Pages

Friday, August 16, 2013

"ကရင်ပြည်နယ်ရဲ့အသဲနှလုံး ပျက်စီးမှာကိုဒေသခံများစိုးရိမ်"

"ကရင်ပြည်နယ်ရဲ့အသဲနှလုံး ပျက်စီးမှာကိုဒေသခံများစိုးရိမ်" သြဂုတ် ၁၅ 

kolatt (Pabedan): 16.8.2013

ကရင်ပြည်နယ်ရဲ့အသဲနှစ်လုံးဖြစ်တဲ့ ဇွဲကပင်တောင်ကို ဒီနှစ်ကုန်ပိုင်းမှာ ကောင်းကင်ရ
ထားတပ်ဆင်ပြီး ပြေးဆွဲတော့မှာဖြစ်တဲ့အတွက်သဘာဝတောတောင်ရေမြေတွေ
ဆုံးရှုံးပျက်စီးသွားမှာကို ဒေသခံတွေစိုးရိမ်နေကြပါတယ်။

မလေးရှားနိုင်ငံက ကုမ္ပဏီတခုရဲ့အကူအညီတွေနဲ့ မကြာခင်မှာတပ်ဆင်တော့မှာဖြစ် တယ်လို့ ဆံတော်ရှင်ဇွဲကပင်တောင်ဆရာတော်@အရှင်က၀ိဓဇ က အတည်ပြုမိန့်ကြား
ခဲ့ပါတယ်။

ဇွဲကပင်တောင်ကို သာမန်သူတွေအနေနဲ့ သက်တောင့်သက်
သာတက်မယ်ဆိုရင် အချိန် ၂ နာရီလောက်ဘဲရှိမှာပါလို့မြို့ခံတဦးကပြောပါတယ်။

သဘာဝတောတောင်ရေမြေတွေနဲ့တည်ရှိနေတဲ့ ဇွဲကပင်တောင်ကို မွန်ပြည်နယ်
ကျိုက်ထိုမြို့က ကျိုက်ထီးရိုးတောင်လို တောင်တက်တောင်ဆင်း ကားလမ်းတွေ
ဖောက်လုပ်ခဲ့ပြီး ရင်ပြင်တော်ပေါ်မှာလည်း@ ဟော်တယ်တွေမိုတယ်တွေဈေးတွေ အများအပြားတည်ဆောက်ခဲ့ကြတဲ့အတွက် သဘာဝတောင်တောင်ရေမြေတွေ ပျက်
စီးဆုံးရှုံးခဲ့ရသလိုမျိုးဖြစ်သွားမှာကို ဒေသခံတွေမလိုလားကြပါဘူး။

ရိုးသားတဲ့အဆင်းတွေနဲ့တည်ရှိနေတဲ့ ဇွဲကပင်တောင်ရဲ့အလှ အရောင်ဆိုးခံရမှာကို@ ဒေသခံတွေစိုးရိမ်နေကြပေမဲ့ သူတို့မှာဟန့်တားနိုင်တဲ့ အ
နေအထားမရှိဘူးလို့ ၀မ်းနည်းစွာရင်ဖွင့်ကြပါတယ်။

သူတို့ပြောဆိုကြတဲ့အထဲမှာ ဇွဲကပင်တောင်ရဲ့ သဘာဝအလှတရား မပျက်မယွင်းရ
အောင် ကူညီပေးမဲ့ကယ်တင်ရှင်တွေပေါ်လာ@မယ်ဆိုရင်တော့ သိတ်ကောင်းမှာဘဲ ဆိုတဲ့အ ချက်ပါဘဲ။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားလို တနှစ်ပတ်လုံးဘုရားဖူတွေမရှိတဲ့ ဆံတော်ရှင်ဇွဲက ပင်တောင် ဘုရားပွဲတော်ရက်ကတော့ တပေါင်းလပြည့်နေ့မှာဖြစ်ပြီး အရှေ့ ဘက်တောင်ခြေမှာရှိတဲ့ ခလောက်နို့ရွာနဲ့အနောက်ဘက်တောင်ခြေမှာရှိတဲ့တော်ပုံရွာ
မှာ နှစ်စဉ်ပွဲတော်ကျင်းပကြတာပါ။

အခုတင်ထားတဲ့ပုံက ဇွဲကပင်တောင်ဖြစ်ပြိး ဘားအံမြို့ကန်သာယာတံတားကနေရိုက်
ကူးထားတာပါ။

သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)

RangonNewsDaily:: Aug 16, 2013
ကရင်ပြည်နယ်ရဲ့အသဲနှစ်လုံးဖြစ်တ
ဲ့ ဇွဲကပင်တောင်ကိုဒီနှစ်ကုန်ပိုင်းမှာ ကောင်းကင်ရထားတပ်ဆင်ပြီး ပြေး
ဆွဲတော့မှာဖြစ်တဲ့အတွက်သဘာဝတောတောင်ရေမြေတွေဆုံးရှုံးပျက်စီးသွားမှာကို ဒေသခံတွေစိုးရိမ်နေကြ
ပါတယ်။ မလေးရှားနိုင်ငံက ကုမ္ပဏီတခုရဲ့အကူအညီတွေနဲ့ မကြာခင်မှာတပ်ဆင်တော့မှာဖြစ် တယ်လို့ ဆံတော်
ရှင်ဇွဲကပင်တောင်ဆရာတော်@အရှင်က၀ိဓဇ က အတည်ပြုမိန့်ကြားခဲ့ပါတယ်။

ဇွဲကပင်တောင်ကို သာမန်သူတွေအနေနဲ့ သက်တောင့်သက်သာတက်မယ်ဆိုရင် အချိန် ၂ နာရီလောက်ဘဲ
ရှိမှာပါလို့မြို့ခံတဦးကပြောပါတယ်။

သဘာဝတောတောင်ရေမြေတွေနဲ့တည်ရှိနေတဲ့ ဇွဲကပင်တောင်ကို မွန်ပြည်နယ်ကျိုက်ထိုမြို့က ကျိုက်ထီးရိုး
တောင်လို တောင်တက်တောင်ဆင်းကားလမ်းတွေဖောက်လုပ်ခဲ့ပြီးရင်ပြင်တော်ပေါ်မှာလည်း@ ဟော်တယ်
တွေမိုတယ်တွေဈေးတွေ အများအပြားတည်ဆောက်ခဲ့ကြတဲ့အတွက် သဘာဝတောင်တောင်ရေမြေတွေ ပျက်စီးဆုံးရှုံးခဲ့ရသလိုမျိုးဖြစ်သွားမှာကို ဒေသခံတွေမလိုလားကြပါဘူး။

ရိုးသားတဲ့အဆင်းတွေနဲ့တည်ရှိနေတဲ့ ဇွဲကပင်တောင်ရဲ့အလှ အရောင်ဆိုးခံရမှာကို@ ဒေသခံတွေစိုးရိမ်
နေကြပေမဲ့ သူတို့မှာဟန့်တားနိုင်တဲ့ အနေအထားမရှိဘူးလို့ ၀မ်းနည်းစွာရင်ဖွင့်ကြပါတယ်။

သူတို့ပြောဆိုကြတဲ့အထဲမှာ ဇွဲကပင်တောင်ရဲ့ သဘာဝအလှတရား မပျက်မယွင်းရအောင် ကူညီပေးမဲ့ကယ်
တင်ရှင်တွေပေါ်လာ@မယ်ဆိုရင်တော့ သိတ်ကောင်းမှာဘဲ ဆိုတဲ့အ ချက်ပါဘဲ။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားလိုတနှစ်ပတ်လုံးဘုရားဖူတွေမရှိတဲ့ဆံတော်ရှင်ဇွဲကပင်တောင်ဘုရားပွဲတော်
ရက်ကတော့တပေါင်းလပြည့်နေ့မှာဖြစ်ပြီးအရှေ့ဘက်တောင်ခြေမှာရှိတဲ့ခလောက်နို့ရွာနဲ့အနောက်ဘက်
တောင်ခြေမှာရှိတဲ့တော်ပုံရွာမှာ နှစ်စဉ်ပွဲတော်ကျင်းပကြတာပါ။

အခုတင်ထားတဲ့ပုံက ဇွဲကပင်တောင်ဖြစ်ပြိး ဘားအံမြို့ကန်သာယာတံတားကနေရိုက်ကူးထားတာပါ။

သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင
့်(မီဒီယာ)
RangonNewsDaily
kolatt (Pabedan): 16.8.2013

0 comments:

Post a Comment