RangonNewsDaily:: October. 10 .2013
နိုဝင်ဘာလထဲတွင် Rainအနေဖြင့် ဂျပန်ရှိ မြို့(၄)မြို့တွင် ဖျော်ဖြေပွဲ များ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်း၏ စီမံရေးရာ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ စစ်မှုထမ်းကာလနောက်ပိုင်း Rain ၏ ပထမဆုံး ဖျော်ဖြေပွဲကို ဂျပန်တွင် ပြုလုပ်မည်တောင်ကိုရီးယား နာမည်

ကျော် အဆိုတော် Rain အနေဖြင့် စစ်မှုထမ်း
ကာလနောက်ပိုင်း ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ အစီအစဉ်ကို ဂျပန်တွင်
ပြုလုပ်သွားမည်ဟု သိရသည်။
နိုဝင်ဘာလထဲတွင် Rainအနေဖြင့်
ဂျပန်ရှိမြို့(၄)မြို့တွင် ဖျော်ဖြေပွဲများ ပြုလုပ်သွား မည်ဖြစ်ကြောင်း ၎င်း၏
စီမံရေးရာ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ အသက်(၃၁)နှစ် ရှိပြီဖြစ်သော
အဆိုတော် မင်းသားသည် "2013 Rain Zepp Tour: Story of Rain"
ဖျော်ဖြေပွဲကြီးကို နာဂိုယာ၊ ဖူကူအိုကာ၊ အိုဆာကာနှင့် တိုကျိုတို့တွင်
ကျင်းပသွားမည်ဟု အေဂျင်စီက ပြောကြားခဲ့ သည်။ နာဂိုယာတွင် နိုဝင်ဘာ
(၁၄)ရက်နေ့မှ အစပြုကာ တိုကျို တွင် နိုဝင်ဘာလ (၂၈)ရက်နေ့၌ ဖျော်ဖြေပွဲ
အစီအစဉ် အဆုံးသတ်မည် ဖြစ်သည်။
Cube CD အေဂျင်စီက "ပရိသတ်တွေအနေနဲ့Rainရဲ့(၁၁)နှစ်ကြာ အနုပညာ ဖြတ်သန်းမှု သမိုင်းကြောင်းတွေ
Cube CD အေဂျင်စီက "ပရိသတ်တွေအနေနဲ့Rainရဲ့(၁၁)နှစ်ကြာ အနုပညာ ဖြတ်သန်းမှု သမိုင်းကြောင်းတွေ
ကိုလည်း
ဒီနှစ်ရဲ့ ပထမဆုံး ဖျော်ဖြေပွဲအစီအစဉ်ကြီးမှာ တွေ့ရှိနိုင်ပါလိမ့်မယ်"ဟု
ကြေညာထား သည်။
အမည်ရင်း ဂျန်ဂျီဟွမ်းဖြစ်သောRainသည် တောင်ကိုရီးယားK-Pop
ဂီတလောကတွင်သာ မကဘဲ အာရှတစ်
လွှားတွင်ပါပရိသတ်အများအပြား ရရှိထားသူ
ဖြစ်သည်။ ၎င်းသည် နိုင်ငံ၏ စစ်မှုမထမ်းမနေရ ဥပဒေကြောင့်
(၂၁)လကြာ
စစ်မှုထမ်းခဲ့ရပြီး ဇူလိုင်လက တာဝန်ထမ်းဆောင်မှု သတ်မှတ်ချက်
ပြည့်မြောက်သွားပြီ ဖြစ်
သည်။
ထိုင်းနိုင်ငံရှိ ဂီတဖျော်ဖြေပွဲ တစ်ခုနှင့် တရုတ် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုတို့တွင် ပါဝင်ခဲ့သည့်နောက်
ထိုင်းနိုင်ငံရှိ ဂီတဖျော်ဖြေပွဲ တစ်ခုနှင့် တရုတ် ရုပ်မြင်သံကြား အစီအစဉ် တစ်ခုတို့တွင် ပါဝင်ခဲ့သည့်နောက်
ပိုင်း Rainအနေဖြင့် ပရိသတ် မြင်ကွင်းမှ
ပျောက်ကွယ်နေခဲ့ပြီး ယခုအခါ အနုပညာ အလုပ်များကို ပြန်လည် စတင်ရန်
အားယူနေခြင်း ဖြစ်သည်။ Rainသည် စစ်မှုထမ်းကာလ ပြီးဆုံးပြီးနောက်
ပရိသတ်များနှင့် ပထမဆုံး တရားဝင် တွေ့ဆုံမှု အစီအစဉ်ကိုလည်း စနေနေ့တွင်
ဆိုးလ်တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်သွားမည်ဟု သိရှိရသည်။
Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
Planet Myanmar Network , kolatt(PBDN)
RangonNewsDaily
0 comments:
Post a Comment