Pages

Sunday, September 22, 2013

နေအိမ်ခြံဝင်း အတွင်း ဆော့ကစားရာမှ ကြိုးလည်ပင်းရစ်သေဆုံး

RangonNewsDaily:: September 22, 2013

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် နယ်မြေ (၁၅) ဝမ်မိုင်ကျေးရွာနေ မောင်ကောင်းမြင့်မြတ် (၁၂ နှစ်)သည် နေအိမ်ခြံဝင်း အတွင်း သစ်ပင်ပေါ် ဆော့ကစားရာမှ ကြိုးဖြင့်ငြိပြီး လည်ပင်းအစ်သေဆုံး ကြောင်းသိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၁၆ ရက် ညနေ ၃ နာရီက မောင်ကောင်းမြင့် မြတ်သည်အိမ်ခြံဝင်းအတွင်း အားကစားကြိုးခုန်ရာတွင် အသုံးပြုသည့် ပိုက်ကြိုးပျော့ဖြင့် အနီးရှိ သရက်ပင်ပေါ်သို့ တက်ဆော့ကစားရာသရက်ပင် တွင် ပိုက်ကြိုးအပျော့ တစ်စချည်ပြီး ကျန်အစတစ်ဖက်သည် လည်ပင်း တွင် ပတ်လျက်ငြိပြီး ပြုတ်ကျကာ မြေပြင်တွင် ဒူးထောက်အနေအထား ဖြင့် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ သေဆုံးနေသည်။

ဖြစ်စဉ်နှင့် ပတ်သက် ၍ တာချီလိတ်မြို့မရဲစခန်းက ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်
Today Myanmar::, RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment