Pages

Friday, August 16, 2013

"မြန်မာနဲ့ထိုင်းကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြဌာန်းဖို့ ညှိနှိုင်း"

မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်းဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရောမရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ အတွင်း ၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ထိုင်း မြန်မာ သံတမန်ဆက်ဆံရေး (၆၅) နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ကိုတင်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နဲ့ ဒုဝန်ကြီးချုပ် တာဝန် ပူးတွဲဆောင်ရွက်နေတဲ့ ဆူရာပေါင် က နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်အတွက် တခြားဌာနတွေနဲ့ အသေးစိတ်ဆွေးနွေးဖို့ လို ကြောင်း၊ ယခုအခါ ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံကနေ တရားမ၀င်ခိုးဝင်လာသူတွေကိစ္စ အတွက် စိုးရိမ်ပူပန်နေရကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံက(၆)လအထိ လက်ခံထိန်းသိမ်းထားမယ် ဆိုပေမယ့် ယခုအခါ သတ်မှတ်ကာလ ကျော်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံသား စိစစ်ရေး ကိစ္စတွေ အမြန်ဆောင်ရွက်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က ထိုင်းထိန်းသိမ်းရေးစခန်း နှစ်ခုမှာရှိတဲ့ ရိုဟင်ဂျာတွေထဲမှာ မြန်မာနိုင်ငံကလာသူ (၁၀) ရာနှုန်းပဲရှိပြီး၊ ကျန်တာတွေက ဘင်္ဂလားဒေ့ရှ်က လာသူတွေဖြစ်တယ်၊ သူတို့]ဟာ မြန်မာစကားလည်းမတတ်၊ မြန်မာပြည် ဘယ်နေရာကလာတယ်ဆိုတဲ့ အထောက်အထားလည်း မရှိကြဘူးလို့ ပြောပါတယ်၊
ထိုင်းအနေနဲ့ကတော့ ရိုဟင်ဂျာတွေကို ဆက်လက် လက်ခံထားမှာမဟုတ်တော့ဘဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ တို့နဲ့ ညှိနှုင်းပြီး၊ ဆိုင်ရာ နိုင်ငံတွေက ပြန်လက်ခံမလား၊ တတိယနိုင်ငံတွေက လက်ခံမလား ဆွေးနွေးမှာဖြစ်ပြီး၊ အစ္စလမ်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုလည်း ဘယ်လို ကူညီနိုင်မလဲ မေးမြန်းမယ်လို့ ဆူရာပေါင် ကပြောပါတယ်။

အေးချမ်းမွန် Credit To >RFA Burmese  < Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia

RangonNewsDaily:: Aug 16, 2013

မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် သတ်မှတ်ပြဌာန်းဖို့ မြန်မာဘက်က တင်ပြခဲ့တဲ့အပေါ် ထိုင်းဘက်က အားတက်သရောမရှိဘဲဖြစ်နေတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ ဟွာဟင်းမြို့က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲ အတွင်း ၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာနမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ ထိုင်း မြန်မာ သံတမန်ဆက်ဆံရေး (၆၅) နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားမှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က နှစ်နိုင်ငံကြား ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့် ကိုတင်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်ထိုင်းနိုင်ငံခြားရေး ၀န်ကြီး နဲ့ ဒုဝန်ကြီးချုပ် တာဝန် ပူးတွဲဆောင်ရွက်နေတဲ့ ဆူရာပေါင် က နှစ်နိုင်ငံ ဗီဇာ ကင်းလွတ်ခွင့်အတွက် တခြားဌာနတွေနဲ့ အသေးစိတ်ဆွေးနွေးဖို့ လို ကြောင်း၊ ယခုအခါ ထိုင်းအစိုးရ အနေနဲ့ မြန်မာနိုင်ငံကနေ တရားမ၀င်ခိုးဝင်လာသူတွေကိစ္စ အတွက် စိုးရိမ်ပူပန်နေရကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာတွေကို ထိုင်းနိုင်ငံက(၆)လအထိ လက်ခံထိန်းသိမ်းထားမယ် ဆိုပေမယ့် ယခုအခါ သတ်မှတ်ကာလ ကျော်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံသား စိစစ်ရေး ကိစ္စတွေ အမြန်ဆောင်ရွက်ဖို့ တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏ မောင်လွင်က ထိုင်းထိန်းသိမ်းရေးစခန်း နှစ်ခုမှာရှိတဲ့ ရိုဟင်ဂျာတွေထဲမှာ မြန်မာနိုင်ငံကလာသူ (၁၀) ရာနှုန်းပဲရှိပြီး၊ ကျန်တာတွေက ဘင်္ဂလားဒေ့ရှ်က လာသူတွေဖြစ်တယ်၊ သူတို့]ဟာ မြန်မာစကားလည်းမတတ်၊ မြန်မာပြည် ဘယ်နေရာကလာတယ်ဆိုတဲ့ အထောက်အထားလည်း မရှိကြဘူးလို့ ပြောပါတယ်၊

ထိုင်းအနေနဲ့ကတော့ ရိုဟင်ဂျာတွေကို ဆက်လက် လက်ခံထားမှာမဟုတ်တော့ဘဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂ တို့နဲ့ ညှိနှုင်းပြီး၊ ဆိုင်ရာ နိုင်ငံတွေက ပြန်လက်ခံမလား၊ တတိယနိုင်ငံတွေက လက်ခံမလား ဆွေးနွေးမှာဖြစ်ပြီး၊ အစ္စလမ်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုလည်း ဘယ်လို ကူညီနိုင်မလဲ မေးမြန်းမယ်လို့ ဆူရာပေါင် ကပြောပါတယ်။

RFA Burmese , RangonNewsDaily
kolatt (Pabedan): 16.8.2013

0 comments:

Post a Comment