင်းကို မလိုက်ဘူးလို့ ပြောတယ်။ အာဏာသိမ်းတာ သူတို့မလုပ်ဘူး။ ဆိုတော့ ဒီအခြေခံဥပဒေကို ဖျက်ဖို့ဆိုတာ လုပ်လို့မှ မရတာ။ နောက် ဒီအခြေခံဥပဒေ တည်ဆောက်ထားပုံသည် အာဏာသုံးရပ် အပြန်အလှန် ထိန်းကျောင်းတဲ့ ပုံသဏ္ဌာန်ကို ဖော်ထားတယ်။ ဒီလိုစနစ်မျိုးသည် နိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အများစု တွေးကြတာ ပါတီတစ်ရပ်က သူအာဏာရရင် ထင်သလို ချယ်လှယ်မယ်ပေါ့။ လွှတ်တော်ထဲမှာလည်း အများစု၊ အစိုးရကိုလည်း သူကဖွဲ့မယ်။ သူလုပ်ချင်သလို လုပ်မှာပေါ့ ဆိုပြီး ပြောကြတယ်။ ခု အဲဒီလို ဖြစ်သလား။ ဒီအစိုးရနဲ့ ဒီလွှတ်တော်က အများမြင်သလို တစ်သဘောတည်းနဲ့ လုပ်နေတာ ဟုတ်သလား။ လွှတ်တော်နဲ့ အစိုးရ သဘောမတူလို့ ရန်ဖြစ်နေကြပြီ ပြောကြတာတောင် ရှိတယ်။ ဒါမျိုး နိုင်ငံမှာ ကြုံဖူးသလား။ ဒါသည်ပင် လက်ရှိအခြေခံဥပဒေရဲ့ ထူးခြားချက်လို့ ယူရမယ်။ ဒီပါတီကြီးသည် လွှတ်တော်ထဲမှာလည်း အားကောင်းတယ် အစိုးရသည်လည်း သူပဲ ဆိုတာတောင် ဒီပါတီကနေ ကြိုးကိုင်တာ မဟုတ်ဘူးဆိုတာ ပေါ်နေတယ်။ အစိုးရကလည်း အစိုးရ အလုပ်လုပ်တယ်။ လွှတ်တော်ကလည်း လွှတ်တော်အလုပ် လုပ်တယ်။ ဒီနှစ်ခု အပြန်အလှန် ထိန်းကျောင်းမှုရှိတယ်။ ဒါကိုလည်း သဘောပေါက်ဖို့လိုတယ်။

ငါတို့ပါတီက လွှတ်တော်ထဲမှာ အများစုရရင် ငါတို့ ကြိုက်သလို လုပ်နိုင်လိမ့်မယ် ဆိုတာ မဟုတ်ဘူး။ မှားတယ်။ အစိုးရအဖွဲ့ ကောင်းသည် ဆိုးသည်ဆိုတာ အစိုးရအဖွဲ့ရဲ့ အရည်အသွေး ပေါ်မှာ မူတည်တယ်။ အဲဒီမှာ အခရာသည် သမ္မတပဲ။ လွှတ်တော်က ဝင်စွက်လို့မရဘူး။ ခြုံငုံသုံးသပ်ရရင် ဒီအခြေခံဥပဒေသည် ပြင်စရာတွေ များလှတယ် မှန်သော်ငြားလည်း လတ်တလော အရေးတကြီးပြင်စရာ မလိုသေးဘူးလို့ ယူဆတယ်။

Voice : အခြေခံဥပဒေမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို ပြောပါဦး။

USMM : တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ဆိုတာတော့ မလွဲမသွေ လုပ်ရမယ့်ဟာ။ ဒီအခြေခံဥပဒေမှာ ဖက်ဒရယ်ကို သွားလို့ရအောင် လမ်းခင်းပေးထားတာ ပါတယ်။ ပါတဲ့ဟာကို ပြင်ရင်းနဲ့ ဖက်ဒရယ်စနစ် ရောက်အောင်သွားရမှာ။ လက်ရှိဖွဲ့စည်းပုံကို တကယ်စနစ်ကျတဲ့ ဖက်ဒရယ်ကို သွားနိုင်ဖို့ရာ ပြင်သွားရင်းနဲ့ ရတယ်။ လက်ရှိမှာတော့ လမ်းခင်းပေးထားရုံပဲ ပါတယ်၊ အသေးစိတ် ဘယ်လိုခွဲဝေ ကျင့်သုံးရမယ် ဆိုတာ မပါသေးဘူး။

Voice : လက်ရှိ အခြေခံဥပဒေကို ပြင်ကြမယ် ဆိုတဲ့နေရာမှာ အတားအဆီး တွေက များလွန်းတော့ ဘယ်အတိုင်းအတာထိ ပြင်နိုင်စွမ်း ရှိမယ်လို့ ထင်ပါသလဲ။

USMM : ပြင်မယ်ဆိုတော့ ဆန္ဒခံယူပွဲ လုပ်ရမယ်။ ဆန္ဒခံယူပွဲက ခဏခဏထလုပ် လို့ ရကောင်းတာမျိုး မဟုတ်ဘူး။ ဒီတော့ ပြင်ဖို့ရာ အရေးကြီးဦးစားပေး ပုဒ်မတွေ စိစစ်ပြီး အပိုင်းလိုက် ဖြည်းဖြည်းချင်း ပြင်သွားမှဖြစ်မယ်။ အဲဒီလိုမဟုတ်ဘဲ အငြင်းပွားစရာတွေ ပေါ်လာမယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုကို သွားထိခိုက်နိုင်တယ်။ နောက် ဒါကြီးကို လုပ်နေချိန်မှာ စီးပွားရေးလည်ပတ်မှုက တစ်နေရာရာမှာ အထစ်အငေါ့တွေ ဖြစ်နိုင်တယ်။

Voice : ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်တယ်လို့ ဆိုထားတယ်။ ဒါဆို အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်မှရမယ်။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါလဲ။

USMM : လူတစ်ယောက်အတွက် ပြင်ရမယ်ဆိုရင် အများက ဆုံးဖြတ်ပေါ့။ အဲဒီပုဒ်မမှာ သားသမီးသည် နိုင်ငံခြားသား မဖြစ်ရဆိုတဲ့ တစ်ချက်နဲ့ သူက သွားငြိနေတာပေါ့။ အဲဒီလို ငြိနိုင်တာသည် ဒေါ်အောင်ဆန်းစုကြည် အပြင် မြန်မာနိုင်ငံရဲ့ အရှေ့ဘက်စည်းရိုးနဲ့ အနောက်ဘက် စည်းရိုးမှာရော မရှိနိုင်ဘူးလား။ ၄၇ နဲ့ ၇၄ ဖွဲ့စည်းပုံတွေ မှာတော့ မပါဘူးမှန်တယ်။ ဒါပေမဲ့ ဒီအဆိုက ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ထားတာ။ အသစ်မဟုတ်ဘူး။ အန္တရာယ်က အဲဒီအချိန် ကတည်းကရှိခဲ့တာ။

Voice : ခုဖွဲ့စည်းပုံကို ပြင်မယ့်သူနဲ့ ဖျက်မယ့်သူနဲ့ အင်အားစုတွေ အကြား ၂၀၁၅ကို ဘယ်လိုညှိနှိုင်းပြီး ဆက်သွား သင့်ပါသလဲ။

USMM : ဒါက သဘောတူညီချက်နဲ့ လုပ်လို့ရတယ်။ ပြင်မယ်ဆိုတဲ့ နေရာမှာ ဥပဒေမှာ ပါထားတာက လွှတ်တော်တွင်း ၇၅ ရာခိုင်နှုန်းအထက် ဆိုတာအပြင် ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့မှဆိုတာ ပါတယ်။ အဲဒီဟာကို အရင်ပြင်ရဦးမှာ။ ဒါကြောင့် အရေးကြီးတာတွေ အရင်ထုတ်ပြင်ပြီးရင် ကျန်ပြင်စရာတွေကို လွှတ်တော်တွင်းမှာပဲ ပြင်လို့ ရသွားနိုင်စရာ ရှိတာပေါ့။ 
အခြေခံဥပဒေကြီး တစ်ခုလုံးကို စပြီး စဉ်းစားတော့မယ် ဆိုရင် အရေးကြီးဆုံးဟာ အရင်ပြင်တာမျိုး လုပ်သင့်တယ်။ ကိုယ်ဖြစ်ချင်တာကို တွန်းပြီး လုပ်လိုက်တဲ့အတွက် လက်ရှိရရှိနေတဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်သွားမှာလည်း စိုးရိမ်ရတယ်။ ဘာပဲလုပ်လုပ် လက်ရှိရထားတဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မထိခိုက်သင့်ဘူး။ တို့လူမျိုးတွေရဲ့ Political Culture ကြောင့် အချိန်လိုတယ်။ ၂၀၁၅ မတိုင်မီ ပြင်ရမယ်ဆိုရင် လိုအပ်တယ်လို့ ယူဆတဲ့ အချိန်တော့ မရနိုင်သေးဘူးလို့ တွက်တာ။

Voice : အခြေခံဥပဒေ ပြင်တဲ့နေရာမှာ ဘယ်အဆင့် ဘယ်နေရာ တွေသည် အခက်ခဲဆုံး ဖြစ်ပြီး ဘယ်လို ကျော်လွှားနိုင်မလဲ။

USMM : တစ်ဦးချင်းစီက နိုင်ငံရေးအမြင်မှာ ဒါသည် မလုပ်ရင်မဖြစ်တော့ဘူး ဆိုတဲ့ အဆင့်ရောက်ဖို့ လိုတယ်။ လက်ရှိ ကြံ့ခိုင်ရေးပါတီဝင် တင်တဲ့အဆို တစ်ခုကို လွှတ်တော်မှာရှိတဲ့ သူ့ပါတီဝင် အားလုံးက ထောက်ခံသလား။ အားလုံးက တိုင်းပြည် အကျိုးစီးပွားအတွက် မြင်လာတဲ့အမြင်မျိုး ရှိမှ လုပ်လို့ရမယ်။ လက်တွေ့မှာ ကြံ့ခိုင်ရေးက ပြောတိုင်း တပ်မတော်ဘက်က မထောက်ခံသလို တပ်မတော်တင်တဲ့ အဆိုကိုလည်း ကြံ့ခိုင်ရေးဘက်က ကန့်ကွက်တာတွေ အများကြီး။ ကြံ့ခိုင်ရေးမှာ၊ တပ်မတော်မှာ၊ NLD မှာ၊ နောက်ပြီး အခြားပါတီတွေမှာ တော်တဲ့သူတွေ ရှိတယ်။ အဲဒီလူတွေကို မွေးရမယ်။

ပါတီတိုင်း ဘက်တိုင်းမှာ လူတော်တွေရှိတယ်။ အကုန်တော် အကုန်ညံ့တာတော့ ဘယ်မှာမှ မရှိဘူး။ ဘယ်ပါတီ ဘယ်အုပ်စုက ဖြစ်ဖြစ် တော်တဲ့သူတွေ ကိုပဲ တက်စေချင်တယ်။ တိုင်းပြည်ရဲ့အကျိုးစီးပွားကို အမြင်ကျယ်ကျယ်နဲ့ ပြုပြင်သွားမှာ သူတို့ပဲ။ ဘယ်ပါတီ အဖွဲ့အစည်းကဖြစ်ဖြစ် တော်တဲ့သူတွေ လွှတ်တော်တွင်း အစိုးရတွင်း နေရာရသွားရင် နိုင်ငံတိုးတက်မယ်။ လက်ရှိ ဗျူရို ကရေစီယန္တရားကြီးက ထောင့်စုံက ပျက်နေတယ်။ အဲဒါကို ပြန်ပြင်ဖို့ အချိန်ပေးရမယ်။ သူက လူတွေနဲ့ လုပ်ယူရတာ။ လူဆိုတာ လေ့ကျင့်ရတယ်။ မျိုးဆက်တစ်ခုလောက် လိုတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေးတွေ အောက်ခြေမရောက်ဘူး ဆိုတာ အဲဒါကြောင့်ပဲ။ သူ့ရဲ့ မူဝါဒတွေကို ပြီးပြည့်စုံအောင် ဆောင်ရွက်မယ့် ဗျူရိုကရေစီ ယန္တရား မရှိဘူး။ လတ်တလော အရေးတကြီး ပြောင်းဖို့လိုတာ ဗျူရိုကရေစီ ယန္တရားကို ပြင်ဖို့။ ဒါကို အခြေခံဥပဒေကိုပဲ ဝိုင်းပြီး လက်ညှိုးထိုးနေတာတော့ မဟုတ်သေးဘူး။

Voice : ကြံ့ခိုင်ရေးက လတ်တလော ထုတ်ပြန်ထားတာမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးလို့ ဆိုးကျိုးဖြစ်ပေါ်ခဲ့ရင် ပြည်သူလူထုပဲ ခံရမယ်လို့ ပြောတယ်။ ဆရာ့အနေနဲ့ အဲဒီအပေါ် ဘယ်လိုမြင်လဲ။

USMM : သူပြောတာ အဓိပ္ပာယ်ဖွင့်ရရင် နိုင်ငံရေးမတည်ငြိမ်မှုကို ဦးတည်လိမ့်မယ်လို့ ပြောတယ်။ နိုင်ငံရေး မတည်ငြိမ်ရင် အများဆုံး ထိခိုက်နစ်နာမှာ ပြည်သူပဲလေ။ ဒါရှင်းနေတာပဲ။

Voice : ခုလွှတ်တော်ထဲမှာ တပ်မတော်သားတွေ ပါဝင်မှုနဲ့ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်တယ်လို့ ဆရာ ယူဆပါသလဲ။

USMM : လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေ ပါဝင်လာတာသည် နိုင်ငံရေးဆိုတာ ဒီလိုပါလား၊ ဒီမိုကရေစီဆိုတာ ဒီလိုပါလားဆိုတာ သူတို့ သဘောပေါက်သွားတယ်။ သူတို့တွေသည် အရင်က တပ်မတော်သားတွေလို တုံးတိုက်တိုက် ကျားကိုက်ကိုက် လူတွေ မဟုတ်တော့ဘူး။ စဉ်းစားဆင်ခြင်တတ်တဲ့ တပ်မတော်သားတွေအဖြစ် ပြောင်းသွားတယ်။ နိုင်ငံရေး သဘောထားမှာ အရည်အသွေး မြင့်လာတယ်။ အဲဒီလို တပ်မတော်အဖြစ် ပြောင်းလာနေတာက တပ်မတော်က အာဏာပြန်သိမ်းမှာမျိုး သူတို့မစဉ်းစားတော့ဘူး။

Voice : ဒါဆို ခုတပ်မတော်ကလည်း အာဏာသိမ်းတဲ့ နောက်ကြောင်းပြန်မှုမျိုး မလုပ်ဘူးလို့ ဆိုတယ်။ ဒီဘက်က အင်အားစု အသီးသီးကလည်း ပြင်ရေးဖျက်ရေး လွန်ဆွဲ နေကြတာတွေနဲ့ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းကို ဘယ်လိုများ မြင်ပါသလဲ။

USMM : ပြောကြဆိုကြ ငြင်းကြခုံကြ တာတွေတော့ သွားနေဦးမှာပေါ့။ အားပြိုင်တာတော့ ရှိနေမှာပေါ့။ သို့သော် ဒီမိုကရေစီအတွက် ပြောရင်းနဲ့ ဒီမိုကရေစီကို ပျက်စီးစေတဲ့ လမ်းကြောင်းပေါ် ရောက်နိုင်တယ် ဆိုတာ သိဖို့လိုတယ်။

လက်ရှိမြင်သလောက်ကို အုပ်စုသုံးစု ခွဲကြည့်မယ်ဆို တစ်စုသည် ဒီမိုကရေစီလမ်းကြောင်း ကနေ ဘေးချော်အောင် တိုက်ချင်တဲ့သူရှိတယ်။ နောက်တစ်ခု က ဒီမိုကရေစီအတွက်လို့ ပြောနေရင်း ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက်ကို ရောက်အောင် တွန်းပို့နေတဲ့ အင်အားစုတွေ။ တတိယ အုပ်စုကတော့ တကယ်ကို ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုပြီး ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစားနဲ့ သွားနေတဲ့ အဲဒီလို အုပ်စုသုံးမျိုး ရှိတယ်။ တကယ်တမ်း ဒီမိုကရေစီ မရအောင် လုပ်တဲ့အုပ်စုက နှစ်စုဖြစ်နေတယ်။ မကြိုက်လို့ ဖျက်တာနဲ့ ကြိုက်ပါတယ် ပြောပြီး ဖျက်နေတာ ရှိတယ်။ အားအနည်းဆုံးက ဒီမိုကရေစီကို စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင်နဲ့ သွားနေတဲ့ အုပ်စုပဲ။

The Voice Weekly

RangonNewsDaily:: October. 10 .2013
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လာမည့် ၂၀၁၅ ရွေးကောက်ပွဲအမီ ပြင် ဆင်ရေး နိုင်ငံရေးပါတီနှင့် အဖွဲ့
အစည်း အသီးသီးက စတင် လုပ်ဆောင်နေပြီ ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ရာတွင် တပ်
မတော်၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စသည့် နိုင်ငံရေးအင်အားစုများ အားလုံး လက်ခံနိုင်သည့် အနေအထား ဖြစ်ရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုရှိ
ရှိ ရှေ့ဆက်သွားနိုင်ရေး အတွက် မည်သို့ လုပ်ဆောင်ရမည်ကို ဆဝါးနိုင်စေရန် အမျိုးသား လွှတ်တော် နိုင်
ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင် ဦးစောမြင့်မောင်နှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါ
သည်။

Voice : ပထမဆုံးအနေနဲ့ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် နိုင်ငံအပေါ်မှာ ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုး သက်ရောက်မှုတွေ ဖြစ်နေလဲဆိုတာ သုံးသပ်ပေးပါ။

USMM : ဆိုးကျိုးမရှိပါဘူး။ ကောင်းကျိုးကတော့ ကာလကလည်း ၂ နှစ်ခွဲပဲ ရှိသေးတယ်။ ပြည့်ပြည့်စုံစုံ ပုံမပေါ်သေးဘူး။ သို့သော် သိသာတဲ့ ကောင်းကျိုးက ဘာလဲဆိုတော့ မြန်မာတစ်မျိုးသားလုံး ဘယ်တုန်းကမှ မရရှိခဲ့တဲ့ Democratic Culture အလေ့အကျင့် ဖြစ်လာတယ်။ 
 
တရားဥပဒေ စိုးမိုးရေးဆိုတာ ဘယ်လို၊ လူ့အခွင့်အရေး ဆိုတာ ဘယ်လို၊ လွတ်လပ်တဲ့ တရားစီရင်မှုက ဘယ်လို၊ တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ ဘယ်လို စသည်ဖြင့် တကယ်ရတာ တွေလည်းရှိတယ်။ 
 
 မရသေးတာတွေလည်း ရှိမယ်။ ဒီမိုကရေစီဆိုတဲ့ စနစ်ကြီးတစ်ခုရဲ့ လက္ခဏာတွေ တော်တော်များများ လက်တွေ့ ကြုံတွေ့နေရတယ်။ အဲ့ဒီတော့ အကျိုးကျေးဇူး ရှိတယ်လို့ ပြောရမှာပေါ့။ ဒီအခြေခံဥပဒေ ပေါ်ပေါက်လာပြီးမှ အာဏာသုံးရပ်ကို ခွဲဝေကျင့်သုံးတာလည်း ရှိလာတာ။

Voice : ဒီ ၂၀၀၈ အခြေခံဥပဒေကို မပြင်ဘဲနဲ့တော့ ၂၀၁၅ ရွေးကောက်ပွဲကို သွားလို့မရဘူး ဆိုတဲ့ အပေါ်မှာရော ဘယ်လို သဘောရပါလဲ ဆရာ။

USMM : ဘာလို့မရဘူးလို့ ပြောတာလဲ။ မရဘူးလို့ ပြောလို့ မရဘူးလေ။ ၂၀၀၈ အခြေခံဥပဒေသည် လုံးဝပြည့်စုံတဲ့ အခြေခံ ဥပဒေ မဟုတ်ဘူး။ အားနည်းချက်တွေ ရှိတယ်၊ ရှေ့နောက် မညီတာတွေပါတယ်၊ တချို့ဟာတွေက ဒီမိုကရေစီ သဘောတရား တွေနဲ့ မကိုက်ညီတဲ့ အချက်တွေ ပါတယ်။ ဒါတွေက မှန်တယ်။ ဒါပေမဲ့ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မပြည့်ဝလို့ ဒါကြီးကို လွှင့်ပစ်ရမှာ မဟုတ်ဘူး။ 
 
ဘယ်နိုင်ငံမှာဖြစ်ဖြစ် အခြေခံဥပဒေတစ်ခု စပြီးတော့ ရေးဆွဲလိုက် ပြီဆိုပါတော့။ ရေးဆွဲတဲ့နေရာမှာ ဘယ်လို စံနှုန်းတွေနဲ့ ပြည့်စုံပါစေ နောင်ကာလ တစ်ခုကြာတဲ့အခါ မပြည့်စုံတဲ့ အချက်တွေ တွေ့လာလို့ ပြင်လေ့ပြင်ထ ရှိတယ်။ 

ယနေ့ ကမ္ဘာက ဒီမိုကရေစီစံ အဖြစ် ယူနေရတဲ့ အမေရိကန် ဒီမိုကရေစီမှာ ရှိနေတဲ့ အခြေခံ ဥပဒေကိုတောင် အကြိမ်ကြိမ် ပြင်ခဲ့ရတယ်။ တစ်ကြိမ်နဲ့ ပြီးလာတာ မဟုတ်ဘူး။ ပြင်ရင်းနဲ့ပဲ သူ့ရဲ့အခြေခံဥပဒေက ပိုပြီးတော့ ပြည့်စုံလာတာ။ 
 
လူတွေ ဒီမိုကရေစီ အလေ့အကျင့် တွေပေါ်မှာ သဘောပေါက်လာတဲ့အပေါ် မူတည်ပြီး ပြောင်းပြောင်းသွားတာ။ Democratic Culture ပိုရင့်လာလေ အခြေခံဥပဒေတစ်ခု က ပိုကောင်းလာလေဖြစ်တဲ့ သဘောရှိတယ်။ ဒါ အမေရိကန်စံနှုန်းကို ကြည့်ပြီး ပြောတာ။ ဗြိတိန်မှာကျ အခြေခံဥပဒေ မရှိဘူး။ 
 
သူက Common Law ဆိုတာနဲ့ သွားတာ။ ဓလေ့ထုံးတမ်း အစဉ်အလာတွေ အပေါ်မှာ ဥပဒေတွေ တစ်ခုပြီးတစ်ခု ပြဋ္ဌာန်း သွားတာ။ ဒါတွေသည်ပင် အခြေခံဥပဒေ ကဲ့သို့ လိုက်နာသွားရတာ။ သတ်သတ်ရေး ထားတာ ဗြိတိန်မှာ မရှိဘူး။ မြန်မာနိုင်ငံ ကိုလည်း သူတို့ Common Law တွေနဲ့ပဲ အုပ်ချုပ်သွားတာ။ အခြေခံဥပဒေဆိုတာ မရှိဘူး။ 
 
အဲဒီ Common Law တွေထဲမှာ အာဏာသုံးရပ်ကို ဘယ်လိုခွဲဝေကျင့်သုံးမယ် ဆိုတာ ပါပြီးသား။
အဓိက နိုင်ငံတစ်ခု တည်ဆောက်တဲ့အခါ အာဏာသုံးရပ်ကို ဘယ်လိုမျှတအောင် စီမံပြီးသွားကြမယ် ဆိုတဲ့ စနစ်က အရေးကြီးတာ။ နောက်ပိုင်းမှာ အဲဒါကို ဘယ်လိုဖြစ်သင့်တယ် ဘယ်လိုသွားကြမယ် ဆိုတာ လူတွေကသတ်မှတ်ပြီး ရေးဆွဲတာ အခြေခံဥပဒေ ဆိုပြီး ဖြစ်လာတာ။ 
 
အဲဒီမှာ အခြေခံဥပဒေကို အာဏာသုံးရပ်ကို ဘယ်လိုစီမံကြမယ် ဆိုတဲ့အပေါ်မှာ အခြေခံပြီး ဆွဲတာတော့ မှန်တယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုနဲ့တစ်ခု ဓလေ့ထုံးတမ်းချင်း မတူတဲ့အခါ အခြေခံဥပဒေ တွေလည်း တစ်ခုနဲ့တစ်ခု တူတယ်လို့မပြောနိုင်ဘူး၊ ဆင်တယ်လို့တော့ ပြောနိုင်တယ်။
 
အဲဒီ တော့ တို့အခြေခံဥပဒေသည် တို့ရဲ့ နိုင်ငံရေး ယဉ်ကျေးမှု Political Culture နဲ့ လိုက်လျောညီထွေ ဖြစ်တဲ့ အခြေခံဥပဒေ ဖြစ်ဖို့တော့ လိုအပ်တယ်။

"အခြေခံဥပဒေကို ဖျက်ဖို့ပြောနေတဲ့ သူတွေသည် တပ်မတော်ကို အာဏာသိမ်းပါတော့လို့ ပြောနေတာနဲ့ အတူတူပဲ..."

Voice : ဒါဆို လက်ရှိအခြေခံဥပဒေ က နိုင်ငံယဉ်ကျေးမှုနဲ့ ဘယ်လောက် လိုက်လျောညီထွေမ ရှိတယ်လို့ ယူဆပါသလဲ။

USMM : ၂၀၀၈ ဖွဲ့စည်းပုံက အဲဒါတွေနဲ့ ကိုက်ညီပြီလားဆိုတော့ မကိုက်ညီသေးဘူး။ ကိုက်ညီအောင် လုပ်ကြရဦးမယ်။ ၂၀၀၈ ဖွဲ့စည်းပုံသည် ပြည့်စုံတဲ့ အခြေခံဥပဒေ မဟုတ်တာတော့ သေချာတယ်။ ပြင်ရမယ်။ ဘယ်လိုပြင်ကြမလဲ ဆိုတော့ ပြင်ပုံပြင်နည်း တွေကို အခြေခံဥပဒေထဲမှာ ရေးထားတာ ရှိတယ်။ ပြင်ဖို့ခက်တယ် ဆိုတာလည်း ဟုတ်တာပဲ။ သို့သော် တချို့ ဒီအခြေခံဥပဒေ က ပြည်သူတွေရဲ့ သဘောထားနဲ့ ဆွဲထားတာမှ မဟုတ်ဘဲလို့ အကြောင်းပြတယ်။ 
 
အဲဒီလို အကြောင်းပြကြစတမ်း ဆိုရင် ၁၉၇၄ ဖွဲ့စည်းပုံသည် ပထမမူကြမ်း၊ ဒုတိယမူကြမ်း တတိယမူကြမ်း အဆင့်ဆင့်နဲ့ ပြည်သူကိုချပြပြီး ခေတ်စကားနဲ့ဆို အလွန်စနစ်ကျတဲ့ ရေးဆွဲမှုမျိုးနဲ့ ရေးဆွဲတာ။ ပြည်သူတွေရဲ့ သဘောတူညီချက် ပါတယ်။ 
 
အဲဒါကို ခုဘာလို့ လက်မခံနိုင်လဲ။ ပြည်သူတွေရဲ့ သဘောထားကို ထည့်သွင်း စဉ်းစားရမယ် ဆိုတာတော့ မှန်တယ်။ သို့သော် အဲဒါတွေမပါလို့ ဒီအခြေခံဥပဒေ ကြီးသည် မကောင်းဘူးလို့ ယတိပြတ် ပြောလို့တော့မရဘူး။ 

၂၀၀၈ အခြေခံဥပဒ ပေါ်လာပုံကတော့ သိပ်ဟန်မကျဘူး။ ဒါတော့မှန်တယ်။ ခုက ပေါ်လာပြီးပြီ။ တရားဝင်နိုင်ငံ တစ်ခုမှာ ပြဋ္ဌာန်းပြီးပြီဆိုရင် နိုင်ငံသားတစ်ယောက် အနေနဲ့ ဒါ လိုက်နာရမယ်။ 
 
မလိုက်နာချင်ရင် ဒီနိုင်ငံမှာ မနေ ရုံပဲ။ နေရင်တော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လိုက်နာရရိုး ထုံးစံ ရှိတယ်။ မကောင်းဘူးဆိုတော့ ရအောင် ပြင်ရမယ်။ ခက်တာ လွယ်အောင်ပြင်ရမယ်။ ပြင်မယ်ဆိုတဲ့အခါ လက်ရှိ ပြောနေကြတာတောင် သိပ်မရှိဘူး။ တကယ်တမ်းကျ အများကြီးပဲ။

အခြေခံဥပဒေထဲမှာ ပုဒ်မ ၅၅ ခုလောက်က သူနဲ့ပတ်သက်ပြီး ဥပဒေ ပြဋ္ဌာန်းရမယ်လို့ ပါတယ်။ အဲဒါတွေပြီးအောင် မပြဋ္ဌာန်းနိုင်သေးဘဲ အခြေခံ ဥပဒေကြီးက လိပ်ပတ် လည်သွားပြီလို့ မဆို နိုင်ဘူး။ ဒီမှာက အဲဒီဥပဒတွေ မပြုရသေးဘူး။ လောလောဆယ် မပြည့်စုံသေးတဲ့ အခြေခံဥပဒေကြီး။ အဲဒါတွေ လုပ်စရာ ကျန်သေးတယ်။ 
 
အခြေခံဥပဒေ ပြင်မယ်ဆိုတာ လက်ခံပေမယ့် အုပ်ချုပ်ရေးစနစ်တစ်ခု ကျင့်သုံးတာ ၂ နှစ်ကျော်ကျော်ပဲ ရှိသေး တယ်။ ကမ္ဘာမှာ စနစ်တစ်ခုကို အနည်းဆုံး ၁၀ နှစ်လောက် ကျင့်သုံးရတယ်။ အဲဒီလို ကျင့်သုံးပြီးမှ ဒီစနစ်တစ်ခုက တကယ်ကို အလုပ်မဖြစ်တော့ဘူး ပြင်ကြမယ်ဆိုပြီး ဒီလိုသွားတာ။

ကောင်းနေပါတယ်လို့ ယူဆထားတဲ့ အုပ်ချုပ်ရေးစနစ် တစ်ခုတောင်မှ ဆယ်နှစ်ကြာရင် ပြန် Review လုပ်ရရိုး ထုံးစံရှိတယ်။ ဆိုလိုတာက စနစ်တစ်ခုကို ကျင့်သုံးဖို့ ကာလတစ်ခုလည်း လိုအပ်တယ်။ လိပ်ပတ်လည်အောင် ကျင့်သုံးဖို့ မပြည့်စုံတဲ့ အချိန်ကာလမှာ ခုရေး ခုပြင်ဆိုရင် နိုင်ငံရေး တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်။

Voice : ဒါဆို အခြေခံဥပဒေကို အသစ်ပြန်ရေးကြမယ် ဆိုတဲ့ အပေါ်မှာရော ဆရာ ဘာများပြောချင်လဲ။

USMM : ကြားပါတယ်။ ဖျက်ပစ်လိုက်ကြပါစို့ ဆိုတာတွေ။ အဲဒါ အင်မတန် လွဲမှားတဲ့ အမြင်လို့ ယူဆတယ်။ အခြေခံဥပဒေကို ဖျက်မယ်ဆိုရင် ဘယ်သူကဖျက်မှာလဲ။ အစိုးရက ဖျက်လို့မရဘူး။ လွှတ်တော်ကလည်း ဖျက်လို့မရဘူး။ တရားရုံးကလည်း ဖျက်လို့မရဘူး။ ဒါကို ဘယ်သူက ဖျက်မှာတုန်း။ တစ်နည်းပဲရှိတယ်။

အခြေခံဥပဒေ ပျက်ပြီဆိုတာနဲ့ လွှတ်တော်မရှိတော့ဘူး၊ အစိုးရမရှိတော့ဘူး၊ တရားရုံးတွေလည်း တရားစီရင်
ပိုင်ခွင့်တွေ ပျက်ပြီ၊ ဒါ တိုင်းပြည်ပျက်ပြီ ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒါဆို မပျက်အောင်ထိန်းတဲ့ အင်အားစုတစ်ခု
 ပေါ်ပေါက်ဖို့လိုတယ် ဆိုတဲ့ အဓိပ္ပာယ်ရောက်တယ်။ အဲဒီအင်အားစုက ဘယ်သူဖြစ်မလဲ။ လက်တွေ့ကျကျ စဉ်းစားရင် တပ်မတော်ပဲ ရှိတယ်။ အခြေခံဥပဒေကို ဖျက်ဖို့ပြောတဲ့ သူတွေသည် တပ်မတော်ကို အာဏာ
သိမ်းပါတော့လို့ ပြောတာနဲ့ အတူတူပဲ။

နောက်တစ်ခု လက်ရှိတပ်မတော်ကိုယ်၌ကသူတို့ဒီလမ်းကြောင်းကို မလိုက်ဘူးလို့ ပြောတယ်။အာဏာသိမ်း
တာ သူတို့မလုပ်ဘူး။ ဆိုတော့ ဒီအခြေခံဥပဒေကို ဖျက်ဖို့ဆိုတာ လုပ်လို့မှ မရတာ။ နောက် ဒီအခြေခံဥပဒေ
တည်ဆောက်ထားပုံသည်အာဏာသုံးရပ်အပြန်အလှန် ထိန်းကျောင်းတဲ့ ပုံသဏ္ဌာန်ကို ဖော်ထားတယ်။ ဒီလို
စနစ်မျိုးသည် နိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး။ အများစု တွေးကြတာ ပါတီတစ်ရပ်က သူအာဏာရရင် ထင်သလို ချယ်လှယ်မယ်ပေါ့။ လွှတ်တော်ထဲမှာလည်း အများစု၊ အစိုးရကိုလည်း သူကဖွဲ့မယ်။ 
 
သူလုပ်ချင်သလို လုပ်မှာပေါ့ ဆိုပြီး ပြောကြတယ်။ခုအဲဒီလို ဖြစ်သလား။ ဒီအစိုးရနဲ့ ဒီလွှတ်တော်က အများမြင်
သလို တစ်သဘောတည်းနဲ့ လုပ်နေတာ ဟုတ်သလား။ လွှတ်တော်နဲ့ အစိုးရ သဘောမတူလို့ ရန်ဖြစ်နေကြ
ပြီ ပြောကြတာတောင် ရှိတယ်။ ဒါမျိုး နိုင်ငံမှာ ကြုံဖူးသလား။ ဒါသည်ပင် လက်ရှိအခြေခံဥပဒေရဲ့ ထူးခြားချက်
လို့ ယူရမယ်။ 
 
ဒီပါတီကြီးသည် လွှတ်တော်ထဲမှာလည်း အားကောင်းတယ် အစိုးရသည်လည်း သူပဲ ဆိုတာတောင် ဒီပါတီ
ကနေ ကြိုးကိုင်တာ မဟုတ်ဘူးဆိုတာ ပေါ်နေတယ်။ အစိုးရကလည်း အစိုးရ အလုပ်လုပ်တယ်။ လွှတ်တော်
ကလည်း လွှတ်တော်အလုပ် လုပ်တယ်။ ဒီနှစ်ခု အပြန်အလှန် ထိန်းကျောင်းမှုရှိတယ်။ ဒါကိုလည်း သဘော
ပေါက်ဖို့လိုတယ်။

ငါတို့ပါတီက လွှတ်တော်ထဲမှာ အများစုရရင် ငါတို့ ကြိုက်သလို လုပ်နိုင်လိမ့်မယ် ဆိုတာ မဟုတ်ဘူး။မှားတယ်
။အစိုးရအဖွဲ့ ကောင်းသည်ဆိုးသည်ဆိုတာ အစိုးရအဖွဲ့ရဲ့အရည်အသွေး ပေါ်မှာ မူတည်တယ်။ အဲဒီမှာ အခ
ရာသည် သမ္မတပဲ။လွှတ်တော်ကဝင်စွက်လို့မရဘူး။ ခြုံငုံသုံးသပ်ရရင်ဒီအခြေခံဥပဒေသည် ပြင်စရာတွေ များ
လှတယ် မှန်သော်ငြားလည်း လတ်တလော အရေးတကြီးပြင်စရာ မလိုသေးဘူးလို့ ယူဆတယ်။

Voice : အခြေခံဥပဒေမှာ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ကိစ္စနဲ့ ပတ်သက်ပြီး ဆရာ့အမြင်ကို ပြော
ပါဦး။

USMM : တိုင်းရင်းသားအရေး၊ ဖက်ဒရယ် ဆိုတာတော့ မလွဲမသွေ လုပ်ရမယ့်ဟာ။ ဒီအခြေခံဥပဒေမှာ ဖက်
ဒရယ်ကိုသွားလို့ရအောင်လမ်းခင်းပေးထားတာပါတယ်။ပါတဲ့ဟာကို ပြင်ရင်းနဲ့ဖက်ဒရယ်စနစ် ရောက်အောင်
သွားရမှာ။ လက်ရှိဖွဲ့စည်းပုံကို တကယ်စနစ်ကျတဲ့ ဖက်ဒရယ်ကို သွားနိုင်ဖို့ရာ ပြင်သွားရင်းနဲ့ ရတယ်။ လက်
ရှိမှာတော့ လမ်းခင်းပေးထားရုံပဲ ပါတယ်၊ အသေးစိတ် ဘယ်လိုခွဲဝေ ကျင့်သုံးရမယ် ဆိုတာ မပါသေးဘူး။

Voice : လက်ရှိ အခြေခံဥပဒေကို ပြင်ကြမယ် ဆိုတဲ့နေရာမှာ အတားအဆီး တွေက များလွန်းတော့ ဘယ်အ
တိုင်းအတာထိ ပြင်နိုင်စွမ်း ရှိမယ်လို့ ထင်ပါသလဲ။

USMM : ပြင်မယ်ဆိုတော့ဆန္ဒခံယူပွဲ လုပ်ရမယ်။ဆန္ဒခံယူပွဲကခဏခဏထလုပ် လို့ ရကောင်းတာမျိုး မဟုတ်
ဘူး။ ဒီတော့ ပြင်ဖို့ရာ အရေးကြီးဦးစားပေးပုဒ်မတွေစိစစ်ပြီးအပိုင်းလိုက် ဖြည်းဖြည်းချင်း ပြင်သွားမှဖြစ်မယ်။ 
 
အဲဒီလိုမဟုတ်ဘဲ အငြင်းပွားစရာတွေ ပေါ်လာမယ်ဆိုရင် နိုင်ငံရေးတည်ငြိမ်မှုကို သွားထိခိုက်နိုင်တယ်
။ နောက် ဒါကြီးကို လုပ်နေချိန်မှာ စီးပွားရေးလည်ပတ်မှုက တစ်နေရာရာမှာ အထစ်အငေါ့တွေ ဖြစ်နိုင်တယ်။

Voice : ဒေါ်အောင်ဆန်းစုကြည်က သမ္မတလုပ်ချင်တယ်လို့ ဆိုထားတယ်။ ဒါဆို အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ပြင်မှရမယ်။ ဒီအပေါ် ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါလဲ။

USMM : လူတစ်ယောက်အတွက် ပြင်ရမယ်ဆိုရင် အများက ဆုံးဖြတ်ပေါ့။ အဲဒီပုဒ်မမှာ သားသမီးသည် နိုင်
ငံခြားသားမဖြစ်ရဆိုတဲ့ တစ်ချက်နဲ့ သူက သွားငြိနေတာပေါ့။ အဲဒီလို ငြိနိုင်တာသည် ဒေါ်အောင်ဆန်းစုကြည်
အပြင် မြန်မာနိုင်ငံရဲ့အရှေ့ဘက်စည်းရိုးနဲ့အနောက်ဘက်စည်းရိုးမှာရောမရှိနိုင်ဘူးလား။ ၄၇ နဲ့ ၇၄ ဖွဲ့စည်း
ပုံတွေ မှာတော့ မပါဘူးမှန်တယ်။ ဒါပေမဲ့ ဒီအဆိုက ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ထားတာ။ အသစ်မဟုတ်ဘူး
။ အန္တရာယ်က အဲဒီအချိန် ကတည်းကရှိခဲ့တာ။

Voice : ခုဖွဲ့စည်းပုံကို ပြင်မယ့်သူနဲ့ ဖျက်မယ့်သူနဲ့ အင်အားစုတွေ အကြား ၂၀၁၅ကို ဘယ်လိုညှိနှိုင်းပြီး ဆက်
သွား သင့်ပါသလဲ။

USMM : ဒါက သဘောတူညီချက်နဲ့ လုပ်လို့ရတယ်။ ပြင်မယ်ဆိုတဲ့ နေရာမှာ ဥပဒေမှာ ပါထားတာက လွှတ်
တော်တွင်း ၇၅ ရာခိုင်နှုန်းအထက်ဆိုတာအပြင် ဆန္ဒခံယူပွဲမှာ ဆန္ဒမဲပေးခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့မှဆိုတာ ပါတယ်။ 
 
အဲဒီဟာကို အရင်ပြင်ရဦးမှာ။ ဒါကြောင့် အရေးကြီးတာတွေ အရင်ထုတ်ပြင်ပြီးရင် ကျန်ပြင်စရာတွေကို လွှတ်
တော်တွင်းမှာပဲ ပြင်လို့ ရသွားနိုင်စရာ ရှိတာပေါ့။ အခြေခံဥပဒေကြီး တစ်ခုလုံးကို စပြီး စဉ်းစားတော့မယ် ဆို
ရင် အရေးကြီးဆုံးဟာ အရင်ပြင်တာမျိုး လုပ်သင့်တယ်။ ကိုယ်ဖြစ်ချင်တာကို တွန်းပြီး လုပ်လိုက်တဲ့အတွက် လက်ရှိရရှိနေတဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်သွားမှာလည်း စိုးရိမ်ရတယ်။ 
 
ဘာပဲလုပ်လုပ် လက်ရှိရထားတဲ့ နိုင်ငံရေးတည်ငြိမ်မှုကို မထိခိုက်သင့်ဘူး။ တို့လူမျိုးတွေရဲ့ Political Culture
 ကြောင့် အချိန်လိုတယ်။ ၂၀၁၅ မတိုင်မီ ပြင်ရမယ်ဆိုရင် လိုအပ်တယ်လို့ ယူဆတဲ့ အချိန်တော့ မရနိုင်သေး
ဘူးလို့ တွက်တာ။

Voice : အခြေခံဥပဒေ ပြင်တဲ့နေရာမှာဘယ်အဆင့်ဘယ်နေရာ တွေသည်အခက်ခဲဆုံး ဖြစ်ပြီးဘယ်လို ကျော်
လွှားနိုင်မလဲ။

USMM :တစ်ဦးချင်းစီက နိုင်ငံရေးအမြင်မှာဒါသည်မလုပ်ရင်မဖြစ်တော့ဘူးဆိုတဲ့အဆင့်ရောက်ဖို့ လိုတယ်။ 
လက်ရှိ ကြံ့ခိုင်ရေးပါတီဝင် တင်တဲ့အဆို တစ်ခုကို လွှတ်တော်မှာရှိတဲ့ သူ့ပါတီဝင် အားလုံးက ထောက်ခံသ
လား။
 
အားလုံးက တိုင်းပြည် အကျိုးစီးပွားအတွက် မြင်လာတဲ့အမြင်မျိုး ရှိမှ လုပ်လို့ရမယ်။ လက်တွေ့မှာ ကြံ့ခိုင်ရေး
က ပြောတိုင်း တပ်မတော်ဘက်က မထောက်ခံသလို တပ်မတော်တင်တဲ့ အဆိုကိုလည်း ကြံ့ခိုင်ရေးဘက်က ကန့်ကွက်တာတွေ အများကြီး။ ကြံ့ခိုင်ရေးမှာ၊ တပ်မတော်မှာ၊ NLD မှာ၊ နောက်ပြီးအခြားပါတီတွေမှာ တော်
တဲ့သူတွေ ရှိတယ်။ အဲဒီလူတွေကို မွေးရမယ်။

ပါတီတိုင်း ဘက်တိုင်းမှာ လူတော်တွေရှိတယ်။ အကုန်တော် အကုန်ညံ့တာတော့ ဘယ်မှာမှ မရှိဘူး။ ဘယ်ပါ
တီ ဘယ်အုပ်စုက ဖြစ်ဖြစ် တော်တဲ့သူတွေ ကိုပဲ တက်စေချင်တယ်။ တိုင်းပြည်ရဲ့အကျိုးစီးပွားကို အမြင်ကျယ်
ကျယ်နဲ့ ပြုပြင်သွားမှာ သူတို့ပဲ။ ဘယ်ပါတီ အဖွဲ့အစည်းကဖြစ်ဖြစ် တော်တဲ့သူတွေ လွှတ်တော်တွင်း အစိုးရ
တွင်း နေရာရသွားရင် နိုင်ငံတိုးတက်မယ်။ လက်ရှိ ဗျူရို ကရေစီယန္တရားကြီးက ထောင့်စုံက ပျက်နေတယ်။ အဲဒါကို ပြန်ပြင်ဖို့ အချိန်ပေးရမယ်။ သူက လူတွေနဲ့ လုပ်ယူရတာ။ လူဆိုတာ လေ့ကျင့်ရတယ်။ 
 
မျိုးဆက်တစ်ခုလောက် လိုတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင် ပြောင်းလဲရေးတွေ အောက်ခြေမရောက်ဘူး ဆို
တာ အဲဒါကြောင့်ပဲ။ သူ့ရဲ့ မူဝါဒတွေကို ပြီးပြည့်စုံအောင် ဆောင်ရွက်မယ့် ဗျူရိုကရေစီ ယန္တရား မရှိဘူး။ လတ်
တလော အရေးတကြီး ပြောင်းဖို့လိုတာ ဗျူရိုကရေစီ ယန္တရားကို ပြင်ဖို့။ ဒါကို အခြေခံဥပဒေကိုပဲ ဝိုင်းပြီး လက်
ညှိုးထိုးနေတာတော့ မဟုတ်သေးဘူး။

Voice : ကြံ့ခိုင်ရေးက လတ်တလောထုတ်ပြန်ထားတာမှာ အခြေခံဥပဒေကို အသစ်ပြန်ရေးလို့ ဆိုးကျိုးဖြစ်ပေါ်
ခဲ့ရင် ပြည်သူလူထုပဲခံရမယ်လို့ ပြောတယ်။ဆရာ့အနေနဲ့အဲဒီအပေါ်ဘယ်လိုမြင်လဲ။

USMM : သူပြောတာ အဓိပ္ပာယ်ဖွင့်ရရင် နိုင်ငံရေးမတည်ငြိမ်မှုကို ဦးတည်လိမ့်မယ်လို့ ပြောတယ်။ နိုင်ငံရေး မတည်ငြိမ်ရင် အများဆုံး ထိခိုက်နစ်နာမှာ ပြည်သူပဲလေ။ ဒါရှင်းနေတာပဲ။

Voice : ခုလွှတ်တော်ထဲမှာတပ်မတော်သားတွေပါဝင်မှုနဲ့ပတ်သက်ပြီး ဘယ်လို ဖြစ်သင့်တယ်လို့ ဆရာ ယူဆ
ပါသလဲ။

USMM : လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားတွေ ပါဝင်လာတာသည် နိုင်ငံရေးဆိုတာ ဒီလိုပါလား၊ ဒီမိုကရေစီဆိုတာ ဒီလိုပါလားဆိုတာ သူတို့ သဘောပေါက်သွားတယ်။ သူတို့တွေသည် အရင်က တပ်မတော်သားတွေလို တုံးတိုက်တိုက် ကျားကိုက်ကိုက် လူတွေ မဟုတ်တော့ဘူး။ 
 
စဉ်းစားဆင်ခြင်တတ်တဲ့တပ်မတော်သားတွေအဖြစ် ပြောင်းသွားတယ်။ နိုင်ငံရေး သဘောထားမှာ အရည်အ
သွေး မြင့်လာတယ်။ အဲဒီလို တပ်မတော်အဖြစ် ပြောင်းလာနေတာက တပ်မတော်က အာဏာပြန်သိမ်းမှာမျိုး သူတို့မစဉ်းစားတော့ဘူး။

Voice : ဒါဆို ခုတပ်မတော်ကလည်းအာဏာသိမ်းတဲ့ နောက်ကြောင်းပြန်မှုမျိုးမလုပ်ဘူးလို့ဆိုတယ်။ဒီဘက်က
 အင်အားစု အသီးသီးကလည်း ပြင်ရေးဖျက်ရေး လွန်ဆွဲ နေကြတာတွေနဲ့ ၂၀၁၅ နိုင်ငံရေး အခင်းအကျင်းကို ဘယ်လိုများ မြင်ပါသလဲ။

USMM ပြောကြဆိုကြ ငြင်းကြခုံကြတာတွေတော့သွားနေဦးမှာပေါ့။အားပြိုင်တာတော့ရှိနေမှာပေါ့။သို့သော်
 ဒီမိုကရေစီအတွက် ပြောရင်းနဲ့ ဒီမိုကရေစီကို ပျက်စီးစေတဲ့ လမ်းကြောင်းပေါ် ရောက်နိုင်တယ် ဆိုတာ သိဖို့
လိုတယ်။

လက်ရှိမြင်သလောက်ကို အုပ်စုသုံးစု ခွဲကြည့်မယ်ဆို တစ်စုသည် ဒီမိုကရေစီလမ်းကြောင်း ကနေ ဘေးချော်
အောင် တိုက်ချင်တဲ့သူရှိတယ်။ နောက်တစ်ခု က ဒီမိုကရေစီအတွက်လို့ ပြောနေရင်း ဒီမိုကရေစီရဲ့ ဆန့်ကျင်
ဘက်ကို ရောက်အောင် တွန်းပို့နေတဲ့ အင်အားစုတွေ။ တတိယ အုပ်စုကတော့ တကယ်ကို ဒီမိုကရေစီစနစ်
နဲ့ သွားမယ်ဆိုပြီး ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစားနဲ့ သွားနေတဲ့ အဲဒီလို အုပ်စုသုံးမျိုး ရှိတယ်။ 
 
တကယ်တမ်းဒီမိုကရေစီမရအောင်လုပ်တဲ့အုပ်စုက နှစ်စုဖြစ်နေတယ်။ မကြိုက်လို့ ဖျက်တာနဲ့ ကြိုက်ပါတယ်
 ပြောပြီး ဖျက်နေတာ ရှိတယ်။ အားအနည်းဆုံးက ဒီမိုကရေစီကို စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင်နဲ့ သွားနေ
တဲ့ အုပ်စုပဲ။

The Voice Weekly , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment