Pages

Thursday, October 10, 2013

ရေနံနှင့်သဘာဝဓါတ်ငွေ့ကုန်းတွင်းလုပ်ကွက်(၁၈) ကွက်အတွက် တင်ဒါအောင် နိုင်ငံခြားကုမ္ပဏီ (၁၂)ခု ထုတ်ပြန်ကြေညာ

RangonNewsDaily:: October. 10 .2013
ရေနံနှင့်သဘာဝဓါတ်ငွေ့ရှာဖွေတူးဖော်ရေးလုပ်ငန်းထုတ်လုပ်မှု ကုန်းတွင်း လုပ်ကွက်(၁၈) ကွက်အတွက် တင်ဒါအောင်မြင်သည့် နိုင်ငံခြားကုမ္ပဏီ (၁၂)ခုကို စွမ်းအင်ဝန်ကြီး ဌာနမှ ယနေ့ ထုတ်ပြန်ကြေညာသည်။ စွမ်းအင်ဝန်ကြီးဌာနသည် ၄င်းလုပ်ကွက်(၁၈)ကွက်ကို လုပ်ကိုင်နိုင်ရန် နှင့် ရေနံနှင့်သဘာဝဓါတ်ငွေ့

တူးဖော်ရေးလုပ်ငန်းများအား ထုတ်လုပ်မှု အပေါ်
ခွဲဝေခံစားနိုင်ရေး စာချုပ်ကိုအခြေခံ၍ နိုင်ငံခြားကုမ္ပဏီများကိုယခုနှစ် ဇန်န၀ါရီလတွင်တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်
သည်။

တင်ဒါလျှောက်ထားသည့် ကုမ္ပဏီပေါင်း ၇၈ ခုရှိခဲ့ပြီး Pre - qualified ဖြစ်သည့် ကုမ္ပဏီ် ၅၉ ခုရှိခဲ့ကြောင်း၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ 


သို့သော် လုပ်ကွက် ၁၈ခုအနက်မှ တက်မဒေသရှိ လုပ်ကွက် နှင့် ကျောက်ဖြူဒေသရှိ လုပ်ကွက်တို့မှ လွဲ၍ကျန် PSC စာချုပ်ဖြင့်ချုပ်ဆိုမည့် လုပ်ကွက် ၁၃ကွက် နှင့် IOR စာချုပ် ဖြင့်ချုပ်ဆိုလုပ်ကိုင်မည့် လုပ်ကွက် ၃ကွက် စုစုပေါင်း (၁၆)ကွက် အတွက်ကိုမူ ကုမ္ပဏီ ၂၆ ခုမှ အဆုံးသတ်အဆိုပြုချက်တင်ပြခဲ့ကြကြောင်းသိရသည်။

တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများအနေနှင့် လုပ်ကွက်များအတွင်း လုပ်ငန်းမစတင် မီ EIA,SIA လုပ်

ငန်းနှင့် အစီရင်ခံစာများရေးသား တင်ပြရမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြုပ်နှံ့ မှုကော်မရှင်မှ သဘောတူ အတည်ပြုမှသာ လုပ်ငန်းဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

သုတလင်း
Popular Myanmar News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment