Pages

Friday, August 16, 2013

စီးပွားကူးသန်းဝန်ထမ်း၏ ၁၂၅ သိန်းတန် ရတနာများအခိုးခံရ

RangonNewsDaily:: Aug 16, 2013

စီးပွားကူးသန်းဝန်ကြီးဌာနမှ ၀န်ထမ်းတစ်ဦး၏ ကျပ် ၁၂၅ သိန်းတန်ဖိုးရှိ ရတနာပစ္စည်းများ ခိုးယူခံရမှုတစ်ခု ကမာရွတ်ရဲစခန်းတွင် သြဂုတ် ၁၄ ရက်က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက @မှုခင်းသတင်း ထုတ်ပြန်သည်။ ပစ္စည်းများ ပျောက်ဆုံးသွားသည်မှာ စီးပွားကူးသန်းဌာနတွင် စာရေးရာထူးဖြင့် တာဝန်ထမ်းဆောင်နေသော အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ်ဦဖြစ်ပြီး သူမနေထိုင်ရာ ကမာရွတ်မြို့နယ်၊ ၃ ရပ်ကွက်ရှိ အိမ်မှပစ္စည်းများ ကို ခိုးယူခံရခြင်းဖြစ်သည်ဟု သိရသည်။

သူမသည် သြဂုတ် ၁၄ ရက် ညနေ၅ နာရီအချိန်တွင် @အိမ်ပြန်ရောက်ရာ အိပ်ခန်းအတွင်းရှိ ဗီရိုအံဆွဲများ ပွင့်နေသည် ကို စတင်တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် အ၀တ်ဗီရိုအတွင်းတွင် သူမသိမ်းဆည်းထားသော ပစ္စည်းများကို စစ်ဆေးကြည့်ရာ တန်ဖိုးအားဖြင့် ကျပ်သိန်း ၁၁၀ ခန့်ရှိသော @စိန်၊ ရွှေ၊ ရတနာ လက်ဝတ်ပစ္စည်း ၁၈ မျိုးနှင့် ငွေသား ၁၅ သိန်းခန့် ခိုးယူခံ ခဲ့ရသည်ကို စစ်ဆေးတွေ့ရှိရသည်ဟု ရဲဌာန၏ မှတ်တမ်းတွင်တွေ့ရသည်။

ယခုအမှုကို ကမာရွတ်ရဲစခန်းက အမှုအမှတ် (ပ)၃၆၃/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး သံသယရှိသူကို ဖမ်းမိပါက ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၀ဖြင့် တရားစွဲထားရန် စီစဉ်ထားသည်ဟု ရဲဌာနက ထုတ်ပြန်သည်။

ဇော်ဇော်ထွေး
Mizzima News::: , RangonNewsDaily
kolatt (Pabedan): 16.8.2013

0 comments:

Post a Comment