Pages

Friday, August 16, 2013

တစ်လကျော်ကြာဆေးကုသခံနေသည့် ဆိုတေး ခေါင်းငြိမ့်ခေါင်းခါဖြင့်သာ ပြန်လည်ဖြေနေရဆဲဖြစ်

RangonNewsDaily:: Aug 16, 2013

ယာဉ်မတော်မဆမှုဖြင့် မန္တလေးဆေးရုံတွင် ဆေးကုသမှုခံယူနေသည်မှာ အဆိုတော်ဆိုတေးမှာ ယခု အခါတွင် တစ်လကျော် ကြာမြင့်နေပြီဖြစ်သော်လည်း စကားပြန်လည်ပြောဆိုနိုင်ခြင်းမရှိသေးဘဲ@ မိသားစုဝင်များ၏ မေးမြန်း ချက် အချို့ကို ခေါင်းငြိမ့်ခေါင်းခါအမူအရာဖြင့် ပြန်လည်ဖြေကြားလျက်ရှိကြောင်း ဆိုတေး၏ အဒေါ်ဖြစ်သူ ဒေါ်ချိုချို က မဇ္ဈိမသို့ ပြောကြားလိုက်သည်။ “ကျန်းမာရေးအခြေအနေက တော်တော်လေးတော့ တိုးတက်လာပါပြီ။ အရင်ကဆို မျက်လုံးတွေရောင်နေတာ။ @အခုတော့ အရောင်ကျသွားပါပြီ။ ဖွင့်တော့ မဖွင့်သေးပါဘူး။ အသိတော့ ၀င်နေပါပြီ။ ပြန်ပြောဆိုတာ မလုပ်နိုင်
ပေမယ့် မိသားစုတွေ ဘယ်သူ၊ ဘယ်ဝါဆိုတာကို ခေါင်းအမူအရာနဲ့ ပြန်ဖြေပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။

ယင်းသို့ယာဉ်တိုက်မှုကြောင့် ဆိုတေး၏ လုပ်ကိုင်လက်စအလုပ်များ၊ လုပ်ကိုင်ရန် သဘောတူပြီး အလုပ်များနှင့် ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူက “သူ့ရဲ့သီချင်း ဒုတိယအခွေကို အောက်တိုဘာလ ဒါမှမဟုတ် နိုဝင်ဘာလမှာ@ ထွက်ဖို့ စီစဉ်ထားတာ။ အကုန်တော့ ပြီးခါနီးပြီ။ သူ့အလုပ်တွေ လက်ခံထားတာက ဖုန်းထဲက note ထဲမှာပါ။ ဖုန်းကလည်း ပျက်စီးသွားတော့ မရတော့ဘူး။ အလုပ်တွေ လက်ခံထားတာ သူ့ ဟာသူပဲ သိမှာပါ”ဟု ဆိုသည်။

ဆိုတေးအား ယခင်ကဘန်ကောက်သို့ခေါ်ဆောင်ကာ ဆေးကုသရန် ကြံရွယ်ခဲ့သော်လည်း မန္တလေးမှ ဆရာဝန်ကြီးများ၏ @အထူးကြပ်မတ်ကုသမှုကြောင့် ၎င်းဆေးရုံတွင်သာ ဆက်လက်ကုသခံယူလျက် ရှိသည်။

ဘုန်းနေလ (ဒဂုံတက္ကသိုလ်)
Mizzima News , RangonNewsDaily
kolatt (Pabedan): 16.8.2013

0 comments:

Post a Comment