Pages

Friday, August 16, 2013

နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

(အမိန့်အမှတ်၊ ၃၆ / ၂၀၁၃)

၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်)

နေပြည်တော်ကောင်စီ ကောင်စီဝင်အဖြစ် ပြောင်းလဲတာဝန်ပေးခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၅ ၊ ပုဒ်မခွဲ(က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မခွဲငယ်(၂)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၂ နှင့် နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၄ တို့ပါ ပြဋ္ဌာန်းချက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးတင်ငွေအား နေပြည်တော်ကောင်စီ ကောင်စီဝင် အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်သည်။

(ပုံ)သိန်းစိန် နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Source::http://www.president-office.gov.mm/briefing-room/news/2013/08/16/id-4074

0 comments:

Post a Comment