Pages

Friday, August 16, 2013

ပုစွန်တုပ်ဈေးကောင်း၍ ပုစွန်ကန်များကို နေ့စဉ်ဝင်ရောက်လုယက်

Photo: ပုစွန်တုပ်ဈေးကောင်း၍ ပုစွန်ကန်များကို နေ့စဉ်ဝင်ရောက်လုယက်
Friday, August 16, 2013

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ်ဒိုင်နယ် အရှေ့ဖျား ကျေးရွာတွင် ပုစွန်ကြား တစ်ပိဿာ ၇၀၀၀ မှ ၂၀,၀၀၀ ကျပ်အထိ ဈေးကောင်းရနေ၍ ပုစွန်မွေးမြူရေးကန် ၅၀ ကျော်ကို အုပ်စုဖွဲ့ပြီး နေစဉ်ဝင်ရောက် လုယက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။

အရှေ့ဖျားကျေးရွာရှိ ဒေသခံအချို့က မိုးကာလ ဇူလိုင်လမှ စတင်ကာ ညပိုင်းတွင် အုပ်စုလိုက်ဖြင့် ပုစွန်ကန်များ အတွင်းသို့ ဝင်ရောက်ကာ ပုစွန်များ ဖမ်းဆီးခြင်းကြောင့် ကန်ရှိအလုပ်သမားများနှင့် ခိုက်ရန် အကြိမ်ကြိမ် ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧကပိုင်ရှင် ဦးသံချောင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပုစွန်ကန်တွင်း နေ့စဉ်အုပ်စုလိုက် ပုစွန်ဖမ်းဆီးခြင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အမာမြို့နယ်ခွဲ ရဲစခန်းသို့ နေ့စဉ်တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ပုစွန်ကန် အလုပ်သမားများ စိုးရွံ့ ကြောက်လန့်မှုများဖြင့် လုပ်ကိုင်နေရကြောင်း ၎င်းကရှင်းပြသည်။

“ည ၈ နာရီလောက်ဆို ကန်ထဲကို အယောက် ၃၀ လောက်စုပြီး ပုစွန်လာဖမ်းတာ။ ပြန်ရင်ဆာလာအိတ်နဲ့ ပုစွန်တွေ သယ်သွားတာ။ သူတို့က အုပ်စုတောင့်တဲ့အပြင် ဓားတွေပါ ယူလာတော့ ကန်အလုပ်သမားတွေက ကြောက်တာပေါ့” ဟု ပုစွန်ကန် ၁၃၅ ဧကပိုင်ရှင် ဦးအောင်မျိုးလွင်က ပြောကြားသည်။

သြဂုတ်လ ၉ ရက်နေ့က ပုစွန်ကန်တစ်ခုတွင် အလုပ်သမားက အရှေ့ဖျားကျေးရွာမှ ပုစွန်လာရောက် ခိုးယူသူကို တားမြစ်ရာက ဓားခုတ်ခံရပြီး ကျန်အလုပ်သမားများဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ရဲကင်းသို့ ပို့ဆောင်ခဲ့သော်လည်း အရေးယူခြင်းမရှိဘဲ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧက ပိုင်ဆိုင်သည့် ဦးသံချောင်းက ရှင်းပြသည်။

“ဒီလိုလုယက်မှုတွေ မကြာခဏ ဖြစ်နေပေမယ့် သက်ဆိုင်ရာက ထိရောက်အောင် အရေးမယူတော့ ပုစွန်ဝင်ခိုးဖမ်းတဲ့သူတွေက ပိုအတင့်ရဲလာတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ နေ့စဉ်ပုစွန်ကန်များတွင် ခိုးယူမှု ဖြစ်ပွားခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကျေးရွာနေထိုင်သူများ တွေ့ဆုံကာ ပညာပေး ပြောကြားခဲ့ပြီး ယင်းပုစွန်ကန်တွင်းမှ ကဏန်းနှင့် ငါးများကို ဖမ်းယူရန် လွန်ခဲ့သော၂၀၁၀ ပြည့်နှစ်ခန့်က စတင် ခွင့်ပြုခဲ့သော်လည်း ငါးဖမ်းသူများက ပုစွန်များကိုပါ ဖမ်းယူကြောင်း အဆိုပါပုစွန်ကန်များ၏ အင်းသူကြီး ဦးဇော်နေဦးက ပြောကြားသည်။

အရှေ့ဖျားကျေးရွာတွင် နေထိုင်သူ အများစုသည် ရေလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး မိုးရာသီတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ရာသီဥတု အခြေအနေကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိသကဲ့သို့ ရွာနီးစပ် ချောင်းမြောင်းများတွင် လုပ်ငန်းရှင်များကို လေလံစနစ်များဖြင့် လုပ်ကိုင်ခွင့် ချထားပေးခြင်းကြောင့် သားငါးဖမ်းဆီး ရှာဖွေစားသောက်ရန် ခက်ခဲကြောင်း၊ အဆိုပါ ပုစွန်ကန်များသည် ရွာနှင့်နီးကပ်စွာ ရှိနေပြီး လုပ်ငန်းရှင်များက ပုစွန်ကန်တွင် ဝင်ရောက် လုပ်ကိုင်ခွင့် မပြုသဖြင့် နှစ်စဉ် မိုးကာလတွင် ကျေးရွာနေထိုင်သူများနှင့် ကန်အလုပ်သမားများအကြား မကြာခဏ ခိုက်ရန် ဖြစ်ပွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယုလွင်က ရှင်းပြသည်။

“ရန်မဖြစ်ရအောင် ရွာထဲမှာ အသံချဲ့စက်နဲ့ ကန်တွေဘက်မသွားဖို့ သတိပေး နှိုးဆော်ပေမယ့် ရှာစားစရာ နေရာမရှိတော့ ကန်တွေဆီပဲ လူအုပ်ဖွဲ့ပြီး ငါးသွားရှာနေကြတာ။ ခိုက်ရန် ဖြစ်ပွားတိုင်း အုပ်ချုပ်သူတွေက အရေးမယူပေးဘူး ဆိုတာက ရဲလုပ်ရမယ့် တာဝန်ပါ။ ဖြစ်တိုင်း ရဲစခန်းကို သတင်းပို့ပါတယ်” ဟု ၎င်းကပြောသည်။

ပုစွန်ကန်များ အတွင်းသို့ မကြာခဏ ခိုက်ရန် ဖြစ်ပွားခြင်း၊ လုယက်မှု ဖြစ်ပွားခြင်းအပေါ် ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ရဲစခန်းသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုမေးမြန်းသော်လည်း စခန်းမှူး မရှိသဖြင့် ပြန်လည် ဖြေကြားပိုင်ခွင့် မရှိကြောင်း အဆိုပါရဲစခန်းထံမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည် ဖြေကြားသည်။

၁၉၉၉ ခုနှစ်တွင် အဆိုပါဧက ၄၀၀၀ ခန့်ရှိသော မြေများကို အစိုးရ၏ စီမံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ရေငန်ငါးပုစွန် မွေးမြူရေးဌာနက ဦးစီးကာ သစ်ပင်များ စိုက်ပျိုးရန် သဘောတူညီချက်ဖြင့် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် စီမံချက်ပျက်ကာ ပုစွန်မွေးမြူရေးကန်များ ဖျက်သိမ်းရန် နှစ်ကြိမ်တိုင် တောင်းဆိုခဲ့သော်လည်း ကန်ပိုင်ရှင်များဘက်မှ ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ၂၀၁၁ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ထံ တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်က ဆက်လက် လုပ်ခွင့်ရရန် ကြိုးစားမည်ဟု နှုတ် ကတိပေးထားကြောင်း အဆိုပါကန်ပိုင်ရှင်များက ပြောကြားသည်။

The Voice Weekly

RangonNewsDaily:: Aug 16, 2013

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ်ဒိုင်နယ် အရှေ့ဖျား ကျေးရွာတွင် ပုစွန်ကြား တစ်ပိဿာ ၇၀၀၀ မှ ၂၀,၀၀၀ ကျပ်အထိ ဈေးကောင်းရနေ၍ ပုစွန်မွေးမြူရေးကန် ၅၀ ကျော်ကို အုပ်စုဖွဲ့ပြီး နေစဉ်ဝင်ရောက် လုယက်မှုများ ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေး လုပ်ငန်းရှင်အချို့က ပြောကြားသည်။ အရှေ့ဖျားကျေးရွာရှိ ဒေသခံအချို့က မိုးကာလ ဇူလိုင်လမှ စတင်ကာ ညပိုင်းတွင် အုပ်စုလိုက်ဖြင့် ပုစွန်ကန်များ အတွင်းသို့ ဝင်ရောက်ကာ ပုစွန်များ ဖမ်းဆီးခြင်းကြောင့် ကန်ရှိအလုပ်သမားများနှင့် ခိုက်ရန် အကြိမ်ကြိမ် ဖြစ်ပွားလျက် ရှိကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧကပိုင်ရှင် ဦးသံချောင်းက The Voice သို့ ပြောကြားသည်။

အဆိုပါ ပုစွန်ကန်တွင်း နေ့စဉ်အုပ်စုလိုက် ပုစွန်ဖမ်းဆီးခြင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အမာမြို့နယ်ခွဲ ရဲစခန်းသို့ နေ့စဉ်တိုင်ကြားသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိသောကြောင့် ပုစွန်ကန် အလုပ်သမားများ စိုးရွံ့ ကြောက်လန့်မှုများဖြင့် လုပ်ကိုင်နေရကြောင်း ၎င်းကရှင်းပြသည်။

“ည ၈ နာရီလောက်ဆို ကန်ထဲကို အယောက် ၃၀ လောက်စုပြီး ပုစွန်လာဖမ်းတာ။ ပြန်ရင်ဆာလာအိတ်နဲ့ ပုစွန်တွေ သယ်သွားတာ။ သူတို့က အုပ်စုတောင့်တဲ့အပြင် ဓားတွေပါ ယူလာတော့ ကန်အလုပ်သမားတွေက ကြောက်တာပေါ့” ဟု ပုစွန်ကန် ၁၃၅ ဧကပိုင်ရှင် ဦးအောင်မျိုးလွင်က ပြောကြားသည်။

သြဂုတ်လ ၉ ရက်နေ့က ပုစွန်ကန်တစ်ခုတွင် အလုပ်သမားက အရှေ့ဖျားကျေးရွာမှ ပုစွန်လာရောက် ခိုးယူသူကို တားမြစ်ရာက ဓားခုတ်ခံရပြီး ကျန်အလုပ်သမားများဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ရဲကင်းသို့ ပို့ဆောင်ခဲ့သော်လည်း အရေးယူခြင်းမရှိဘဲ ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ပုစွန်မွေးမြူရေးကန် ၁၈၅ ဧက ပိုင်ဆိုင်သည့် ဦးသံချောင်းက ရှင်းပြသည်။

“ဒီလိုလုယက်မှုတွေ မကြာခဏ ဖြစ်နေပေမယ့် သက်ဆိုင်ရာက ထိရောက်အောင် အရေးမယူတော့ ပုစွန်ဝင်ခိုးဖမ်းတဲ့သူတွေက ပိုအတင့်ရဲလာတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ နေ့စဉ်ပုစွန်ကန်များတွင် ခိုးယူမှု ဖြစ်ပွားခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကျေးရွာနေထိုင်သူများ တွေ့ဆုံကာ ပညာပေး ပြောကြားခဲ့ပြီး ယင်းပုစွန်ကန်တွင်းမှ ကဏန်းနှင့် ငါးများကို ဖမ်းယူရန် လွန်ခဲ့သော၂၀၁၀ ပြည့်နှစ်ခန့်က စတင် ခွင့်ပြုခဲ့သော်လည်း ငါးဖမ်းသူများက ပုစွန်များကိုပါ ဖမ်းယူကြောင်း အဆိုပါပုစွန်ကန်များ၏ အင်းသူကြီး ဦးဇော်နေဦးက ပြောကြားသည်။

အရှေ့ဖျားကျေးရွာတွင် နေထိုင်သူ အများစုသည် ရေလုပ်ငန်းကိုသာ လုပ်ကိုင်ပြီး မိုးရာသီတွင် ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း ဆောင်ရွက်ရန် ရာသီဥတု အခြေအနေကြောင့် ဖမ်းဆီးနိုင်ခြင်း မရှိသကဲ့သို့ ရွာနီးစပ် ချောင်းမြောင်းများတွင် လုပ်ငန်းရှင်များကို လေလံစနစ်များဖြင့် လုပ်ကိုင်ခွင့် ချထားပေးခြင်းကြောင့် သားငါးဖမ်းဆီး ရှာဖွေစားသောက်ရန် ခက်ခဲကြောင်း၊ အဆိုပါ ပုစွန်ကန်များသည် ရွာနှင့်နီးကပ်စွာ ရှိနေပြီး လုပ်ငန်းရှင်များက ပုစွန်ကန်တွင် ဝင်ရောက် လုပ်ကိုင်ခွင့် မပြုသဖြင့် နှစ်စဉ် မိုးကာလတွင် ကျေးရွာနေထိုင်သူများနှင့် ကန်အလုပ်သမားများအကြား မကြာခဏ ခိုက်ရန် ဖြစ်ပွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးယုလွင်က ရှင်းပြသည်။

“ရန်မဖြစ်ရအောင် ရွာထဲမှာ အသံချဲ့စက်နဲ့ ကန်တွေဘက်မသွားဖို့ သတိပေး နှိုးဆော်ပေမယ့် ရှာစားစရာ နေရာမရှိတော့ ကန်တွေဆီပဲ လူအုပ်ဖွဲ့ပြီး ငါးသွားရှာနေကြတာ။ ခိုက်ရန် ဖြစ်ပွားတိုင်း အုပ်ချုပ်သူတွေက အရေးမယူပေးဘူး ဆိုတာက ရဲလုပ်ရမယ့် တာဝန်ပါ။ ဖြစ်တိုင်း ရဲစခန်းကို သတင်းပို့ပါတယ်” ဟု ၎င်းကပြောသည်။

ပုစွန်ကန်များ အတွင်းသို့ မကြာခဏ ခိုက်ရန် ဖြစ်ပွားခြင်း၊ လုယက်မှု ဖြစ်ပွားခြင်းအပေါ် ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ရဲစခန်းသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုမေးမြန်းသော်လည်း စခန်းမှူး မရှိသဖြင့် ပြန်လည် ဖြေကြားပိုင်ခွင့် မရှိကြောင်း အဆိုပါရဲစခန်းထံမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည် ဖြေကြားသည်။

၁၉၉၉ ခုနှစ်တွင် အဆိုပါဧက ၄၀၀၀ ခန့်ရှိသော မြေများကို အစိုးရ၏ စီမံချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ရေငန်ငါးပုစွန် မွေးမြူရေးဌာနက ဦးစီးကာ သစ်ပင်များ စိုက်ပျိုးရန် သဘောတူညီချက်ဖြင့် ရေငန်ပုစွန် မွေးမြူရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် စီမံချက်ပျက်ကာ ပုစွန်မွေးမြူရေးကန်များ ဖျက်သိမ်းရန် နှစ်ကြိမ်တိုင် တောင်းဆိုခဲ့သော်လည်း ကန်ပိုင်ရှင်များဘက်မှ ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် ၂၀၁၁ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်ထံ တောင်းဆိုခဲ့ပြီး ဝန်ကြီးချုပ်က ဆက်လက် လုပ်ခွင့်ရရန် ကြိုးစားမည်ဟု နှုတ် ကတိပေးထားကြောင်း အဆိုပါကန်ပိုင်ရှင်များက ပြောကြားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 16.8.2013

0 comments:

Post a Comment