Pages

Sunday, September 22, 2013

အလွန်အားကောင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းကြီuးsagi ဟောင်ကောင်ကျွန်းကို ဒီကနေ့ ညသန်းကောင်ယံမှာ တိုက်ခတ်ဝင်ရောက်တော့မည်


RangonNewsDaily:: September 22, 2013
ပစိဖိတ်သမုဒ္ဒယာရေပြင်ပေါ်တွင်အားပိုကောင်းလာနေပြီးတစ်နာရီမိုင်(၁၈၀)နှုန်း လေတိုက်နှုန်းတွေရှိနေ
တဲ့ အားအကောင်းဆုံး စူပါတိုင်ဖွန်း usagi ကို ဟောင်ကောက်ကျွန်းတိုက်ခတ်ခံရဖွယ်ရှိနေပါတယ်။တရုတ်ပြည်တောင်ပိုင်း ကမ်းခြေကို ထုနှက် မဖြတ်သန်း မ၀င်ရောက်မှီ မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံ နဲ့ ထိုင်
ဝမ်နိုင်ငံတို့ကြား ရေပြင်ကို ဗြောင်းဆန်အောင် မွှေနှောက် သောင်းကြမ်းလျက် ရှိနေပါတယ်။

အဆိုပါ မကောင်းဆိုးဝါးကောင်ကြီးတစ်ကောင
်အလား ကြီးထွားပြင်ထန်လာခဲ့တဲ့ စူပါတိုင်ဖွန်း USAGI ဟာ လွန်ခဲ့တဲ့(၂၄)နာရီအတွင်းမှာ အင်အားတဟုန်ထိုးကြီးမား လာခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ် နဲ့ ဖိလစ်ပိုင်နိုင်ငံ
တို့ကို အဖျားခတ်ဝင်ရောက်နှိုင်ပြီး အဓိကအားဖြင့် ဟောင်ကောင်ကို ဦးတည်နေပါတယ်။

ယမန်နေ့ကအထိ တိုင်ဖွန်း USAGI ရဲ့ လေတိုက်နှုန်းဟာ တစ်နာရီ (၇၅)မိုင်ခန့် သာရှိနေခဲ့ရာမှ ယနေ့
မှာ
တော့ တစ်နာရီ (၁၆၀)မိုင်အထိ ပြင်းထန်လာခဲ့ပါတယ်။ အမျိုးအစားအားဖြင့် Category V အဆင့်ရှိတဲ့ Super Typhoon ဖြစ်ပါတယ်။

တိုင်ဖွန်းမုန်တိုင်းUSAGI ဟာလက်ရှိအင်အားအခြေအနေကို နောက်ထပ် (၂၄) နာရီခန့် အကြာအထိ ဆက်
လက်ထိန်းထားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ နောက် (၃) ရက် အတွင်း မိုးရေချိန် ၁၀၀၀ မီလီမီတာ (လက်
မ ၄၀)ခန့်ရွာသွန်းမယ်လို့ ခန့်မှန်းရပါတယ်။ (မြန်မာနိုင်ငံအလယ်ပိုင်းဒေသရဲ့ တစ်နှစ်ပတ်လုံးမိုးရေချိန်
ထက် ၁ ဆ မှ ၂ ဆခန့်အထိ ကျော်လွန်ပါတယ်)။

တိုင်းဖွန်းမုန်တိုင်း USAGI ဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း ကမ္ဘာတလွှားတွင်ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းများအနက် အားအကောင်းဆုံး မုန်တိုင်းဖြစ်ပြီး မုန်တိုင်းဗဟိုချက်ဖိအားမှာ 882 millibars အထိ ကျဆင်းနေပြီဖြစ်ပါတ
ယ်
။ ဟောင်ကောင်ကျွန်းကို ၀င်ရောက် စဉ်လေတိုက်နှုန်း 100 mph သို့ကျဆင်းသွားနှိုင်ပေမယ့် အပျက်အစီးနဲ့ အသေ အပျောက် များမှာကို စိုးရိမ်နေရဆဲဖြစ်ပါတယ်။

အဆိုးဝါးဆုံးမှာမုန်တိုင်းရဲ့အရ
ှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ပေ(၅၀)ခန့် အထိ ရှိနှိုင်တယ်လို့ ခန့်
မှန်းရပါတယ်။ မုန်တိုင်းရဲ့အချင်း အကျယ်အ၀န်းဟာလည်း 1,100 km(650 miles) အထိ ရှိနှို်င်ပါတယ်။ ဖိလစ်
ပိုင်နိုင်ငံ Luzon ကျွန်းနဲ့ Taiwan ကျွန်းတွေမှာ လေတိုက်နှုန်း 135 mph အထိ ရှိနှို်င်ပါတယ်။

Hong Kong UThreat
Weather News Update
22-9-2013
ဒေါက်တာထွန်းလွင်

0 comments:

Post a Comment