Pages

Sunday, September 22, 2013

လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲကာ ပါဝါမီတာ မီးလောင်

လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲကာ ပါဝါမီတာ မီးလောင်

ရန်ကုန်၊ စက်တင်ဘာ ၂၂

၂၂.၉.၂၀၁၃ ရက်နေ့ ၁၆၃၅ အချိန် ရွှေပြည်သာမြို့နယ်၊(၁)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ကနောင်(၆)လမ်းရှိ မြင့်မိုရ်စက္ကူစက်ရုံတွင် စက်ရုံသုံးပါဝါမီတာမှ လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲပြီး မီတာ၊မီတာပုံးခွံ၊လျှပ်စစ်ဝါယာကြိုးတို့အား မီးလောင်မှုဖြစ်ပွါးခဲ့ရာ  စက်ရုံလုပ်သားများမှ မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၁၆၄၂ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ
ဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ကြပါသည်။

မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၁၉၆၀၀၀)ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲ၍ မီးလောင်ကျွမ်းမှုဖြစ်ပွါးစေသူ  စက်ရုံမန်နေဂျာ ဒေါ်စန်းစန်းဝေအား ရွှေပြည်သာမြို့မရဲစခန်း
(ပ) ၆၇၈/၂၀၁၃၊ ပုဒ်မ ၂၈၅ ဖြင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

RangonNewsDaily:: September 22, 2013
၂၂.၉.၂၀၁၃ ရက်နေ့ ၁၆၃၅ အချိန် ရွှေပြည်သာမြို့နယ်၊(၁)ရပ်ကွက်၊ စက်မှုဇုန်(၁)၊ ကနောင်(၆)လမ်းရှိ မြင့်
မိုရ်စက္ကူစက်ရုံတွင် စက်ရုံသုံးပါဝါမီတာမှ လျှပ်စစ်မီးသုံးစွဲမှုများပြား၍ အပူလွန်ကဲပြီး မီတာ၊မီတာပုံးခွံ၊လျှပ်စစ်
ဝါယာကြိုးတို့အား မီးလောင်မှုဖြစ်ပွါးခဲ့ရာ စက်ရုံလုပ်သားများမှ မီးသတ်ဆေးဗူးများဖြင့် ၀ိုင်းဝန်းငြိမ်းသတ်ခဲ့
သဖြင့် ၁၆၄၂ အချိန်တွင်မီးငြိမ်းသွားခဲ့ပါသည်။ မီးလောင်ရာသို့ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှဦးစီးအရာရှိနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်
လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ကြပါသည်။

မီးလောင်မှုကြောင့်တန်ဘိုးငွေကျပ်(၁၉၆၀၀၀)ဆုံးရှုံးခဲ့သဖြင့်လျှပ်စစ်မီးအားပေါ့ဆစွာသုံးစွဲ၍ မီးလောင်ကျွမ်း
မှုဖြစ်ပွါးစေသူစက်ရုံမန်နေဂျာ ဒေါ်စန်းစန်းဝေအား ရွှေပြည်သာမြို့မရဲစခန်း(ပ) ၆၇၈/ ၂၀၁၃၊ပုဒ်မ ၂၈၅ ဖြင့်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
 
ရဲဇာနည် , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment