Pages

Thursday, October 10, 2013

မြန်မာပြည်မှာ နံမည်ကြီးချင်ရင် ဒါတွေလုပ်တတ်ရမယ်

RangonNewsDaily:: October. 10 .2013

မြန်မာပြည်မှာ
ဘိုးတော်လုပ်ချင် ရင်
ပါတိတ်အကျီင်္ချောင် ပွပွ
ဝတ်တတ် ရမယ် ။
ဆံပင် ရှည်ထားတတ် ရမယ်။
မြန်မာပြည်မှာ
ဗေဒင် ဆရာလုပ်ချင် ရင်
နိုင် ငံတကာ ကျော်ကြားသူတွေရဲ့
နာမည်ကိုဘိုသံဝဲပြီး ခေါ်တတ် ရမယ်။

မြန်မာပြည်မှာ
ရက်ပါ လုပ်ချင် မြန်မာစကားကို
မြန်မာနားမလည်အောင်
အမြန် ရွတ်တတ် ရမယ်။

မြန်မာပြည်မှာ
စာရေးဆရာလုပ်ချင် ရင်
နိုင် ငံရေးစကားပြောတတ် ရမယ်။
လူလုံးပြတတ် ရမယ်။

မြန်မာပြည်မှာ
နိုင်ငံရေးသမားလုပ်ချင် ရင်တော့
စာရေးတတ် ရမယ်။ပန်းချီဆွဲပြီး
ကဗျာရွတ်တတ် ရမယ်။

မြန်မာပြည်မှာ
ဒါရိုက်တာလုပ်ချင်ရင် မင်းသားနဲ့
တည့်အောင်ပေါင်းတတ် ရမယ်။
လေးရက်တစ်ကားရိုက်တတ် ရမယ်။

မြန်မာပြည်မှာ
လွှတ်တော်အမတ်လုပ်ချင် ရင်
အသက် ရင် လည်းငယ် ရမယ်။
အမျိုးသမီးရင် လည်းဖြစ် ရမယ်။
ဒါမှမဟုတ် လူမသိအောင်
အိပ်ငိုက်တတ် ရမယ်။

မြန်မာပြည်မှာ
သတင်းထောက်လုပ်ချင် ရင်
fb သုံးတတ် ရမယ်။
copy & paste လုပ်တတ် ရမယ်။

မြန်မာပြည်မှာ
မော်ဒယ်လုပ်ချင် ရင်တော့
အခက်ဆုံးပဲ။
တရုတ်စကားပြောတတ် ရမယ်။
ပြိုင် ကားမောင်းတတ် ရမယ်။
ဘီကနီဝတ်တတ် ရမယ်။

နေ နော် ::-- , kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment