Pages

Sunday, September 22, 2013

တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားပြီး စီးနင်းခွင့် မရှိသည့်အတွက် ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော်

Photo: တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားပြီး စီးနင်းခွင့် မရှိသည့်အတွက် ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော်
Sunday, September 22, 2013 

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားသော်လည်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မပြုထားသည့်အတွက် စက်တင်ဘာ ၂၁ ရက်က နံနက် ၉ နာရီမှ မွန်းလွှဲတစ်နာရီအထိ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၂၀၀ ခန့်မှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေးကို တောင်းဆိုခဲ့ပြီး အကောက်ခွန်မဲ့ ဆိုင်ကယ်ရောင်းချ သူများအား အရေးယူပေးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများအား အရေးယူပေးရေး၊ ဆိုင်ကယ်ကယ်ရီ မောင်းနှင်ခွင့် ရရှိရေး၊ ဆိုင်ကယ်တရားဝင် လိုင်စင်ထုတ်ပေးရေး၊ ဆင်ခြင်ဖုန်း မြို့နယ်ဖြစ်သော လှိုင်သာယာ မြို့နယ်အတွင်း  ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဆိုင်ကယ်စီးနင်း သူများအား အကာအကွယ်ပေးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ ချမှတ်ပေးရေးနှင့် အရေးယူရာတွင် ခွဲခြားမှုမရှိ တန်းတူအရေးယူပေးရေး စသည့်အချက် ၁၀ ချက် ပါဝင်သည့် စာတန်းများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်တောင်းဆိုခဲ့သည်။

"ဆန္ဒထုတ်ဖော်ဖို့ တရားဝင် ခွင့်ပြုမိန့်တင်တာ လူ ၅၀၀ ပါ။ ဒါပေမဲ့ လူ ၂၅၀ ပဲ ခွင့်ပြုတယ်။ ရည်ရွယ်ချက်ကတော့ ဆိုင်ကယ်မောင်းနှင်ခွင့် တရားဝင်လိုင်စင် ထုတ်ပေးဖို့ပါ ဒါမှသာ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်မှာ ဖြစ်ပါတယ်။ လိုင်စင်မရှိရင် ပုဒ်မ ၈/၁ အရ ဖမ်းပြီး ထောင်ဒဏ်သုံးနှစ် ချတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ အရမ်းနစ်နာပါတယ်" ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ကိုဆန်းဦးက ဆိုသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းမှုများ ရှိသော်လည်း တရားဝင် မဟုတ်သည့်အတွက် စီးနင်းသူ အများပြည်သူများနှင့် ဆိုင်ကယ်ကယ်ရီ မောင်းနှင့်သူများအား ပုဒ်မ ၈/၁ ဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းကဆက်လက် ပြောကြားခဲ့သည်။

လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာ မီးခွက်ဈေးမှ တပင်ရွှေထီး လမ်းတစ်လျှောက်နှင့် ရန်ကုန်-ညောင်တုန်းလမ်းမှတဆင့် အောင်မြေသာ ကျောင်းတိုက်အထိ  ဆိုင်ကယ်ကယ်ရီ သမားများ အပါအ၀င် လူ ၂၀၀ ခန့်မှ စာတန်းများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များတွင် အစိုးရ ၀န်ထမ်းများမှလွဲလျှင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မရှိကြောင်း သိရသည်။

Eleven Media Group


လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော် သူများအား တွေ့ရစဉ်
လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော် သူများအား တွေ့ရစဉ်
RangonNewsDaily:: September 22, 2013

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တရားဝင် ဆိုင်ကယ်ရောင်းချခွင့် ပြုထားသော်လည်း တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မပြုထားသည့်အတွက် စက်တင်ဘာ ၂၁ ရက်က နံနက် ၉ နာရီမှ မွန်းလွှဲတစ်နာရီအထိ လှိုင်သာယာမြို့နယ်တွင် လူဦးရေ ၂၀၀ ခန့်မှ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေးကို တောင်းဆိုခဲ့ပြီး အကောက်ခွန်မဲ့ ဆိုင်ကယ်ရောင်းချ သူများအား အရေးယူပေးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သူများအား အရေးယူပေးရေး၊ ဆိုင်ကယ်ကယ်ရီ မောင်းနှင်ခွင့် ရရှိရေး၊ ဆိုင်ကယ်တရားဝင် လိုင်စင်ထုတ်ပေးရေး၊ ဆင်ခြင်ဖုန်း မြို့နယ်ဖြစ်သော လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဆိုင်ကယ်စီးနင်း သူများအား အကာအကွယ်ပေးရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များ ချမှတ်ပေးရေးနှင့် အရေးယူရာတွင် ခွဲခြားမှုမရှိ တန်းတူအရေးယူပေးရေး စသည့်အချက် ၁၀ ချက် ပါဝင်သည့် စာတန်းများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်တောင်းဆိုခဲ့သည်။

"ဆန္ဒထုတ်ဖော်ဖို့ တရားဝင် ခွင့်ပြုမိန့်တင်တာ လူ ၅၀၀ ပါ။ ဒါပေမဲ့ လူ ၂၅၀ ပဲ ခွင့်ပြုတယ်။ ရည်ရွယ်ချက်ကတော့ ဆိုင်ကယ်မောင်းနှင်ခွင့် တရားဝင်လိုင်စင် ထုတ်ပေးဖို့ပါ ဒါမှသာ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်မှာ ဖြစ်ပါတယ်။ လိုင်စင်မရှိရင် ပုဒ်မ ၈/၁ အရ ဖမ်းပြီး ထောင်ဒဏ်သုံးနှစ် ချတဲ့အတွက် ကျွန်တော်တို့ ပြည်သူတွေအပေါ်မှာ အရမ်းနစ်နာပါတယ်" ဟု ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်သူ ကိုဆန်းဦးက ဆိုသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်စီးနင်းမှုများ ရှိသော်လည်း တရားဝင် မဟုတ်သည့်အတွက် စီးနင်းသူ အများပြည်သူများနှင့် ဆိုင်ကယ်ကယ်ရီ မောင်းနှင့်သူများအား ပုဒ်မ ၈/၁ ဖြင့် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ယင်းကဆက်လက် ပြောကြားခဲ့သည်။

လှိုင်သာယာ မြို့နယ်အတွင်း ဆိုင်ကယ်စီးနင်းခွင့် ရရှိရေး ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာ မီးခွက်ဈေးမှ တပင်ရွှေထီး လမ်းတစ်လျှောက်နှင့် ရန်ကုန်-ညောင်တုန်းလမ်းမှတဆင့် အောင်မြေသာ ကျောင်းတိုက်အထိ ဆိုင်ကယ်ကယ်ရီ သမားများ အပါအ၀င် လူ ၂၀၀ ခန့်မှ စာတန်းများ ကိုင်ဆောင်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့နယ်များတွင် အစိုးရ ၀န်ထမ်းများမှလွဲလျှင် တရားဝင် ဆိုင်ကယ်စီးနင်းခွင့် မရှိကြောင်း သိရသည်။

Eleven Media Group , RangonNewsDaily
kolatt (Pabedan)



0 comments:

Post a Comment