Pages

Thursday, October 10, 2013

ဥက္ကံမြို့တွင် ခင်မင်သူတစ်ဦးက အမျိုးသမီးတစ်ဦးအား အဓမ္မကျင့်ဟုဆိုကာ အမှုဖွင့်

RangonNewsDaily:: October. 10 .2013
တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ခင်မင်ရင်းနှီးသူ တစ်ဦး၏ အဓမ္မပြုကျင့်မှုခံရသည်ဆိုကာ အောက်တိုဘာ ၈ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။::
အောက်တိုဘာ ၈ ရက်ည ၉နာရီအချိန်က နေအိမ်ရှေ့ခန်းတွင် ထိုင်နေစဉ် လူတစ်ဦးက တံခါးလာခေါက်၍ ချောင်းကြည့်ရာ ခင်မင်ရင်းနှီးသူဖြစ်နေပြီး စက်ဘီးနှင့်ဓာတ်မီးငှားသဖြင့် တံခါးဖွင့်ပေးရာ အိမ်အတွင်း ၀င်လာ၍ တံခါးပြန်ပိတ်ပြီး မိန်းခလုပ်ပိတ်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင်လည်း ဖော်ပြထားသည်။
::
ထို့ကြောင့် အဓမ္မပြုကျင့်သူကို အရေးယူပေးရန် တိုင်တန်းသဖြင့် ဥက္ကံနယ်မြေ ရဲစခန်းက (ပ)၂၁၉/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုထားသည်။

Mizzima - News ::-- , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment