Pages

Sunday, September 22, 2013

သာစည်မြို့နယ်တွင် လျှပ်စစ်လုပ်သားတစ်ဦး လျှပ်စစ်ထရန်စဖော်မာ အိုးပြုပြင်စဉ် ဓာတ်လိုက်သေဆုံး

kolatt(PBDN): September. 22. 2013

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ ခရိုင် သာစည်မြို့နယ်တွင် စက်တင်ဘာ ၁၇ ရက်က လျှပ်စစ်ထရန်စဖော်မာအိုး အား မီးပျက်နေသဖြင့် ပြုပြင်ရာမှ လျှပ်စစ်လုပ်သားတစ်ဦး ဓာတ်လိုက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သာစည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မြို့နယ်ပြည်သူ့ ဆေးရုံ၌ ယင်းနေ့ နံနက် ၉ နာရီခွဲက ဓာတ်လိုက်သေဆုံးသူတစ်ဦး ရောက် ရှိကြောင်း သတင်းရရှိသဖြင့် သွား ရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုဌေးဝင်း (ခ)တွတ်ပီ (၄၆)နှစ်ဖြစ်ပြီး အမှတ် (၇)လျှပ်စစ်ထရန် စဖော်မာအိုး အား မီးပျက်နေသဖြင့် လျှပ်စစ်ဓာတ် အားခွဲရုံ တာဝန်ကျ လျှပ်စစ်လုပ်သား ကိုသန်းထွန်းနှင့်အတူ ပြင်ဆင် ဆောင်ရွက်နေစဉ် ဓာတ်လိုက်ပြီး ယာလက်ခုံ စုတ်ပြဲဒဏ်ရာ၊ ဝဲလက်ညှိုး နှင့် လက်သန်းတို့တွင် ပေါက်ပြဲ ဒဏ်ရာများ ရရှိကာ သေဆုံးခြင်းဖြစ် ကြောင်း သိရသည်။

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း::--,RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment