Pages

Sunday, September 22, 2013

မိုးအောင်ရင်နှင့် တွေ့ဆုံခြင်း

Photo: မိုးအောင်ရင်နှင့် တွေ့ဆုံခြင်း
Sunday, September 22, 2013

၎င်းပါဝင်သည့် ဇာတ်ကားများ မထွက်ရှိသည်မှာ ကြာပြီ ဖြစ်သည့်အတွက် ပရိသတ်များ မြင်ကွင်းမှ ပျောက်ကွယ်သလို ဖြစ်နေသော သရုပ်ဆောင် မိုးအောင်ရင်နှင့် တွေ့ဆုံပြီး မကြာမီ ရုံတင်တော့မည့် သူ၏ ‘ဟတ်ကော့’ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကား အထွက်ကျဲနေရသည့် အကြောင်းအရင်းနှင့် တစ်ကျော့ပြန် အနုပညာ လမ်းခရီးတွင် ဆက်လက် လျှောက်လှမ်းမည့် ပုံစံတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

Voice	။	။ ဟတ်ကော့ ရုပ်ရှင်ဇာတ်ကားမှာ မိုးအောင်ရင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်ကို ပြောပေးပါဦး။

M.A.Y	။	။ ကျွန်တော်က ဒီကားမှာ တောကနေမြို့ကို တက်လာတဲ့ တောသား တစ်ယောက်ပေါ့။ အဲဒီတောသားက မြို့ကို ရောက်လာတဲ့အခါ တောစရိုက်ကို အတင်းဖျောက်တဲ့ ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။

Voice	။	။ ဒီကားက မိုးအောင်ရင် တစ်ယောက်တည်း ခေါင်းဆောင်အဖြစ် ရိုက်ရတဲ့ကားဆိုတော့ ဒီဇာတ်ကားအပေါ် ရင်ခုန်မှုက ဘယ်လိုရှိလဲ။

M.A.Y	။	။ ကျွန်တော့်ရဲ့ ရင်ခုန်မှုကတော့ စကားလုံးတွေနဲ့တောင် ပြောပြလို့ မရနိုင်ပါဘူး။ အဲဒီဇာတ်ကား ရိုက်နေတုန်းကလည်း အရမ်းစိတ်လှုပ်ရှား ခဲ့ရတယ်။ အခု ပြန်ကြည့်တဲ့ အခါမှာ တချို့ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော့်ရဲ့သရုပ်ဆောင်မှုက အိုဗာများ ဖြစ်သွားသလား ခံစားမိတာတွေ ရှိတယ်။ တချို့နေရာတွေမှာဆို ကိုယ့်ကိုယ် ကိုယ် ပေါလိုက်တာဆိုပြီး ခံစားမိတာတွေ ရှိပါတယ်။ 

ဇာတ်ကားထဲမှာပါတဲ့ အိပ်မက်မက်တဲ့ အခန်းတွေမှာဆို သုံးထားတဲ့ ကွန်ပျူတာ ဂရပ်ဖစ်တွေက မကောင်းဘူး။ အဲဒီလို အားနည်းချက်တွေကို ပရိသတ်တွေက သည်းခံခွင့်လွှတ်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်တော်လည်း အခုမှားခဲ့တဲ့ အမှားမျိုး နောက်တစ်ကြိမ် ထပ်မမှားအောင် ကြိုးစားမယ်လို့ ပြောချင်ပါတယ်။

Voice	။	။ ဒီဇာတ်ကားက ရိုက်ထားတာ တော်တော်ကြာပြီ ထင်တယ်နော်။

M.A.Y	။	။ ဟုတ်ပါတယ်။ ဒီဇာတ်ကားက ရိုက်ထားတာ လေးနှစ်နီးပါးလောက် ရှိနေပါပြီ။ ကျွန်တော်ကိုယ်တိုင်တောင် ဇာတ်လမ်းကို သိပ်မမှတ်မိတော့ဘူး။ ဒီဇာတ်ကားမှာ ကျွန်တော့်ရဲ့ အဝတ်အစား ဖက်ရှင်ကလည်း Up to Date သိပ်မဖြစ်တော့ဘူး။

Voice	။	။ ဒီဇာတ်ကားကို ရိုက်ကူးစဉ်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင် ပြောပေးပါဦး။ 

M.A.Y	။	။ ရိုက်ကူးရေးမှာတော့ ဘာမှအခက်အခဲ မရှိပါဘူး။ ကျွန်တော် ထင်တာတော့ တည်းဖြတ်တဲ့ အပိုင်းမှာ နည်းနည်း အခက်အခဲရှိမယ် ထင်တယ်။ ဒီဇာတ်ကားကို စရိုက်တုန်းက ဗီဒီယိုကင်မရာနဲ့ ရိုက်တယ်။ ပြီးမှ ဒစ်ဂျစ်တယ်စနစ် ပြောင်းတယ်။ ဒီဂျစ်တယ်ကနေမှ ဖလင်ကို ထပ်ပြောင်းတော့ အဲဒီမှာပဲ အဆင်မပြေမှုတွေ အများကြီး ဖြစ်သွားတယ်။ 

ကျွန်တော့်ရဲ့ သရုပ်ဆောင်မှု အတွက်တော့ ဒါရိုက်တာ ကိုမိုက်က ရိုက်ကွင်းပေါ်မှာ သူကိုယ်တိုင် ဒိုင်ယာလော့ခ် ပြောရမယ့် အသံနေအသံထား၊ လုပ်ရမယ့် အိုက်တင်ကို နှစ်ကြိမ်လောက် လုပ်ပြတယ်။ ကျွန်တော်ကလည်း သူသင်ပြပေးတဲ့အတိုင်း လိုက်လုပ်တယ်။ ကိုခင်လှိုင်နဲ့ တွဲပြီး သရုပ်ဆောင်ရမယ့် အခန်းတွေမှာလည်း နှစ်ယောက်တိုင်ပင်ပြီး လုပ်ကြတယ်။ နောက်ပြီး ဒီဇာတ်ကားမှာပါတဲ့ ဦးမော့စ်တို့၊ ဦးမိုးဒီတို့ကလည်း ကျွန်တော့်ကို အကြံဉာဏ်တွေ ပေးကြတယ်။

Voice	။	။ သရုပ်ဆောင် တော်တော်များများက ဟာသကားမှာ သရုပ်ဆောင်ရတာ ပိုခက်တယ်လို့ ပြောကြတယ်။ ပရိသတ်ကို ရယ်အောင် လုပ်နိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပြောတဲ့ အသံနေ အသံထားအပြင် ဘယ်အချက်တွေက အရေးကြီးတယ် ထင်လဲ။ 

M.A.Y	။	။ အဓိကကတော့ အနုပညာရှင် တစ်ယောက်က ငါသိတယ်၊ ငါတတ်တယ်ဆိုပြီး စိတ်ကြီးဝင်နေရင်တော့ ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ စိတ်ကို ရှင်းရှင်းထားပြီး ကိုယ့်ကိုသင်ပေးတဲ့၊ အကြံဉာဏ်ပေးတဲ့ လူတွေရဲ့စကားကို တလေးတစားနဲ့ နားထောင်တယ်။ ဒီဇာတ်ကားမှာလည်း ကျွန်တော့်ထက် ဝါရင့်တဲ့ ဟာသ သရုပ်ဆောင်ကြီးတွေနဲ့ ဒါရိုက်တာရဲ့ သင်ကြား ပြသတာကို နာခံပြီး လုပ်ခဲ့ပါတယ်။ ဟာသကားမှာက ဒိုင်ယာလော့ခ်ပြောတဲ့ အသံနေ အသံထားအပြင် ဒိုင်ယာလော့ခ်နဲ့ အိုက်တင် တစ်ထပ်တည်း ကျဖို့လည်း လိုပါတယ်။

Voice	။	။ မိုးအောင်ရင်ရဲ့ ဇာတ်ကားတွေ မထွက်တာ တော်တော်လေး ကြာသွားပြီနော်။ ကားရိုက်တွေ ဘာလို့ကျဲသွားတာလဲ။

M.A.Y	။	။ အဲဒါကတော့ Lucky 7 ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ရေးပိုင်းမှာ Budge ထိတာလည်း ပါသလို ကျွန်တော့် နာမည်ကလည်း ကျသွားတဲ့အတွက် ကားထွက် ကျဲသွားတာပါ။ ရိုက်ကူးရေး ပိုင်းကတော့ ရပ်မသွားပါဘူး။ ကားထွက် နှေးသွားတာပါ။ နောက်ပြီး တချို့ထွက်လာတဲ့ ဇာတ်ကားတွေကို ခွေငှားဆိုင်တွေက မကြိုက်တော့ မဝယ်ကြဘူး။ အဲ့ဒီအတွက် ပရိသတ်တွေက ကျွန်တော့်ခွေတွေကို မကြည့်ရတဲ့အခါ ဇာတ်ကား မထွက်ဘူးဆိုပြီး ထင်သွားတာပါ။

အခုချိန်မှာ ကိုယ့်ရဲ့ထုတ်လုပ်ရေးက ကျွန်တော့်ကို အခွင့်အရေး ပြန်ပေးတဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ပြန်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။ 

Voice	။	။ မိုးအောင်ရင်ရဲ့ မိသားစုတွေက အဝေးမှာ ရှိနေပြီး ကိုယ်ကကျတော့ ဒီမှာ တစ်ယောက်တည်း နေရတာဆိုတော့ အလုပ်ကိစ္စတွေ စဉ်းစားဆုံးဖြတ်တဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

M.A.Y	။	။ ကျွန်တော် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် မိဘမဲ့တစ်ယောက်လို ခံစားရတယ်။ ရေချိုးခန်းထဲမှာ ကြိတ်ပြီး ငိုခဲ့ရတဲ့ အခါတွေလည်း ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အမှားတစ်ခု လုပ်မိတဲ့ သားသမီးကို အစစအရာရာ တာဝန်ယူ ဖြေရှင်းပေးတဲ့ မိဘတွေကို တွေ့တဲ့အခါ ကျွန်တော်ဝမ်းနည်းမိတယ်။ 

လူငယ်ဆိုတော့ တစ်ခါတလေ စိတ်ထဲရှိသလို ဆိုးလိုက်ချင်တဲ့ အခါတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကို ပြန်ထိန်းလိုက်တယ်။ ပြဿနာ တစ်ခုခု ဖြစ်လို့ ရှင်းရပြီဆိုရင် ကျွန်တော်ကဒီမှာ တစ်ယောက်တည်း နေတာဆိုတော့ ကျွန်တော်ပဲ ခံရမှာလေ။ အဲဒီတော့ စိတ်ဓာတ်ကျတဲ့ အခါတွေ၊ မကျေနပ်စရာတွေ ကြုံလာတဲ့ အခါတွေမှာ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်အားတင်းတယ်။ ကိုယ်တစ်ယောက်တည်း ဖြေရှင်းလို့မရတဲ့ အခါမျိုးတွေမှာတော့ အပေါင်းအသင်း မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကြံဉဏ်ကို ယူတယ်။

မိဘရဲ့အရိပ်အာဝါသက ဘယ်လောက် ကြီးမားတယ်၊ အေးမြတယ်ဆိုတာ လူတိုင်း လက်ခံကြမှာပါ။ အဲ့ဒီအတွက်ကြောင့်မို့ ကျွန်တော် ဒီမှာတစ်ယောက်တည်းနေတဲ့ အခိုက်မှာ ကျွန်တော်အမှားတွေများ လုပ်ခဲ့ရင် ကျွန်တော့်အပေါ် ပရိသတ်တွေအနေနဲ့ မကျေနပ်တာတွေရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။

Voice	။	။ စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကို ဘယ်လိုထွက် ပေါက်ပေးဖြစ်လဲ။

M.A.Y	။	။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်မိဘတွေကို သွားတွေ့ပြီး ဒီကိုပြန်လာရတဲ့အခါ ဒီမှာကိုယ် တစ်ယောက်တည်း နေနေရတယ်ဆိုတဲ့ ခံစားချက်ကြောင့်ရော၊ သူတို့ကို သတိရတဲ့စိတ်ကြောင့်ရော၊ နောက်ပြီး အဲဒီအချိန်မှာ ကားရိုက်တွေကလည်း မရှိတော့ လူကီ Depression ဝင်လာတယ်။ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ခရီးတွေ လျှောက်သွား၊ လုပ်ချင်တာတွေ လျှောက်လုပ်တယ်။ နောက်ဆုံး ကျွန်တော့်ရဲ့စိတ်တွေ တည်ငြိမ်သွားတာက ဘုန်းကြီး ခဏတာ ဝတ်လိုက်တဲ့ အချိန်မှာပေါ့။ ကျွန်တော် တရားတွေ ထိုင်တယ်၊ ပုတီးတွေစိပ်တယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့စိတ်တွေ အရမ်းတည်ငြိမ်သွားတယ်။ အရင်တုန်းက ကျွန်တော် ပျော်မလားဆိုပြီး လျှောက်လုပ်ခဲ့တာက တစ်ခဏတာ အပျော်တွေပဲဆိုတာ သိလာတယ်။ ကိုယ့်စိတ်ရဲ့ ငြိမ်းချမ်းမှုကိုရဖို့ အတွက် ကိုယ်တိုင်ပဲစိတ်ကို ပြောင်းလဲ ပြုပြင်မှ ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြုပြင်ခဲ့ပါတယ်။

Voice	။	။ အရင်တုန်းကလို ပရိသတ်ရဲ့အားပေးမှုကို ပြန်ရဖို့အတွက် မိုးအောင်ရင်ဘက်က ဘာတွေ ပြုပြင်ပြောင်းလဲရမယ် ထင်လဲ။

M.A.Y	။ ။ အမှားတစ်ခုကို နှစ်ခါထပ် မမှားဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ခေါင်းထဲမှာလည်း အလုပ်ကလွဲပြီး ကျန်တဲ့အရာတွေကို မထည့်ထားပါဘူး။ အတတ်နိုင်ဆုံးလည်း ကျွန်တော် ကြိုးစားသွားမှာပါ။ ကျွန်တော့်ကို အခုအချိန်အထိ အားပေးနေဆဲ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဇာတ်ကားတွေ အများကြီး ရိုက်ထားပါသေးတယ်။ ဆက်ပြီးတော့ လည်း ရိုက်သွားဦးမှာပါ။ ပရိသတ်တွေ အနေနဲ့ မကျေနပ်တာတွေ၊ စိတ်တိုင်း မကျတာတွေ ရှိရင်လည်း ဝေဖန်၊ အကြံပေးကြပါဦးလို့ ပြောချင်ပါတယ်။

The Voice Weekly

RangonNewsDaily:: September 22, 2013

၎င်းပါဝင်သည့် ဇာတ်ကားများ မထွက်ရှိသည်မှာ ကြာပြီ ဖြစ်သည့်အတွက် ပရိသတ်များ မြင်ကွင်းမှ ပျောက်
ကွယ်သလို ဖြစ်နေသော သရုပ်ဆောင် မိုးအောင်ရင်နှင့် တွေ့ဆုံပြီး မကြာမီ ရုံတင်တော့မည့် သူ၏ ‘ဟတ်
ကော့’ ရုပ်ရှင်ဇာတ်ကားအကြောင်း၊ ဇာတ်ကား အထွက်ကျဲနေရသည့် အကြောင်းအရင်းနှင့် တစ်ကျော့ပြန် အနုပညာ လမ်းခရီးတွင် ဆက်လက် လျှောက်လှမ်းမည့် ပုံစံတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ Voice ။ ။ ဟတ်ကော့ရုပ်ရှင်ဇာတ်ကားမှာမိုးအောင်ရင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်စရိုက်ကို ပြောပေး
ပါဦး။

M.A.Y ။ ။ကျွန်တော်ကဒီကားမှာ တောကနေမြို့ကို တက်လာတဲ့ တောသားတစ်ယောက်ပေါ့။အဲဒီတောသား
က မြို့ကို ရောက်လာတဲ့အခါ တောစရိုက်ကို အတင်းဖျောက်တဲ့ ပုံစံမျိုး သရုပ်ဆောင်ထားပါတယ်။

Voice ။ ။ ဒီကားက မိုးအောင်ရင် တစ်ယောက်တည်း ခေါင်းဆောင်အဖြစ် ရိုက်ရတဲ့ကားဆိုတော့ဒီဇာတ်ကား
အပေါ် ရင်ခုန်မှုက ဘယ်လိုရှိလဲ။

M.A.Y ။ ။ ကျွန်တော့်ရဲ့ ရင်ခုန်မှုကတော့ စကားလုံးတွေနဲ့တောင် ပြောပြလို့ မရနိုင်ပါဘူး။ အဲဒီဇာတ်ကား ရိုက်နေတုန်းကလည်း အရမ်းစိတ်လှုပ်ရှား ခဲ့ရတယ်။ အခု ပြန်ကြည့်တဲ့ အခါမှာ တချို့ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော့်ရဲ့သရုပ်ဆောင်မှုက အိုဗာများ ဖြစ်သွားသလား ခံစားမိတာတွေ ရှိတယ်။ တချို့နေရာတွေမှာဆို ကိုယ့်ကိုယ် ကိုယ် ပေါလိုက်တာဆိုပြီး ခံစားမိတာတွေ ရှိပါတယ်။

ဇာတ်ကားထဲမှာပါတဲ့ အိပ်မက်မက်တဲ့ အခန်းတွေမှာဆို သုံးထားတဲ့ ကွန်ပျူတာ ဂရပ်ဖစ်တွေကမကောင်းဘူး
။ အဲဒီလို အားနည်းချက်တွေကို ပရိသတ်တွေက သည်းခံခွင့်လွှတ်ပြီး အားပေးကြပါလို့ ပြောချင်ပါတယ်။ ကျွန်
တော်လည်း အခုမှားခဲ့တဲ့ အမှားမျိုး နောက်တစ်ကြိမ် ထပ်မမှားအောင် ကြိုးစားမယ်လို့ ပြောချင်ပါတယ်။

Voice ။ ။ ဒီဇာတ်ကားက ရိုက်ထားတာ တော်တော်ကြာပြီ ထင်တယ်နော်။

M.A.Y ။ ။ဟုတ်ပါတယ်။ဒီဇာတ်ကားက ရိုက်ထားတာ လေးနှစ်နီးပါးလောက် ရှိနေပါပြီ။ ကျွန်တော်ကိုယ်တိုင်
တောင် ဇာတ်လမ်းကို သိပ်မမှတ်မိတော့ဘူး။ ဒီဇာတ်ကားမှာ ကျွန်တော့်ရဲ့ အဝတ်အစား ဖက်ရှင်ကလည်း Up to Date သိပ်မဖြစ်တော့ဘူး။

Voice ။ ။ ဒီဇာတ်ကားကို ရိုက်ကူးစဉ်မှာ ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ အမှတ်တရတွေရှိရင် ပြောပေးပါဦး။

M.A.Y ။ ။ ရိုက်ကူးရေးမှာတော့ ဘာမှအခက်အခဲ မရှိပါဘူး။ ကျွန်တော် ထင်တာတော့ တည်းဖြတ်တဲ့ အပိုင်း
မှာ နည်းနည်း အခက်အခဲရှိမယ် ထင်တယ်။ ဒီဇာတ်ကားကို စရိုက်တုန်းက ဗီဒီယိုကင်မရာနဲ့ ရိုက်တယ်။ ပြီးမှ ဒစ်ဂျစ်တယ်စနစ် ပြောင်းတယ်။ ဒီဂျစ်တယ်ကနေမှ ဖလင်ကို ထပ်ပြောင်းတော့ အဲဒီမှာပဲ အဆင်မပြေမှုတွေ အများကြီး ဖြစ်သွားတယ်။

ကျွန်တော့်ရဲ့သရုပ်ဆောင်မှုအတွက်တော့ဒါရိုက်တာကိုမိုက်က ရိုက်ကွင်းပေါ်မှာ သူကိုယ်တိုင် ဒိုင်ယာလော့
ခ် ပြောရမယ့် အသံနေအသံထား၊ လုပ်ရမယ့် အိုက်တင်ကို နှစ်ကြိမ်လောက် လုပ်ပြတယ်။ 
 
ကျွန်တော်ကလည်း သူသင်ပြပေးတဲ့အတိုင်း လိုက်လုပ်တယ်။ ကိုခင်လှိုင်နဲ့ တွဲပြီး သရုပ်ဆောင်ရမယ့် အခန်း
တွေမှာလည်း နှစ်ယောက်တိုင်ပင်ပြီး လုပ်ကြတယ်။ နောက်ပြီး ဒီဇာတ်ကားမှာပါတဲ့ ဦးမော့စ်တို့၊ ဦးမိုးဒီတို့က
လည်း ကျွန်တော့်ကို အကြံဉာဏ်တွေ ပေးကြတယ်။

Voice ။ ။ သရုပ်ဆောင် တော်တော်များများက ဟာသကားမှာ သရုပ်ဆောင်ရတာ ပိုခက်တယ်လို့ ပြောကြ
တယ်။ ပရိသတ်ကို ရယ်အောင် လုပ်နိုင်ဖို့အတွက် ဒိုင်ယာလော့ခ်ပြောတဲ့ အသံနေ အသံထားအပြင် ဘယ်
အချက်တွေက အရေးကြီးတယ် ထင်လဲ။

M.A.Y ။ ။ အဓိကကတော့ အနုပညာရှင် တစ်ယောက်က ငါသိတယ်၊ ငါတတ်တယ်ဆိုပြီး စိတ်ကြီးဝင်နေရင်
တော့ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး။ ကျွန်တော်ကတော့ စိတ်ကို ရှင်းရှင်းထားပြီး ကိုယ့်ကိုသင်ပေးတဲ့၊ အကြံဉာဏ်ပေးတဲ့ လူတွေရဲ့စကားကို တလေးတစားနဲ့ နားထောင်တယ်။ 
 
ဒီဇာတ်ကားမှာလည်း ကျွန်တော့်ထက် ဝါရင့်တဲ့ ဟာသ သရုပ်ဆောင်ကြီးတွေနဲ့ ဒါရိုက်တာရဲ့ သင်ကြား ပြသ
တာကို နာခံပြီး လုပ်ခဲ့ပါတယ်။ ဟာသကားမှာက ဒိုင်ယာလော့ခ်ပြောတဲ့ အသံနေ အသံထားအပြင် ဒိုင်ယာ
လော့ခ်နဲ့ အိုက်တင် တစ်ထပ်တည်း ကျဖို့လည်း လိုပါတယ်။

Voice ။ ။ မိုးအောင်ရင်ရဲ့ ဇာတ်ကားတွေ မထွက်တာ တော်တော်လေး ကြာသွားပြီနော်။ ကားရိုက်တွေ ဘာလို့ကျဲသွားတာလဲ။

M.A.Y ။ ။ အဲဒါကတော့ Lucky 7 ဗီဒီယို ထုတ်လုပ်ရေးက ထုတ်လုပ်ရေးပိုင်းမှာ Budge ထိတာလည်း ပါသလို ကျွန်တော့်နာမည်ကလည်းကျသွားတဲ့အတွက် ကားထွက် ကျဲသွားတာပါ။ ရိုက်ကူးရေး ပိုင်းကတော့ရပ်မသွား
ပါဘူး။ 
 
ကားထွက် နှေးသွားတာပါ။ နောက်ပြီး တချို့ထွက်လာတဲ့ ဇာတ်ကားတွေကို ခွေငှားဆိုင်တွေက မကြိုက်တော့ မဝယ်ကြဘူး။ အဲ့ဒီအတွက်ပရိသတ်တွေက ကျွန်တော့်ခွေတွေကို မကြည့်ရတဲ့အခါ ဇာတ်ကား မထွက်ဘူးဆို
ပြီး ထင်သွားတာပါ။

အခုချိန်မှာ ကိုယ့်ရဲ့ထုတ်လုပ်ရေးက ကျွန်တော့်ကို အခွင့်အရေး ပြန်ပေးတဲ့အချိန်မှာ အကောင်းဆုံး ဖြစ်အောင် ပြန်ကြိုးစားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

Voice ။ ။ မိုးအောင်ရင်ရဲ့ မိသားစုတွေက အဝေးမှာ ရှိနေပြီး ကိုယ်ကကျတော့ ဒီမှာ တစ်ယောက်တည်း နေ
ရတာဆိုတော့ အလုပ်ကိစ္စတွေ စဉ်းစားဆုံးဖြတ်တဲ့ နေရာမှာ ဘယ်လိုအခက်အခဲတွေ တွေ့ရလဲ။

M.A.Y ။ ။ ကျွန်တော် တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် မိဘမဲ့တစ်ယောက်လို ခံစားရတယ်။ ရေချိုးခန်းထဲမှာ ကြိတ်ပြီး ငိုခဲ့ရတဲ့ အခါတွေလည်း ရှိတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ အမှားတစ်ခု လုပ်မိတဲ့ သားသမီးကို အစစ
အရာရာ တာဝန်ယူ ဖြေရှင်းပေးတဲ့ မိဘတွေကို တွေ့တဲ့အခါ ကျွန်တော်ဝမ်းနည်းမိတယ်။

လူငယ်ဆိုတော့ တစ်ခါတလေ စိတ်ထဲရှိသလို ဆိုးလိုက်ချင်တဲ့ အခါတွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ကို
ပြန်ထိန်းလိုက်တယ်။ ပြဿနာ တစ်ခုခု ဖြစ်လို့ ရှင်းရပြီဆိုရင် ကျွန်တော်ကဒီမှာ တစ်ယောက်တည်း နေတာဆို
တော့ ကျွန်တော်ပဲ ခံရမှာလေ။ အဲဒီတော့ စိတ်ဓာတ်ကျတဲ့ အခါတွေ၊ မကျေနပ်စရာတွေ ကြုံလာတဲ့ အခါတွေ
မှာ ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်အားတင်းတယ်။ ကိုယ်တစ်ယောက်တည်း ဖြေရှင်းလို့မရတဲ့ အခါမျိုးတွေမှာ
တော့ အပေါင်းအသင်း မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ အကြံဉဏ်ကို ယူတယ်။

မိဘရဲ့အရိပ်အာဝါသကဘယ်လောက်ကြီးမားတယ်၊ အေးမြတယ်ဆိုတာလူတိုင်းလက်ခံကြမှာပါ။အဲ့ဒီအတွက်
ကြောင့်မို့ကျွန်တော်ဒီမှာတစ်ယောက်တည်းနေတဲ့ အခိုက်မှာ ကျွန်တော်အမှားတွေများ လုပ်ခဲ့ရင် ကျွန်တော့်
အပေါ် ပရိသတ်တွေအနေနဲ့ မကျေနပ်တာတွေရှိရင် ခွင့်လွှတ်ပေးပါလို့ ပြောချင်ပါတယ်။

Voice ။ ။ စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါမှာ ကိုယ့်ရဲ့စိတ်ကို ဘယ်လိုထွက် ပေါက်ပေးဖြစ်လဲ။

M.A.Y ။ ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်မိဘတွေကို သွားတွေ့ပြီး ဒီကိုပြန်လာရတဲ့အခါ ဒီမှာကိုယ် တစ်ယောက်တည်း နေနေရတယ်ဆိုတဲ့ ခံစားချက်ကြောင့်ရော၊ သူတို့ကို သတိရတဲ့စိတ်ကြောင့်
ရော၊ နောက်ပြီး အဲဒီအချိန်မှာ ကားရိုက်တွေကလည်း မရှိတော့ လူကြီး Depression ဝင်လာတယ်။ 
 
ကျွန်တော့် သူငယ်ချင်းတွေနဲ့ ခရီးတွေ လျှောက်သွား၊ လုပ်ချင်တာတွေ လျှောက်လုပ်တယ်။ နောက်ဆုံး ကျွန်
တော့်ရဲ့စိတ်တွေတည်ငြိမ်သွားတာက ဘုန်းကြီး ခဏတာ ဝတ်လိုက်တဲ့ အချိန်မှာပေါ့။ ကျွန်တော် တရားတွေ
ထိုင်တယ်၊ ပုတီးတွေစိပ်တယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော့်ရဲ့စိတ်တွေ အရမ်းတည်ငြိမ်သွားတယ်။ 
 
အရင်တုန်းက ကျွန်တော် ပျော်မလားဆိုပြီး လျှောက်လုပ်ခဲ့တာက တစ်ခဏတာ အပျော်တွေပဲဆိုတာ သိလာ
တယ်။ ကိုယ့်စိတ်ရဲ့ ငြိမ်းချမ်းမှုကိုရဖို့ အတွက် ကိုယ်တိုင်ပဲစိတ်ကို ပြောင်းလဲ ပြုပြင်မှ ရမယ်ဆိုပြီး ကိုယ့်ကိုယ်
ကိုယ် ပြန်ပြုပြင်ခဲ့ပါတယ်။

Voice။။အရင်တုန်းကလိုပရိသတ်ရဲ့အားပေးမှုကို ပြန်ရဖို့အတွက်မိုးအောင်ရင်ဘက်ကဘာတွေ ပြုပြင်ပြောင်း
လဲရမယ် ထင်လဲ။

M.A.Y ။ ။ အမှားတစ်ခုကို နှစ်ခါထပ် မမှားဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ ခေါင်းထဲမှာလည်း အလုပ်က
လွဲပြီးကျန်တဲ့အရာတွေကိုမထည့်ထားပါဘူး။ အတတ်နိုင်ဆုံးလည်း ကျွန်တော် ကြိုးစားသွားမှာပါ။ ကျွန်တော့်
ကို အခုအချိန်အထိ အားပေးနေဆဲ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ 
 
ကျွန်တော်ဇာတ်ကားတွေအများကြီးရိုက်ထားပါသေးတယ်။ဆက်ပြီးတော့ လည်း ရိုက်သွားဦးမှာပါ။ ပရိသတ်
တွေ အနေနဲ့ မကျေနပ်တာတွေ၊ စိတ်တိုင်း မကျတာတွေ ရှိရင်လည်း ဝေဖန်၊ အကြံပေးကြပါဦးလို့ ပြောချင်ပါ
တယ်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment