Pages

Sunday, September 22, 2013

(၃၁၇)ပွဲ ကစားရာမှာ ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပိုင်ဆိုင်မှု အရေးနိမ့်ခဲ့တဲ့ ဘာကာ

Photo: (၃၁၇)ပွဲ ကစားရာမှာ ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပိုင်ဆိုင်မှု အရေးနိမ့်ခဲ့တဲ့ ဘာကာ
Sunday, September 22, 2013

ဘာစီလိုနာအတွက် ဗယ်လီကာနိုကို (၄)ဂိုးပြတ် အနိုင်ရခဲ့တာ လာလီဂါ(၅)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပေမယ့် မရှုံးစဖူးသူတို့ဆုံးရှုံး
ခဲ့ရတာကတော့ ဘောလုံးပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပွဲစဉ်(၃၁၆)ပွဲဆက် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဗယ်လီကာနိုနဲ့ တွေ့တဲ့ (၃၁၇)ပွဲမြောက်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၄၅ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအစပိုင်း(၁၀)မိနစ်အတွင်းမှာပဲ နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးရသွားခဲ့တာကတော့ ဘာကာဖြစ်ပြီး မက်ဆီရဲ့ ထိုးဖောက်မှုကတစ်ဆင့် ပတ်ထရိုက ပြေးဝင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးရခဲ့ပြီးပေမယ့် ဗယ်လီကာနိုဟာ ဘာကာကို အန္တရာယ်ပေးနိုင်နေဆဲဖြစ်ပြီး တာရာရှိုရက်ကို အက်ဒရီယာနို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တာကြောင့် ဘာကာတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီပင်နယ်တီကို ဗဲလ်ဒက်စ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗဲလ်ဒက်စ်အတွက် နှစ်ပွဲဆက် ပင်နယ်တီ ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀မှာ ၁၁ကြိမ်မြောက် ပင်နယ်တီ ကာကွယ်မှု ဖြစ်လာခဲ့ပါတယ်။

ဘာကာအတွက် လက်ကျန်ဂိုးတွေကိုတော့ ပတ်ထရိုက (၄၇၊၇၂)မိနစ်နဲ့ ဖာဘရီဂတ်စ်က (၇၉)မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဘာကာဟာ နည်းပြ ဖရန့်ရစ်ကတ် ကိုင်တွယ်ခဲ့တဲ့ (၂၀၀၈)ခုနှစ်က ရီးရဲလ်ကို ရှုံးနိမ့်တဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုပါ အရေးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအနေနဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့တာဖြစ်ပါတယ်။

http://yoyarlay.com/sport/football/38044-2013-09-21-23-45-24
ဇော်ထွန်း(ရိုးရာလေး)

RangonNewsDaily:: September 22, 2013

ဘာစီလိုနာအတွက် ဗယ်လီကာနိုကို (၄)ဂိုးပြတ် အနိုင်ရခဲ့တာ လာလီဂါ(၅)ပွဲဆက် အနိုင်ရခဲ့တာဖြစ်ပေမယ့် မရှုံးစဖူးသူတို့ဆုံးရှုံး ခဲ့ရတာကတော့ ဘောလုံးပိုင်ဆိုင်မှုပဲ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ပွဲစဉ်(၃၁၆)ပွဲဆက် ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပြီး ဗယ်လီကာနိုနဲ့ တွေ့တဲ့ (၃၁၇)ပွဲမြောက်မှာတော့ ဘောလုံးပိုင်ဆိုင်မှု ၄၅ရာခိုင်နှုန်းသာ ရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအစပိုင်း(၁၀)မိနစ်အတွင်းမှာပဲ နှစ်သင်းစလုံး အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ဂိုးရသွားခဲ့တာကတော့ ဘာကာဖြစ်ပြီး မက်ဆီရဲ့ ထိုးဖောက်မှုကတစ်ဆင့် ပတ်ထရိုက ပြေးဝင်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီဂိုးရခဲ့ပြီးပေမယ့် ဗယ်လီကာနိုဟာ ဘာကာကို အန္တရာယ်ပေးနိုင်နေဆဲဖြစ်ပြီး တာရာရှိုရက်ကို အက်ဒရီယာနို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တာကြောင့် ဘာကာတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီပင်နယ်တီကို ဗဲလ်ဒက်စ်က ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဗဲလ်ဒက်စ်အတွက် နှစ်ပွဲဆက် ပင်နယ်တီ ကာကွယ်နိုင်ခဲ့တာဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀မှာ ၁၁ကြိမ်မြောက် ပင်နယ်တီ ကာကွယ်မှု ဖြစ်လာခဲ့ပါတယ်။

ဘာကာအတွက် လက်ကျန်ဂိုးတွေကိုတော့ ပတ်ထရိုက (၄၇၊၇၂)မိနစ်နဲ့ ဖာဘရီဂတ်စ်က (၇၉)မိနစ်မှာ သွင်းယူပေးခဲ့တာပါ။ ဘာကာဟာ နည်းပြ ဖရန့်ရစ်ကတ် ကိုင်တွယ်ခဲ့တဲ့ (၂၀၀၈)ခုနှစ်က ရီးရဲလ်ကို ရှုံးနိမ့်တဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုပါ အရေးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအနေနဲ့ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာမရခဲ့တာဖြစ်ပါတယ်။

ဇော်ထွန်း(ရိုးရာလေး) , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment

 
world time